အီရန်နဲ့အမေရိကန်ကြားပြဿနာတွေက ယူကရိန်းဆွေးနွေးပွဲတွေအပေါ် သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဝေဖန်

203

Pika (NP News) - ဖေဖော်ဝါရီ ၁
စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့ယူကရိန်းကြား အမေရိကန်ကြားဝင်စေ့စပ်ပေးထားတဲ့ နောက်ထပ်ဆွေးနွေး ပွဲတွေရဲ့ရက်စွဲ ဒါမှမဟုတ် နေရာက ပြောင်းလဲသွားနိုင်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောကြားခဲ့ပါ တယ်။
နောက်ဆက်တွဲဆွေးနွေးပွဲတွေကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ဖေဖော်ဝါရီလ(၁)ရက်မှာ ကျင်းပဖို့ စီစဉ် ထားပေမယ့်လည်း နောက်လာမယ့်အစည်းအဝေးတွေ ဘယ်အချိန်မှာလုပ်ဖြစ်မလဲဆိုတာကို မသိဘူးလို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ဆွေးနွေးပွဲရဲ့ရလဒ်တွေကို လူတိုင်းက အရမ်းကြီးမျှော်လင့်ထားကြတာမလို့ ဒီအစည်းအဝေးကို သဘောတူညီထားတဲ့လူတွေ အားလုံးတက်ရောက်ဖို့က အရေးကြီးပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အဘူဒါဘီမြို့မှာကျင်းပမယ့် အစည်းအဝေးမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်နဲ့ ဂျဲကူရှနာတို့ပါဝင်လိမ့်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဇီလန်စကီးက “နောက်ဆက်တွဲအစည်းအဝေးတွေရဲ့ ရက်စွဲ ဒါမှမဟုတ် နေရာက ပြောင်းလဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန် နဲ့ အီရန်ကြား အခြေအနေတွေမှာ တစ်စုံတစ်ခုက ဖြစ်ပျက်နေလို့ပဲဖြစ်ပါတယ်။ ဒီကိစ္စတွေက ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် သက်ရောက်မှုတွေရှိလာ နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အီရန္နဲ႔အေမရိကန္ၾကားျပႆနာေတြက ယူကရိန္းေဆြးေႏြးပြဲေတြအေပၚ သက္ေရာက္မႈေတြရွိလာႏိုင္တယ္လို႔ ယူကရိန္းသမၼတ ေဝဖန္
Pika (NP News) - ေဖေဖာ္ဝါရီ ၁
စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔ယူကရိန္းၾကား အေမရိကန္ၾကားဝင္ေစ့စပ္ေပးထားတဲ့ ေနာက္ထပ္ေဆြးေႏြး ပြဲေတြရဲ႕ရက္စြဲ ဒါမွမဟုတ္ ေနရာက ေျပာင္းလဲသြားႏိုင္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ေျပာၾကားခဲ့ပါ တယ္။
ေနာက္ဆက္တြဲေဆြးေႏြးပြဲေတြကို ယူေအအီးႏိုင္ငံ အဘူဒါဘီၿမိဳ႕မွာ ေဖေဖာ္ဝါရီလ(၁)ရက္မွာ က်င္းပဖို႔ စီစဥ္ ထားေပမယ့္လည္း ေနာက္လာမယ့္အစည္းအေဝးေတြ ဘယ္အခ်ိန္မွာလုပ္ျဖစ္မလဲဆိုတာကို မသိဘူးလို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ေဆြးေႏြးပြဲရဲ႕ရလဒ္ေတြကို လူတိုင္းက အရမ္းႀကီးေမွ်ာ္လင့္ထားၾကတာမလို႔ ဒီအစည္းအေဝးကို သေဘာတူညီထားတဲ့လူေတြ အားလုံးတက္ေရာက္ဖို႔က အေရးႀကီးပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အဘူဒါဘီၿမိဳ႕မွာက်င္းပမယ့္ အစည္းအေဝးမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္နဲ႔ ဂ်ဲကူရွနာတို႔ပါဝင္လိမ့္မွာမဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဇီလန္စကီးက “ေနာက္ဆက္တြဲအစည္းအေဝးေတြရဲ႕ ရက္စြဲ ဒါမွမဟုတ္ ေနရာက ေျပာင္းလဲသြားႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အေမရိကန္ နဲ႔ အီရန္ၾကား အေျခအေနေတြမွာ တစ္စုံတစ္ခုက ျဖစ္ပ်က္ေနလို႔ပဲျဖစ္ပါတယ္။ ဒီကိစၥေတြက ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြအေပၚ သက္ေရာက္မႈေတြရွိလာ ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။