ဒုံးကျည်ပြတ်လပ်မှုတွေနဲ့ပတ်သက်ပြီး အနောက်အုပ်စုကို ယူကရိန်းသမ္မတ ဝေဖန်ပြစ်တင်

 225

Pika (NP News) - ဖေဖော်ဝါရီ ၁

ယူကရိန်းကို အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေရဲ့စစ်ဘက်ဆိုင်ရာပစ္စည်းပေးပို့မှုတွေ ပြတ်လပ်တာနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတဇီလန်စကီးက ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အနောက်အုပ်စုရဲ့ပေးပို့မှုတွေ ပြတ်လပ်မှုကြောင့် မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ရုရှားရဲ့တိုက်ခိုက်မှုတွေ အတွင်း ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေမှာ ဒုံးကျည်ပြတ်လပ်မှုတွေရှိခဲ့တယ်လို့လည်း ဇီလန်စကီး က ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးနဲ့ ဥရောပခေါင်းဆောင်တွေကြားမှာ ပြင်းထန်တဲ့အချေအတင်ဆွေးနွေးမှုတွေ ဆက်တိုက်ရှိခဲ့ပြီးနောက် ဇီလန်စကီးရဲ့ယခုလိုမကျေနပ်ချက်‌တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ပက်ထရီယော့နဲ့ NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ရုရှားရဲ့မကြာသေးခင်က တိုက်ခိုက်မှုတွေကို ကောင်းကောင်းမွန်မွန် မတုံ့ပြန်နိုင်ခဲ့ဘူးလို့ ဇီလန်စကီးက ပြောဆိုခဲ့ပြီး အနောက်အုပ်စုရဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့ဘဏ္ဍာရေးဆိုင်ရာ မအောင်မြင်မှုအဖြစ် ပုံဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက “ကာကွယ်ရေးပိုင်းအတွက် ဒုံးကျည်တွေ မရှိတာကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အသုံးမဝင်ဖြစ်နေပါတယ်။ နောက်ထပ်ပေးပို့မှုတွေ လုပ်ဆောင်ဖို့အတွက် အနောက်အုပ်စုကို ကျွန်တော်ဆက်ပြီး တွန်းအားပေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဒုံးက်ည္ျပတ္လပ္မႈေတြနဲ႔ပတ္သက္ၿပီး အေနာက္အုပ္စုကို ယူကရိန္းသမၼတ ေဝဖန္ျပစ္တင္
Pika (NP News) - ေဖေဖာ္ဝါရီ ၁
ယူကရိန္းကို အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြရဲ႕စစ္ဘက္ဆိုင္ရာပစၥည္းေပးပို႔မႈေတြ ျပတ္လပ္တာနဲ႔ ပတ္သက္ၿပီး ယူကရိန္းသမၼတဇီလန္စကီးက ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အေနာက္အုပ္စုရဲ႕ေပးပို႔မႈေတြ ျပတ္လပ္မႈေၾကာင့္ မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့႐ုရွားရဲ႕တိုက္ခိုက္မႈေတြ အတြင္း ယူကရိန္းရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြမွာ ဒုံးက်ည္ျပတ္လပ္မႈေတြရွိခဲ့တယ္လို႔လည္း ဇီလန္စကီး က ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးနဲ႔ ဥေရာပေခါင္းေဆာင္ေတြၾကားမွာ ျပင္းထန္တဲ့အေခ်အတင္ေဆြးေႏြးမႈေတြ ဆက္တိုက္ရွိခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕ယခုလိုမေက်နပ္ခ်က္‌ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ပက္ထရီေယာ့နဲ႔ NASAMS ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက ႐ုရွားရဲ႕မၾကာေသးခင္က တိုက္ခိုက္မႈေတြကို ေကာင္းေကာင္းမြန္မြန္ မတုံ႔ျပန္ႏိုင္ခဲ့ဘူးလို႔ ဇီလန္စကီးက ေျပာဆိုခဲ့ၿပီး အေနာက္အုပ္စုရဲ႕ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ဘ႑ာေရးဆိုင္ရာ မေအာင္ျမင္မႈအျဖစ္ ပုံေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက “ကာကြယ္ေရးပိုင္းအတြက္ ဒုံးက်ည္ေတြ မရွိတာေၾကာင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက အသုံးမဝင္ျဖစ္ေနပါတယ္။ ေနာက္ထပ္ေပးပို႔မႈေတြ လုပ္ေဆာင္ဖို႔အတြက္ အေနာက္အုပ္စုကို ကြၽန္ေတာ္ဆက္ၿပီး တြန္းအားေပးေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.