၂ဝ၂၅ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၉၉၀ ကျော် ရှိခဲ့

67

ကိုဖြိုး(NP News) ဖေဖော်ဝါရီ ၁
လွန်ခဲ့သော (၂ဝ၂၅) ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၉၉၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း မီးလောင်မှု အကြိမ်အရေအတွက် (၁၅၉) ကြိမ်ရှိခဲ့ကြောင်းနှင့် ယင်းအရေအတွက်မှာ (၂၀၂၄) ခုနှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
“၂၀၂၄ ခုနှစ်မှာတုန်းက မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မီးလောင်မှုပေါင်း ၁၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၃,၈၇၀ ဒသမ ၂၅၉ သန်း ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ မီးလောင်မှုအကြိမ်ရေ ၁၅၉ ကြိမ်သာ ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၉၉၀ ဒသမ ၇၆၀ သန်းရှိခဲ့တဲ့အတွက် မီးလောင်မှုအကြိမ်ရေ လျော့နည်း ကျဆင်းလာသလို ဆုံးရှုံးမှုတန်ဖိုးလည်း လျော့နည်းခဲ့ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကို ကြိုတင်သတိပြု ရှောင်ရှားနိုင်စေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မီးလောင်မှုအကြိမ်ရေ လျော့ကျရုံသာမက ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း သိသာစွာလျော့နည်းကျဆင်းလာကြောင်း သိရသည်။
ယခုနှစ်ပွင့်လင်းရာသီမှစ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်လံစစ်ဆေးခြင်း၊ သတိပေးလှုံ့ဆော်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် မီးလောင်မှုဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်စေရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များ၊ မီးငြှိမ်းသတ်ရန်ရေနှင့်အခြားလိုအပ်သည်များကို အမြဲအဆင်သင့် ပြင်ဆင်ထားရှိကြောင်း သိရသည်။

Zawgyi Version;
၂ဝ၂၅ ခုႏွစ္အတြင္း မႏၲေလးတိုင္းေဒသႀကီး၌ မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈတန္ဖိုး ေငြက်ပ္ သန္း ၉၉၀ ေက်ာ္ ရွိခဲ့
ကိုၿဖိဳး(NP News) ေဖေဖာ္ဝါရီ ၁
လြန္ခဲ့ေသာ (၂ဝ၂၅) ခုႏွစ္တြင္ မႏၲေလးတိုင္းေဒသႀကီး၌ မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈတန္ဖိုး ေငြက်ပ္ သန္း ၉၉၀ ေက်ာ္ ရွိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ သိရသည္။
အဆိုပါကာလအတြင္း မီးေလာင္မႈ အႀကိမ္အေရအတြက္ (၁၅၉) ႀကိမ္ရွိခဲ့ေၾကာင္းႏွင့္ ယင္းအေရအတြက္မွာ (၂၀၂၄) ခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေလ်ာ့နည္းက်ဆင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။
“၂၀၂၄ ခုႏွစ္မွာတုန္းက မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ မီးေလာင္မႈေပါင္း ၁၈၄ ႀကိမ္ျဖစ္ပြားခဲ့ၿပီးေတာ့ ဆုံးရႈံးမႈ တန္ဖိုးေငြက်ပ္ ၃,၈၇၀ ဒသမ ၂၅၉ သန္း ရွိခဲ့ပါတယ္။ ၂၀၂၅ ခုႏွစ္မွာေတာ့ မီးေလာင္မႈအႀကိမ္ေရ ၁၅၉ ႀကိမ္သာ ျဖစ္ေပၚခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးေငြက်ပ္ ၉၉၀ ဒသမ ၇၆၀ သန္းရွိခဲ့တဲ့အတြက္ မီးေလာင္မႈအႀကိမ္ေရ ေလ်ာ့နည္း က်ဆင္းလာသလို ဆုံးရႈံးမႈတန္ဖိုးလည္း ေလ်ာ့နည္းခဲ့ပါတယ္” ဟု မႏၲေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
မႏၲေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနအေနျဖင့္ ေဒသခံျပည္သူမ်ား မီးေဘးအႏၲရာယ္ကို ႀကိဳတင္သတိျပဳ ေရွာင္ရွားႏိုင္ေစရန္ အသိပညာေပးလုပ္ငန္းမ်ား အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိရာ မီးေလာင္မႈအႀကိမ္ေရ ေလ်ာ့က်႐ုံသာမက ပ်က္စီးဆုံးရႈံးမႈတန္ဖိုးလည္း သိသာစြာေလ်ာ့နည္းက်ဆင္းလာေၾကာင္း သိရသည္။
ယခုႏွစ္ပြင့္လင္းရာသီမွစ၍ မီးေဘးအႏၲရာယ္ႀကိဳတင္ကာကြယ္ေရး အသိပညာေပးျခင္း၊ လိုက္လံစစ္ေဆးျခင္း၊ သတိေပးလႈံ႕ေဆာ္ျခင္းႏွင့္ ဇာတ္တိုက္ေလ့က်င့္ျခင္း စသည့္လုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ ထို႔ျပင္ မီးေလာင္မႈျဖစ္ပြားလာပါက အခ်ိန္ႏွင့္ တစ္ေျပးညီ မီးျငႇိမ္းသတ္ႏိုင္ေစရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္ယာဥ္မ်ား၊ မီးျငႇိမ္းသတ္ရန္ေရႏွင့္အျခားလိုအပ္သည္မ်ားကို အၿမဲအဆင္သင့္ ျပင္ဆင္ထားရွိေၾကာင္း သိရသည္။