ဌာနမှ ကင်းကွာနေသည့် နိုင်ငံ့ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက Black Lists မှ ဖြေလျှော့ပေးမည်

 1566

Pearl (NP News) - ဖေဖော်ဝါရီ ၁

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည် မည်း စာရင်း (Black Lists)မှ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြ သည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည် မည်းစာရင်း (Black Lists) တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရသည်။
အဆိုပါဝန်ထမ်းများအနေဖြင့် မိမိတို့ရောက်ရှိနေသည့်နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန၏ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း များသို့လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့လည်းကောင်း ပြန်လည်သတင်းပို့ ဆက်သွယ်ရန်လည်း အသိပေးထားသည်။
ထိုသို့ ဆက်သွယ်လာသူများအား စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့်ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံပြီးသော်လည်း Black Lists ဝင်နေသူများအား အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးလျက်ရှိ ကြောင်းလည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အသိပေးထားသည်။

Zawgyi Version;
ဌာနမွ ကင္းကြာေနသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ျပစ္မႈက်ဴးလြန္ျခင္းမရွိပါက Black Lists မွ ေျဖေလွ်ာ့ေပးမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၁
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဌာနမွကင္းကြာေနသည့္ဝန္ထမ္းမ်ားအား ျပစ္မႈက်ဴးလြန္ျခင္းမရွိပါက အမည္ မည္း စာရင္း (Black Lists)မွ ေျဖေလွ်ာ့ေပးမည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၊ သတင္း ထုတ္ျပန္ေရးအဖြဲ႕က အသိေပးထုတ္ျပထားသည္။
ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္၍ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ားႏွင့္ ျပည္ေထာင္စုဝန္ႀကီး ဌာနမ်ားမွ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕သည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြင့္ျပဳခ်က္မရရွိဘဲ လုပ္ငန္းခြင္ကို စြန႔္ခြာသြားၾက သည့္အတြက္ သက္ဆိုင္ရာဌာနမ်ား၏ အမည္ မည္းစာရင္း (Black Lists) တြင္ ပါဝင္ေန၍ စိုးရိမ္ပူပန္စိတ္ျဖင့္ အျခားေနရာမ်ားသို႔ ေရွာင္တိမ္းေနေၾကာင္း သိရသည္။
အဆိုပါဝန္ထမ္းမ်ားအေနျဖင့္ မိမိတို႔ေရာက္ရွိေနသည့္ေနရာတြင္ရွိေသာ ယခင္တာဝန္ထမ္းေဆာင္ခဲ့သည့္ ဌာန၏ ႐ုံးမ်ားသို႔လည္းေကာင္း၊ နီးစပ္ရာၿမိဳ႕နယ္ခြဲ၊ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္း မ်ားသို႔လည္းေကာင္း၊ ျမန္မာႏိုင္ငံသံ႐ုံး၊ စစ္သံ႐ုံးႏွင့္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ားသို႔လည္းေကာင္း ျပန္လည္သတင္းပို႔ ဆက္သြယ္ရန္လည္း အသိေပးထားသည္။
ထိုသို႔ ဆက္သြယ္လာသူမ်ားအား စိစစ္ၿပီး ျပစ္မႈက်ဴးလြန္ခဲ့ျခင္းမရွိသည့္ဝန္ထမ္းမ်ားႏွင့္ ျပစ္မႈက်ဴးလြန္၍ ျပစ္ဒဏ္ က်ခံၿပီးေသာ္လည္း Black Lists ဝင္ေနသူမ်ားအား အမည္မည္းစာရင္း (Black Lists) မွ ေျဖေလွ်ာ့ေပးလ်က္ရွိ ေၾကာင္းလည္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက အသိေပးထားသည္။

Related news

© 2021. All rights reserved.