စစ်သွေးကြွအဖွဲ့တွေရှိတဲ့နေရာတွေကို ပါကစ္စတန်စစ်တပ် ဝင်ရောက်စီးနင်းမှုကြောင့် အနည်းဆုံး စစ်သွေးကြွ (၄၁)ဦး သေဆုံး

109

Pika (NP News) - ဖေဖော်ဝါရီ ၁
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ စစ်သွေးကြွအဖွဲ့ပုန်းအောင်းရာနေရာနှစ်ခုကို ဝင်ရောက်စီးနင်းမှုတွေလုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး စစ်သွေးကြွ(၄၁)ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပထမအကြိမ် ဝင်ရောက်စီးနင်းမှုအတွင်း ဘလိုချီစတန်ပြည်နယ် Panjgur ခရိုင်မှာရှိတဲ့ စစ်သွေးကြွအဖွဲ့ဝင် (၃၀)ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Harnai ခရိုင်မှာ လုပ်ဆောင်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် စစ်ဆင်ရေးအတွင်းမှာ နောက်ထပ်စစ်သွေးကြွ(၁၁)ဦးကို သတ်ပစ်နိုင်ခဲ့တယ်လို့လည်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဝင်ရောက်စီးနင်းမှု နှစ်ခုစလုံးအတွင်းမှာ ပါကစ္စတန်စစ်တပ်ဘက်က ထိခိုက်/သေဆုံးတာမျိုးတွေ မရှိခဲ့ဘူးလို့ စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဝင်ရောက်စီးနင်းမှုတွေအတွင်း သေဆုံးသွားခဲ့တဲ့ စစ်သွေးကြွ အဖွဲ့ဝင်တွေဟာ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုများစွာနဲ့ ဘဏ်ဓါးပြတိုက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူတွေဖြစ်တယ်လို့လည်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
စစ္ေသြးႂကြအဖြဲ႕ေတြရွိတဲ့ေနရာေတြကို ပါကစၥတန္စစ္တပ္ ဝင္ေရာက္စီးနင္းမႈေၾကာင့္ အနည္းဆုံး စစ္ေသြးႂကြ (၄၁)ဦး ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၁
ပါကစၥတန္လုံၿခဳံေရးတပ္ဖြဲ႕ေတြက ႏိုင္ငံအေနာက္ေတာင္ပိုင္းမွာရွိတဲ့ စစ္ေသြးႂကြအဖြဲ႕ပုန္းေအာင္းရာေနရာႏွစ္ခုကို ဝင္ေရာက္စီးနင္းမႈေတြလုပ္ေဆာင္ခဲ့ၿပီး ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံး စစ္ေသြးႂကြ(၄၁)ဦး ေသဆုံးခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပထမအႀကိမ္ ဝင္ေရာက္စီးနင္းမႈအတြင္း ဘလိုခ်ီစတန္ျပည္နယ္ Panjgur ခ႐ိုင္မွာရွိတဲ့ စစ္ေသြးႂကြအဖြဲ႕ဝင္ (၃၀)ဦး ေသဆုံးခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ Harnai ခ႐ိုင္မွာ လုပ္ေဆာင္ခဲ့တဲ့ ဒုတိယအႀကိမ္ေျမာက္ စစ္ဆင္ေရးအတြင္းမွာ ေနာက္ထပ္စစ္ေသြးႂကြ(၁၁)ဦးကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔လည္း ပါကစၥတန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ဝင္ေရာက္စီးနင္းမႈ ႏွစ္ခုစလုံးအတြင္းမွာ ပါကစၥတန္စစ္တပ္ဘက္က ထိခိုက္/ေသဆုံးတာမ်ိဳးေတြ မရွိခဲ့ဘူးလို႔ စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဝင္ေရာက္စီးနင္းမႈေတြအတြင္း ေသဆုံးသြားခဲ့တဲ့ စစ္ေသြးႂကြ အဖြဲ႕ဝင္ေတြဟာ လုံၿခဳံေရးတပ္ဖြဲ႕ေတြအေပၚ တိုက္ခိုက္မႈမ်ားစြာနဲ႔ ဘဏ္ဓါးျပတိုက္မႈေတြမွာ ပါဝင္ပတ္သက္ခဲ့တဲ့ လူေတြျဖစ္တယ္လို႔လည္း ပါကစၥတန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။