အမေရိကန်နှင့်တင်းမာနေချိန်တွင် အီရန်၏ မြို့ကြီးများတွင် ပေါက်ကွဲမှုများဖြစ်ပွား

 1645

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁

အမေရိကန်နဲ့ တင်းမာမှု မြင့်တက်နေချိန်မှာပဲအီရန်နိုင်ငံအတွင်းထူးခြားသည့်ပေါက်ကွဲမှုကြီးများ ဆက်တိုက်ဆို သလို ဖြစ်ပွားလျက်ရှိရာ ဒေသတွင်း တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာသော ဗီဒီယိုဖိုင်တစ်ခုတွင် Bandar Abbas မြို့ရှိ လူနေတိုက်ခန်းကြီး တစ်ခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါပျက်စီးမှုသည် သာမန်မီးလောင်မှုမျိုးမဟုတ်ဘဲ ပြင်းထန်သောပေါက်ကွဲမှုဒဏ်ကြောင့် အဆောက်အအုံ၏ မျက်နှာစာတစ်ခုလုံး ပွင့်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဆောက်အအုံတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း (Gas Pipes) သွယ်တန်းထားခြင်း မရှိဟု အခိုင်အမာ ဆိုထားကြပြီး၊ ၎င်းသည် Gas ယိုစိမ့်မှုကြောင့် ဖြစ်သော မတော်တဆမှုမဟုတ်ကြောင်း ဒေသခံများက ယုံကြည်နေ ကြသည်။
အပျက်အစီးများကြားရှိ နံရံတစ်ခုတွင် (ရှားဘုရင် အသက်ရာကျော်ရှည်ပါစေ) ဟူသော စာသားကို ရေးသားထား သည်ကို တွေ့ရှိရပြီး၊ လက်ရှိအစိုးရကို ဆန့်ကျင်သူများ (သို့) ပြည်ပထောက်လှမ်းရေးအဖွဲ့အစည်းများ၏ လက်ချက်ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
ထိုအပြင် ပေါက်ကွဲသည် မြို့တစ်မြို့တည်းတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲအီရန်နိုင်ငံ၏ အဓိက အချက်အချာ ကျသော မြို့ကြီးများဖြစ်သည့် တီဟီရန်၊ ကရာ့ဂ်ျlအာဗာ့ဇ်၊ ဘန်ဒါအာဘတ်စ်၊ တက်ဘရစ်ဇ် စသည့် မြို့ကြီး (၅) မြို့ထက်မနည်းတွင် ပေါက်ကွဲမှု (၈) ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အဆိုပါ ပေါက်ကွဲမှုများသည် ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း ဟုတ်၊ မဟုတ် နှင့် အသေအပျောက်စာရင်းအတိအကျကို အီရန်အာဏာပိုင်များဘက်မှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ႏွင့္တင္းမာေနခ်ိန္တြင္ အီရန္၏ ၿမိဳ႕ႀကီးမ်ားတြင္ ေပါက္ကြဲမႈမ်ားျဖစ္ပြား
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁

အေမရိကန္နဲ႔ တင္းမာမႈ ျမင့္တက္ေနခ်ိန္မွာပဲအီရန္ႏိုင္ငံအတြင္းထူးျခားသည့္ေပါက္ကြဲမႈႀကီးမ်ား ဆက္တိုက္ဆို သလို ျဖစ္ပြားလ်က္ရွိရာ ေဒသတြင္း တင္းမာမႈမ်ား အျမင့္ဆုံးသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လာေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ Bandar Abbas ၿမိဳ႕ရွိ လူေနတိုက္ခန္းႀကီး တစ္ခုလုံးနီးပါး ၿပိဳက်ပ်က္စီးခဲ့ေၾကာင္း သိရသည္။ အဆိုပါပ်က္စီးမႈသည္ သာမန္မီးေလာင္မႈမ်ိဳးမဟုတ္ဘဲ ျပင္းထန္ေသာေပါက္ကြဲမႈဒဏ္ေၾကာင့္ အေဆာက္အအုံ၏ မ်က္ႏွာစာတစ္ခုလုံး ပြင့္ထြက္သြားခဲ့ျခင္း ျဖစ္သည္။
အဆိုပါအေဆာက္အအုံတြင္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း (Gas Pipes) သြယ္တန္းထားျခင္း မရွိဟု အခိုင္အမာ ဆိုထားၾကၿပီး၊ ၎သည္ Gas ယိုစိမ့္မႈေၾကာင့္ ျဖစ္ေသာ မေတာ္တဆမႈမဟုတ္ေၾကာင္း ေဒသခံမ်ားက ယုံၾကည္ေန ၾကသည္။
အပ်က္အစီးမ်ားၾကားရွိ နံရံတစ္ခုတြင္ (ရွားဘုရင္ အသက္ရာေက်ာ္ရွည္ပါေစ) ဟူေသာ စာသားကို ေရးသားထား သည္ကို ေတြ႕ရွိရၿပီး၊ လက္ရွိအစိုးရကို ဆန႔္က်င္သူမ်ား (သို႔) ျပည္ပေထာက္လွမ္းေရးအဖြဲ႕အစည္းမ်ား၏ လက္ခ်က္ျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ား ထြက္ေပၚေနသည္။
ထိုအျပင္ ေပါက္ကြဲသည္ ၿမိဳ႕တစ္ၿမိဳ႕တည္းတြင္ ျဖစ္ပြားခဲ့ျခင္းမဟုတ္ဘဲအီရန္ႏိုင္ငံ၏ အဓိက အခ်က္အခ်ာ က်ေသာ ၿမိဳ႕ႀကီးမ်ားျဖစ္သည့္ တီဟီရန္၊ ကရာ့ဂ္်lအာဗာ့ဇ္၊ ဘန္ဒါအာဘတ္စ္၊ တက္ဘရစ္ဇ္ စသည့္ ၿမိဳ႕ႀကီး (၅) ၿမိဳ႕ထက္မနည္းတြင္ ေပါက္ကြဲမႈ (၈) ႀကိမ္ခန႔္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။ အဆိုပါ ေပါက္ကြဲမႈမ်ားသည္ ပစ္မွတ္ထား တိုက္ခိုက္ခံရျခင္း ဟုတ္၊ မဟုတ္ ႏွင့္ အေသအေပ်ာက္စာရင္းအတိအက်ကို အီရန္အာဏာပိုင္မ်ားဘက္မွ တရားဝင္ ထုတ္ျပန္ျခင္း မရွိေသးေၾကာင္း သိရသည္။

Picture

Aung Aung

01/02/2026 15:16

ရေးချင်ဇောနဲ့ ခေါင်းစဉ်တောင်မှားတယ် 😆

Related news

© 2021. All rights reserved.