(၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ကျင်းပမည်

112

ကိုဖြိုး (NP News) ဖေဖော်ဝါရီ ၁
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှကြီးမှူးကျင်းပသည့်(၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်း အရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်အတွင်း၌ ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) မှ ဖေဖော်ဝါရီ (၁၄) ရက် ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်များအနေဖြင့် လာရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မြို့တော်စိမ်းလန်းစိုပြည် သာယာလှပရေးလုပ်ငန်းများအတွက်ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်၊ အဆင့်မြင့် စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားနိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို အထောက်အကူ ဖြစ်စေရန်စသည့် ရည်ရွယ်ချက်(၅)ချက်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် (၂၂)ကြိမ်မြောက် ကျင်းပ ခြင်းဖြစ်သည်။
ယခုနှစ် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့်အတူ မြမာလာဥယျာဉ် အတွင်း၌ မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီး၊ ဝလံ၊ ပန်းမန် ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး(၃)ခုကို ပြုလုပ်ထားပြီး အလှဓာတ်ပုံရိုက်ကူးရန်နေရာများကိုလည်း ပြင်ဆင်ပေးထား ကြောင်း နှင့် ဌာနဆိုင်ရာ ပြခန်း(၁၆)ခန်း၊ အရောင်းပြခန်း (၇)ခန်း၊ ပျိုးပင်အရောင်းဆိုင် (၁၈)ဆိုင်တို့ ပါဝင် ခင်းကျင်းပြသသွားပြီး ပွဲတော်ကာလအတွင်း လာရောက်လေ့လာလည်ပတ်သည့် မိဘပြည်သူများကို ပျိုးပင်များ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှ သိရသည်။
ယခုနှစ်ပြိုင်ပွဲတွင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြိုင်ပွဲ အမျိုးအစား (၂၄)မျိုးကိုကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားလိုက် ပထမဆု ငွေကျပ်(၃၀၀၀၀၀)၊ ဒုတိယဆု ငွေကျပ်(၂၀၀၀၀၀)၊ တတိယဆု ငွေကျပ် (၁၅၀၀၀၀)၊ နှစ်သိမ့်ဆု ငွေကျပ်(၅၀၀၀၀) စီချီးမြှင့်မည်ဖြစ်ပြီး ဆုအများဆုံးရရှိသည့် ပြိုင်ပွဲဝင်ကို တံခွန်စိုက်ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်များအနေဖြင့် (၁၀-၂-၂၀၂၆) မှ (၁၁-၂-၂၀၂၆) ရက်အထိ နံနက် (၉းဝဝ) မှ ညနေ (၅းဝဝ) အတွင်း ပြိုင်ပွဲဝင်ပစ္စည်းများကို မြမာလာဥယျာဉ်အတွင်းရှိ ကွပ်ကဲရေးရုံးသို့ပေးပို့ရ မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန ဖုန်း (ဝ၉-၂၀၁၉၃၉၅) သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။

Zawgyi Version;
(၂၂)ႀကိမ္ေျမာက္ ၿမိဳ႕ေတာ္ဝန္ဖလား ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံပန္းမန္ျပပြဲၿပိဳင္ပြဲ က်င္းပမည္
ကိုၿဖိဳး (NP News) ေဖေဖာ္ဝါရီ ၁
မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွႀကီးမႉးက်င္းပသည့္(၂၂)ႀကိမ္ေျမာက္ ၿမိဳ႕ေတာ္ဝန္ဖလား ဟင္းသီးဟင္း႐ြက္ ႏွင့္ သစ္သီးဝလံပန္းမန္ျပပြဲၿပိဳင္ပြဲကို မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဆင္ျဖဴကန္ကြင္း အေရွ႕ဘက္ျခမ္းရွိ ျမမာလာဥယ်ာဥ္အတြင္း၌ ေဖေဖာ္ဝါရီ (၁၂) ရက္ (ျပည္ေထာင္စုေန႔) မွ ေဖေဖာ္ဝါရီ (၁၄) ရက္ ထိ စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမည္ျဖစ္ရာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အသီးသီးတို႔မွ ဟင္းသီးဟင္း႐ြက္ ႏွင့္ သစ္သီးဝလံပန္းမန္လုပ္ငန္းရွင္မ်ားအေနျဖင့္ လာေရာက္ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း သိရသည္။
ၿမိဳ႕ေတာ္ဝန္ဖလား ဟင္းသီးဟင္း႐ြက္ ႏွင့္ သစ္သီးဝလံပန္းမန္ျပပြဲၿပိဳင္ပြဲကို ၿမိဳ႕ေတာ္စိမ္းလန္းစိုျပည္ သာယာလွပေရးလုပ္ငန္းမ်ားအတြက္ျပည္သူလူထုစိတ္ပါဝင္စားလာေစရန္ႏွင့္ပူးေပါင္းပါဝင္ေဆာင္႐ြက္လာေစရန္၊ အိမ္တိုင္းအိမ္တိုင္း စိမ္းလန္းစိုေျပေရးေဆာင္႐ြက္ျခင္းျဖင့္မႏၲေလးၿမိဳ႕ေတာ္အား ဥယ်ာဥ္ၿမိဳ႕ေတာ္အျဖစ္ တည္ေဆာက္ထိန္းသိမ္းရာ၌ အေထာက္အကူျဖစ္လာေစရန္၊ ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံပန္းမန္၊ အဆင့္ျမင့္ စိုက္ပ်ိဳးနည္းပညာမ်ားဖလွယ္ႏိုင္ေစရန္၊ ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံပန္းမန္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား ျပန႔္ပြားႏိုင္ေစရန္၊ ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံပန္းမန္ . မ်ိဳးေကာင္းမ်ားကို အိမ္တိုင္းအိမ္တိုင္းတစ္ႏိုင္တစ္ပိုင္ စိုက္ပ်ိဳးျခင္းမွသည္ စီးပြားျဖစ္စိုက္ပ်ိဳး ထုတ္လုပ္ျခင္းျဖင့္ ႏိုင္ငံေတာ္၏ စီးပြားေရးဦးတည္ခ်က္ကို အေထာက္အကူ ျဖစ္ေစရန္စသည့္ ရည္႐ြယ္ခ်က္(၅)ခ်က္ျဖင့္ ႏွစ္စဥ္က်င္းပျပဳလုပ္ခဲ့ရာ ယခုႏွစ္တြင္ (၂၂)ႀကိမ္ေျမာက္ က်င္းပ ျခင္းျဖစ္သည္။
ယခုႏွစ္ ၿမိဳ႕ေတာ္ဝန္ဖလားဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံပန္းမန္ျပပြဲၿပိဳင္ပြဲႏွင့္အတူ ျမမာလာဥယ်ာဥ္ အတြင္း၌ ၿမိဳ႕ေတာ္သူၿမိဳ႕ေတာ္သားမ်ား လာေရာက္အပန္းေျဖႏိုင္ရန္ သစ္သီး၊ ဝလံ၊ ပန္းမန္ ကိုယ္စားျပဳပုံေဖာ္ထားသည့္ အလွဆင္ပန္းဝိုင္းႀကီး(၃)ခုကို ျပဳလုပ္ထားၿပီး အလွဓာတ္ပုံ႐ိုက္ကူးရန္ေနရာမ်ားကိုလည္း ျပင္ဆင္ေပးထား ေၾကာင္း ႏွင့္ ဌာနဆိုင္ရာ ျပခန္း(၁၆)ခန္း၊ အေရာင္းျပခန္း (၇)ခန္း၊ ပ်ိဳးပင္အေရာင္းဆိုင္ (၁၈)ဆိုင္တို႔ ပါဝင္ ခင္းက်င္းျပသသြားၿပီး ပြဲေတာ္ကာလအတြင္း လာေရာက္ေလ့လာလည္ပတ္သည့္ မိဘျပည္သူမ်ားကို ပ်ိဳးပင္မ်ား လက္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ပန္းဥယ်ာဥ္ႏွင့္ကစားကြင္းမ်ားဌာနမွ သိရသည္။
ယခုႏွစ္ၿပိဳင္ပြဲတြင္ ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံပန္းမန္ၿပိဳင္ပြဲ အမ်ိဳးအစား (၂၄)မ်ိဳးကိုက်င္းပသြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲအမ်ိဳးအစားလိုက္ ပထမဆု ေငြက်ပ္(၃၀၀၀၀၀)၊ ဒုတိယဆု ေငြက်ပ္(၂၀၀၀၀၀)၊ တတိယဆု ေငြက်ပ္ (၁၅၀၀၀၀)၊ ႏွစ္သိမ့္ဆု ေငြက်ပ္(၅၀၀၀၀) စီခ်ီးျမႇင့္မည္ျဖစ္ၿပီး ဆုအမ်ားဆုံးရရွိသည့္ ၿပိဳင္ပြဲဝင္ကို တံခြန္စိုက္ဆု ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ ၿပိဳင္ပြဲဝင္မ်ားအေနျဖင့္ (၁၀-၂-၂၀၂၆) မွ (၁၁-၂-၂၀၂၆) ရက္အထိ နံနက္ (၉းဝဝ) မွ ညေန (၅းဝဝ) အတြင္း ၿပိဳင္ပြဲဝင္ပစၥည္းမ်ားကို ျမမာလာဥယ်ာဥ္အတြင္းရွိ ကြပ္ကဲေရး႐ုံးသို႔ေပးပို႔ရ မည္ျဖစ္ၿပီး အေသးစိတ္သိရွိလိုပါက ပန္းဥယ်ာဥ္ႏွင့္ကစားကြင္းမ်ားဌာန ဖုန္း (ဝ၉-၂၀၁၉၃၉၅) သို႔ ဆက္သြယ္ႏိုင္ ေၾကာင္း သိရသည္။