တောင်ငူတွင် မီးပလပ်ခုံရှော့ခ်ဖြစ်ရာမှ မီးလောင်၍ အမျိုးသမီးတစ်ဦး သေဆုံး

178

Pearl (NP News) - ဖေဖော်ဝါရီ ၁
တောင်ငူတွင် မီးပလပ်ခုံရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက်(၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံး သွားခဲ့ကြောင်း ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁ရက်) ၊ မနက် (၃) နာရီဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ တောင်ငူ မြို့၊ အမှတ်(၁၉)ရပ်ကွက် ၊ မြင်းဖြူအင်းလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းရှိ နေအိမ်တစ်ခု၏ အပေါ်ထပ် မီးဖိုခန်းရှိ မီးပလပ်ခုံရှော့ခ်ဖြစ်ရာမှ မီး စတင်လောင်ကျွမ်းခဲ့ရာ နေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါနေရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်း ၊ Taungoo Rescue ပရဟိတအသင်း ၊ ကေတုပရဟိတအသင်း၊ မဟာမေတ္တာ ပရဟိတအသင်း နှင့် တာဝန်ရှိသူများ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)တို့ဖြင့် မိနစ်(၂၀)ကျော်အကြာ မီးငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မီးလောင်သေဆုံးခဲ့ပြီး အသက် (၁၀) နှစ် အမျိုးသားငယ်တစ်ဦး နှင့် အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့တွင် ခန္ဓာကိုယ်အနှံ့မီးဟပ်ဒဏ်ရာများ ရှိခဲ့ပြီး မစိုးရိမ်ရကြောင်းလည်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ ရုပ်အလောင်းတို့အား လူနာတင်ယာဉ်ဖြင့် တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
ေတာင္ငူတြင္ မီးပလပ္ခုံေရွာ့ခ္ျဖစ္ရာမွ မီးေလာင္၍ အမ်ိဳးသမီးတစ္ဦး ေသဆုံး
Pearl (NP News) - ေဖေဖာ္ဝါရီ ၁
ေတာင္ငူတြင္ မီးပလပ္ခုံေရွာ့ခ္ျဖစ္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အသက္(၆၅)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး ေသဆုံး သြားခဲ့ေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီ ၁ရက္) ၊ မနက္ (၃) နာရီဝန္းက်င္ခန႔္က ပဲခူးတိုင္းေဒသႀကီး ၊ ေတာင္ငူခ႐ိုင္၊ ေတာင္ငူ ၿမိဳ႕၊ အမွတ္(၁၉)ရပ္ကြက္ ၊ ျမင္းျဖဴအင္းလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါလမ္းရွိ ေနအိမ္တစ္ခု၏ အေပၚထပ္ မီးဖိုခန္းရွိ မီးပလပ္ခုံေရွာ့ခ္ျဖစ္ရာမွ မီး စတင္ေလာင္ကြၽမ္းခဲ့ရာ ေနအိမ္ (၁)လုံး မီးေလာင္ကြၽမ္းခဲ့ၿပီး အဆိုပါေနရာသို႔ ေတာင္ငူၿမိဳ႕နယ္မီးသတ္စခန္း ၊ Taungoo Rescue ပရဟိတအသင္း ၊ ေကတုပရဟိတအသင္း၊ မဟာေမတၱာ ပရဟိတအသင္း ႏွင့္ တာဝန္ရွိသူမ်ား ႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္(၅)တို႔ျဖင့္ မိနစ္(၂၀)ေက်ာ္အၾကာ မီးျငႇိမ္းသတ္ခဲ့ရာ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ အသက္(၆၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ မီးေလာင္ေသဆုံးခဲ့ၿပီး အသက္ (၁၀) ႏွစ္ အမ်ိဳးသားငယ္တစ္ဦး ႏွင့္ အသက္(၃၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔တြင္ ခႏၶာကိုယ္အႏွံ႔မီးဟပ္ဒဏ္ရာမ်ား ရွိခဲ့ၿပီး မစိုးရိမ္ရေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ ဒဏ္ရာရရွိသူမ်ားႏွင့္ ေသဆုံးသူ ႐ုပ္အေလာင္းတို႔အား လူနာတင္ယာဥ္ျဖင့္ ေတာင္ငူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။