တစ်ရက်လျှင် ၃၄ဝဝ မဂ္ဂါဝပ် (၆ဝဝဝဝ မဂ္ဂါဝပ်နာရီ)အထိ ထုတ်လုပ်ရရှိပြီး အချိန်ပြည့်ဓာတ်အားဖြန့်ဖြူးရန် ဆောင်ရွက်နေဟုဆို

199

Pearl (NP News) - ဖေဖော်ဝါရီ ၁
တစ်ရက်လျှင် ၃၄ဝဝ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီ)အထိ ထုတ်လုပ်ရရှိပြီး တတ်နိုင်သမျှ အချိန်ပြည့်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ် အား ထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ် စက်ရုံ ၃၂ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ နှစ်ရုံ၊ နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၆၇၂၅ မဂ္ဂါဝပ်အထိ ရှိကြောင်းပြောသည်။
စက်စွမ်းအားပြည့်မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည့် အခြေအနေ ဖြစ်သော်လည်း အကြမ်းဖက် ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်း လျော့နည်းခဲ့ခြင်း တို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ် ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်း အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း ပြောသည်။
ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများ နှင့်ခွဲရုံများကို အချိန်နှင့် တစ်ပြေးညီပြုပြင်ခြင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေး စက်ရုံစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂ဝ၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ယင်းစက်ရုံ မှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီ)အထိ ထုတ်လုပ် ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ယနေ့အထိ ဓာတ်အားရရှိမှုအနေဖြင့် ၇၀ ဒသမ ၄၃ ရာခိုင်နှုန်းရှိ ပြီး မီးသုံးသူ ၆၉ သိန်းခန့်ရှိကြောင်း၊ အိမ်သုံးနှုန်းဖြင့် သုံးစွဲ နေသော ၁ ယူနစ်မှ ၅၀ ယူနစ်အထိ သုံးစွဲသူ ၄၂ ရာခိုင်နှုန်း နှင့် ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ သုံးစွဲ သူ ၁၉ ရာခိုင်နှုန်းရှိသဖြင့် အိမ်သုံးနှုန်းထားဖြင့် သုံးစွဲနေသော ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အခြေခံကျသော ပြည်သူများ သုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားခကို ထုတ်လုပ်မှု စရိတ်ထက်နည်းပါးသည့် နှုန်းထားများဖြင့် နိုင်ငံတော်မှ နှစ်စဉ် စိုက်ထုတ်ကျခံ (Subsidize) ပြီး ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်အနေဖြင့် နှစ်စဉ် စိုက်ထုတ်သုံးစွဲနေရသော်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အတွက် LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော် လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ် မှုများ အရှိန်အဟုန် မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့အတွက် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှု နှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်၍ ဆောင်ရွက်သွားရန်ရှိကြောင်းနှင့်လုပ်ငန်းရှင်များအတွက် ခိုင်မာသော စွမ်းအင်အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု သုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်း ပြောင်းလဲမှုမရှိကြောင်း၊ ယခင်စက်မှု လုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားလည်း ပြောသည်။

Zawgyi Version;
တစ္ရက္လွ်င္ ၃၄ဝဝ မဂၢါဝပ္ (၆ဝဝဝဝ မဂၢါဝပ္နာရီ)အထိ ထုတ္လုပ္ရရွိၿပီး အခ်ိန္ျပည့္ဓာတ္အားျဖန႔္ျဖဴးရန္ ေဆာင္႐ြက္ေနဟုဆို
Pearl (NP News) - ေဖေဖာ္ဝါရီ ၁
တစ္ရက္လွ်င္ ၃၄ဝဝ မဂၢါဝပ္ (၆၀၀၀၀ မဂၢါဝပ္နာရီ)အထိ ထုတ္လုပ္ရရွိၿပီး တတ္ႏိုင္သမွ် အခ်ိန္ျပည့္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးေပးေနမႈ အေျခအေနမ်ားႏွင့္ပတ္သက္သည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ၿပီးခဲ့သည့္ရက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက လက္ရွိတြင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ လွ်ပ္စစ္ဓာတ္ အား ထုတ္လုပ္ေပးလ်က္ရွိသည့္ အရင္းအျမစ္အလိုက္ တပ္ဆင္အင္အားမ်ားမွာ ေရအားလွ်ပ္စစ္ စက္႐ုံ ၃၂ ႐ုံ၊ သဘာဝ ဓာတ္ေငြ႕သုံးစက္႐ုံ ၂၄ ႐ုံ၊ ေက်ာက္မီးေသြးသုံး စက္႐ုံ ႏွစ္႐ုံ၊ ေနေရာင္ျခည္သုံး စြမ္းအင္စက္႐ုံ ၁၂ ႐ုံ စုစုေပါင္း တပ္ဆင္စက္အင္အားမွာ ၆၇၂၅ မဂၢါဝပ္အထိ ရွိေၾကာင္းေျပာသည္။
စက္စြမ္းအားျပည့္ေမာင္းႏွင္ႏိုင္ပါက ၄၀၀၀ မဂၢါဝပ္ခန႔္အထိ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္သည့္ အေျခအေန ျဖစ္ေသာ္လည္း အၾကမ္းဖက္ ဖ်က္ဆီးမႈမ်ားႏွင့္ သဘာဝဓာတ္ေငြ႕ထုတ္လုပ္ႏိုင္မႈ တျဖည္းျဖည္း ေလ်ာ့နည္းခဲ့ျခင္း တို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အား ၆၀၀ မဂၢါဝပ္ေက်ာ္မွာ ေလ်ာ့နည္းထုတ္လုပ္ရရွိသျဖင့္ တစ္ရက္လွ်င္ ၃၀၀၀ မဂၢါဝပ္ ခန႔္သာ ထုတ္လုပ္ႏိုင္ခဲ့ၿပီး အခ်ိဳ႕ေနရာမ်ားတြင္ အခ်ိန္ပိုင္း အလွည့္က်စနစ္ျဖင့္သာ ျဖန႔္ျဖဴးေပးျခင္းကို ေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္းလည္း ေျပာသည္။
ယင္းအခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္ရန္ ဖ်က္ဆီးခံရသည့္ ဓာတ္အားလိုင္းမ်ား ႏွင့္ခြဲ႐ုံမ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီျပဳျပင္ျခင္း ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ LNG ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ရာ ၅၀၀ မဂၢါဝပ္ LNG ဓာတ္အားေပး စက္႐ုံစီမံကိန္းကို ေအာင္ျမင္စြာ တည္ေဆာက္ႏိုင္ခဲ့သျဖင့္ ၂ဝ၂၆ ခုႏွစ္ ဇန္နဝါရီ ၁၄ ရက္မွစ၍ ယင္းစက္႐ုံ မွ ဓာတ္အား ၅၀၀ မဂၢါဝပ္ကို စတင္ျဖည့္တင္းေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယခုအခါ တစ္ရက္လွ်င္ စုစုေပါင္း ၃၄၀၀ မဂၢါဝပ္ (၆၀၀၀၀ မဂၢါဝပ္နာရီ)အထိ ထုတ္လုပ္ ရရွိေနၿပီျဖစ္ရာ ဝန္အားမွ်ေဝ၍ အလွည့္က်စနစ္ျဖင့္ေပးျခင္းကို ရပ္ဆိုင္းကာ တတ္ႏိုင္သမွ် အခ်ိန္ျပည့္ ဓာတ္အားျဖန႔္ျဖဴးျခင္းကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ယေန႔အထိ ဓာတ္အားရရွိမႈအေနျဖင့္ ၇၀ ဒသမ ၄၃ ရာခိုင္ႏႈန္းရွိ ၿပီး မီးသုံးသူ ၆၉ သိန္းခန႔္ရွိေၾကာင္း၊ အိမ္သုံးႏႈန္းျဖင့္ သုံးစြဲ ေနေသာ ၁ ယူနစ္မွ ၅၀ ယူနစ္အထိ သုံးစြဲသူ ၄၂ ရာခိုင္ႏႈန္း ႏွင့္ ၅၁ ယူနစ္မွ ၁၀၀ ယူနစ္အထိ သုံးစြဲ သူ ၁၉ ရာခိုင္ႏႈန္းရွိသျဖင့္ အိမ္သုံးႏႈန္းထားျဖင့္ သုံးစြဲေနေသာ ရာခိုင္ႏႈန္းမွာ ၆၁ ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ အေျခခံက်ေသာ ျပည္သူမ်ား သုံးစြဲႏိုင္ရန္အတြက္ လွ်ပ္စစ္ဓာတ္အားခကို ထုတ္လုပ္မႈ စရိတ္ထက္နည္းပါးသည့္ ႏႈန္းထားမ်ားျဖင့္ ႏိုင္ငံေတာ္မွ ႏွစ္စဥ္ စိုက္ထုတ္က်ခံ (Subsidize) ၿပီး ျဖန႔္ျဖဴးေပးေနျခင္း ျဖစ္ေၾကာင္း၊ ထိုသို႔ ႏိုင္ငံေတာ္အေနျဖင့္ ႏွစ္စဥ္ စိုက္ထုတ္သုံးစြဲေနရေသာ္လည္း စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ ေစေရးႏွင့္ ဓာတ္အားစဥ္ဆက္မျပတ္ရရွိေရး အတြက္ LNG ျဖင့္ ထုတ္လုပ္ျခင္းမွာ ကုန္က်စရိတ္ျမင့္မားေသာ္ လည္း စက္မႈက႑ကုန္ထုတ္လုပ္ မႈမ်ား အရွိန္အဟုန္ မျပတ္ေစရန္ ရည္႐ြယ္၍ မိမိတို႔ ဝန္ႀကီးဌာနအေနျဖင့္ “LNG to Industry” ကို အထူးအေလးေပး ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ထို႔အတြက္ ဓာတ္အားစဥ္ဆက္မျပတ္ ျဖန႔္ျဖဴးေပးႏိုင္မႈအေျခအေနကို ဆက္လက္ထိန္းသိမ္းရန္ႏွင့္ လွ်ပ္စစ္ဓာတ္ အားထုတ္လုပ္မႈကုန္က်စရိတ္ မွ်တေစရန္အတြက္ စက္မႈ ႏွင့္ စီးပြားေရးလုပ္ငန္းမ်ားသို႔ “စီးပြားေရးႏႈန္းထား (Economic Rate)” တစ္ခုသတ္မွတ္၍ ေဆာင္႐ြက္သြားရန္ရွိေၾကာင္းႏွင့္လုပ္ငန္းရွင္မ်ားအတြက္ ခိုင္မာေသာ စြမ္းအင္အာမခံခ်က္ရွိသည့္ ကုန္ထုတ္လုပ္မႈဝန္းက်င္ေကာင္းတစ္ခုကို ဖန္တီးေပးျခင္းျဖစ္သျဖင့္ စီးပြားေရး လုပ္ငန္းရွင္မ်ားအေနျဖင့္ မိမိတို႔လုပ္ငန္းမ်ား ေအာင္ျမင္စြာတိုးခ်ဲ႕ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ျပည္သူလူထု သုံးစြဲေနေသာ ဓာတ္အားခႏႈန္းထားမ်ားအေနျဖင့္ ယခင္ႏႈန္းထားအတိုင္း ေျပာင္းလဲမႈမရွိေၾကာင္း၊ ယခင္စက္မႈ လုပ္ငန္းမ်ားတြင္ သုံးစြဲခဲ့သည့္ ဓာတ္အားမ်ားကို ျပည္သူလူထုမွ ပိုမိုသုံးစြဲႏိုင္မည္ျဖစ္သျဖင့္ ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ စက္မႈလုပ္ငန္းရွင္မ်ားမွ အားလုံးလက္တြဲ၍ ပူးေပါင္းေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းလိုေၾကာင္း ေျပာၾကားလည္း ေျပာသည္။