အမြတ်ငွေများအား မသန်စွမ်းအဖွဲ့အစည်း၊ သက်ကြီးရွယ်အို နှင့် မိဘမဲ့ဂေဟာများအား လှူဒါန်းသော ရသစာပေ ထုတ်ဝေနေ

 100

ထိုက်စံ၊ သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၁

အမြတ်ငွေများအား မသန်စွမ်းအဖွဲ့အစည်း၊ သက်ကြီးရွယ်အိုနှင့် မိဘမဲ့ဂေဟာများအားလှူဒါန်းသော ရသစာပေ ထုတ်ဝေနေကြောင်း စာရေးဆရာမြင့်မြတ်အောင်မြင်က NP News ကိုပြောသည်။
စာရေးဆရာမြင့်မြတ်အောင်မြင်က ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ လူထုအခြေပြဗဟိုခန်းမတွင်ပြုလုပ်သော ၎င်း၏ ရသစာစဉ်ပဲ့ကိုင်ရှင် မွေးနေ့အလှူ နှင့် ရသစာစဉ် (၁၄) စဥ့်အိုးလေး သုတ၊ ရသစာပေပျိုးခင်း စာအုပ်မိတ်ဆက်ပွဲတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“အရင်းကတော့ တစ်ရင်းနဲ့တစ်ရင်းမှာ ရှာရခက်လာတော့ ကျွန်တော်က အမြတ်ရသမျှတွေကို မသန်စွမ်းတဲ့သူက (၁)လမှာဆိုရင် ဘယ်နှစ်ဦးအဖွဲ့အစည်းတွေ ရှိတယ်။ မသန်စွမ်းအဖွဲ့အစည်းဆိုရင်လည်း အဖွဲ့အစည်းကို လှူတယ်။ မိဘမဲ့ကလေးဆိုရင် ခိုင်နှင်းဝေတို့ကို လှူတယ်။ နောက်ထပ် မိဘမဲ့ကလေးတွေ YGW တို့ အဲဒီလိုနေရာတွေလည်း ကျွန်တော်လှူဒါန်းတယ်။ နောက်ပြီး ကျွန်တော်တို့ စာရေးဆရာလောက် သက်ကြီးရွယ်အိုတို့ကို ဆိုရင် (၁)လကို (၅)ဦး သို့မဟုတ် (၃)ဦးပေါ့" ဟု ၎င်းကပြောသည်။
စာရေးဆရာ မြင့်မြတ်အောင်မြင် အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၇) ရက်က စတင်ကာ သုတ၊ ရသစာပေ အမှတ်စဉ် (၁)ကို ထုတ်ဝေခဲ့ပြီး လက်ရှိတွင် အမှတ်စဉ် (၁၄) သို့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် စာအုပ်ထုတ်ဝေကာ ရရှိခဲ့သည့် အမြတ်ငွေများအား လှူဒါန်းရာတွင် နာမည်မခံခဲ့ကြောင်း နှင့် လက်ရှိတွင် စာအုပ်ထုတ်ဝေရတွင် အရင်းရရန်ထက် မရှုံးရန်ပင် ရုန်းကန်နေရသည့်အခြေအနေဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်က လှူဒါန်းတဲ့အချိန် ကျွန်တော့်နာမည် လုံးဝမခံခဲ့ဘူး။ ခုနစ်ရက်သားသမီး ဆိုပြီးတော့ လှူဒါန်းတယ်။ အဲဒီတော့ ကျွန်တော့်လိုပဲ ခုနစ်ရက်သားသမီး အားလုံး သာဓုခေါ်ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး စာအုပ်တစ်အုပ်ထွက်မယ်၊ လှူမယ် တန်းမယ် ဆိုရင်တော့ အခုခေတ်မှာ စာအုပ်အရင်းပြန်ရဖို့ ခက်ခဲတယ်။ ကျွန်တော်က အရင်းရဖို့ထက် မရှုံးဖို့ကို ရုန်းကန်တဲ့ အခြေအနေဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်တော်ကိုယ်တိုင် ကားပေါ်မှာတက်ရောင်းတယ်။ အခုလိုမျိုး ကျွန်တော့်ကို လမ်းမှာတွေ့ခဲ့ရင်လည်း ဝယ်ယူအားပေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျွန်တော် တင်ခဲ့တဲ့ စာပေတိုက်တွေမှာ ရှိခဲ့ရင်လည်း ကျွန်တော့်ရဲ့ရသစာစဉ် အမှတ်စဉ် အနောက်မှာလည်း ကျွန်တော့်နာမည်လေးတွေ ရေးထားမယ်။ အဲဒါလေးတွေကိုလည်း အားပေးလို့ရပါတယ်။ အားပေးရင်လည်း ကျွန်တော့်ရဲ့ ဒီပရဟိတလုပ်ငန်းမှာ အထောက်အကူပြုနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
အျမတ္ေငြမ်ားအား မသန္စြမ္းအဖြဲ႕အစည္း၊ သက္ႀကီး႐ြယ္အို ႏွင့္ မိဘမဲ့ေဂဟာမ်ားအား လႉဒါန္းေသာ ရသစာေပ ထုတ္ေဝေန
ထိုက္စံ၊ သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၁

အျမတ္ေငြမ်ားအား မသန္စြမ္းအဖြဲ႕အစည္း၊ သက္ႀကီး႐ြယ္အိုႏွင့္ မိဘမဲ့ေဂဟာမ်ားအားလႉဒါန္းေသာ ရသစာေပ ထုတ္ေဝေနေၾကာင္း စာေရးဆရာျမင့္ျမတ္ေအာင္ျမင္က NP News ကိုေျပာသည္။
စာေရးဆရာျမင့္ျမတ္ေအာင္ျမင္က ယေန႔ (ေဖေဖာ္ဝါရီ ၁ ရက္) နံနက္ပိုင္းက ဗဟန္းၿမိဳ႕နယ္၊ လူထုအေျချပဗဟိုခန္းမတြင္ျပဳလုပ္ေသာ ၎၏ ရသစာစဥ္ပဲ့ကိုင္ရွင္ ေမြးေန႔အလႉ ႏွင့္ ရသစာစဥ္ (၁၄) စဥ့္အိုးေလး သုတ၊ ရသစာေပပ်ိဳးခင္း စာအုပ္မိတ္ဆက္ပြဲတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“အရင္းကေတာ့ တစ္ရင္းနဲ႔တစ္ရင္းမွာ ရွာရခက္လာေတာ့ ကြၽန္ေတာ္က အျမတ္ရသမွ်ေတြကို မသန္စြမ္းတဲ့သူက (၁)လမွာဆိုရင္ ဘယ္ႏွစ္ဦးအဖြဲ႕အစည္းေတြ ရွိတယ္။ မသန္စြမ္းအဖြဲ႕အစည္းဆိုရင္လည္း အဖြဲ႕အစည္းကို လႉတယ္။ မိဘမဲ့ကေလးဆိုရင္ ခိုင္ႏွင္းေဝတို႔ကို လႉတယ္။ ေနာက္ထပ္ မိဘမဲ့ကေလးေတြ YGW တို႔ အဲဒီလိုေနရာေတြလည္း ကြၽန္ေတာ္လႉဒါန္းတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ စာေရးဆရာေလာက္ သက္ႀကီး႐ြယ္အိုတို႔ကို ဆိုရင္ (၁)လကို (၅)ဦး သို႔မဟုတ္ (၃)ဦးေပါ့" ဟု ၎ကေျပာသည္။
စာေရးဆရာ ျမင့္ျမတ္ေအာင္ျမင္ အေနျဖင့္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ (၇) ရက္က စတင္ကာ သုတ၊ ရသစာေပ အမွတ္စဥ္ (၁)ကို ထုတ္ေဝခဲ့ၿပီး လက္ရွိတြင္ အမွတ္စဥ္ (၁၄) သို႔ေရာက္ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စာအုပ္ထုတ္ေဝကာ ရရွိခဲ့သည့္ အျမတ္ေငြမ်ားအား လႉဒါန္းရာတြင္ နာမည္မခံခဲ့ေၾကာင္း ႏွင့္ လက္ရွိတြင္ စာအုပ္ထုတ္ေဝရတြင္ အရင္းရရန္ထက္ မရႈံးရန္ပင္ ႐ုန္းကန္ေနရသည့္အေျခအေနျဖစ္ေနေၾကာင္းလည္း ၎က ဆိုသည္။
“ကြၽန္ေတာ္က လႉဒါန္းတဲ့အခ်ိန္ ကြၽန္ေတာ့္နာမည္ လုံးဝမခံခဲ့ဘူး။ ခုနစ္ရက္သားသမီး ဆိုၿပီးေတာ့ လႉဒါန္းတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္လိုပဲ ခုနစ္ရက္သားသမီး အားလုံး သာဓုေခၚဆိုႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလိုမ်ိဳး စာအုပ္တစ္အုပ္ထြက္မယ္၊ လႉမယ္ တန္းမယ္ ဆိုရင္ေတာ့ အခုေခတ္မွာ စာအုပ္အရင္းျပန္ရဖို႔ ခက္ခဲတယ္။ ကြၽန္ေတာ္က အရင္းရဖို႔ထက္ မရႈံးဖို႔ကို ႐ုန္းကန္တဲ့ အေျခအေနျဖစ္တယ္။ အဲ့ဒီအတြက္ ကြၽန္ေတာ္ကိုယ္တိုင္ ကားေပၚမွာတက္ေရာင္းတယ္။ အခုလိုမ်ိဳး ကြၽန္ေတာ့္ကို လမ္းမွာေတြ႕ခဲ့ရင္လည္း ဝယ္ယူအား ေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ရင္လည္း ကြၽန္ေတာ္ တင္ခဲ့တဲ့ စာေပတိုက္ေတြမွာ ရွိခဲ့ရင္လည္း ကြၽန္ေတာ့္ရဲ႕ရသစာစဥ္ အမွတ္စဥ္ အေနာက္မွာလည္း ကြၽန္ေတာ့္နာမည္ေလးေတြ ေရးထားမယ္။ အဲဒါေလးေတြကိုလည္း အားေပးလို႔ရပါတယ္။ အားေပးရင္လည္း ကြၽန္ေတာ့္ရဲ႕ ဒီပရဟိတလုပ္ငန္းမွာ အေထာက္အကူျပဳႏိုင္ပါတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.