စမုံရေငုပ်ပြွန်အား နေရာပြောင်းကာ လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေပေးရာသီမတိုင်မီ အပြီးတည်ဆောက်မည်

 86

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁

စမုံရေငုပ်ပြွန်အား နေရာပြောင်းကာ လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေပေးရာသီမတိုင်မီအပြီး တည်ဆောက် မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စမုံရေငုပ်ပြွန်ရှိရာ စမုံရေထိန်းတမံသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ စမုံမြစ် အင်တိုင်းသာချောင်းပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် စမုံမြစ်တစ်လျှောက်တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စမုံရေငုပ်ပြွန်သည်လည်း ရေတိုက်စား ကျိုးပေါက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ်၌ စမုံရေငုပ်ပြွန်အသစ်ပြန်လည် တည်ဆောက်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် တည်ဆောက်နေစဉ်ကာလအတွင်း စိုက်ပျိုးရေယာယီပေးဝေနိုင်ရန် စမုံမြစ်အတွင်း ယာယီရေတားတမံဖို့၍ အဆိုပါတမံပေါ်မှ ယာယီရေပေးမြောင်းတည်ဆောက်ပြီး နွေစပါး နှင့် အခြားနွေသီးနှံ ဧက ၅၀၀ အား စိုက်ပျိုးရေ ပေးဝေခဲ့ကြောင်းလည်း သိရသည်။
စမုံရေငုပ်ပြွန်အသစ် တည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်နေစဉ် ၂ဝ၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရေငုပ်ပြွန်တည်ဆောက်ဆဲလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စမုံရေငုပ်ပြွန်အား နေရာပြောင်းရွှေ့၍ အသစ်ပြန်လည်တည်ဆောက်လျက်ရှိကြောင် သိရသည်။
ထို့ကြောင့် လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေပေးရာသီမတိုင်မီအပြီး တည်ဆောက်သွားမည်ဖြစ်ကာ လုပ်ငန်း များပြီးစီးပါက ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေများသို့ စိုက်ပျိုးရေအပြည့်အဝ ပြန်လည်ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
စမုံေရငုပ္ႁပြန္အား ေနရာေျပာင္းကာ လာမည့္ ၂၀၂၆-၂၀၂၇ ခုႏွစ္ မိုးစပါးေရေပးရာသီမတိုင္မီ အၿပီးတည္ေဆာက္မည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁
စမုံေရငုပ္ႁပြန္အား ေနရာေျပာင္းကာ လာမည့္ ၂၀၂၆-၂၀၂၇ ခုႏွစ္ မိုးစပါးေရေပးရာသီမတိုင္မီအၿပီး တည္ေဆာက္ မည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
စမုံေရငုပ္ႁပြန္ရွိရာ စမုံေရထိန္းတမံသည္ မႏၲေလးတိုင္းေဒသႀကီး မိတၳီလာခ႐ိုင္ သာစည္ၿမိဳ႕နယ္ရွိ စမုံျမစ္ အင္တိုင္းသာေခ်ာင္းေပၚ၌ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ စက္တင္ဘာလအတြင္းျဖစ္ေပၚခဲ့ေသာ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ စမုံျမစ္တစ္ေလွ်ာက္တြင္ ေရႀကီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
အဆိုပါ စမုံေရငုပ္ႁပြန္သည္လည္း ေရတိုက္စား က်ိဳးေပါက္ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုႏွစ္၌ စမုံေရငုပ္ႁပြန္အသစ္ျပန္လည္ တည္ေဆာက္ခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ တည္ေဆာက္ေနစဥ္ကာလအတြင္း စိုက္ပ်ိဳးေရယာယီေပးေဝႏိုင္ရန္ စမုံျမစ္အတြင္း ယာယီေရတားတမံဖို႔၍ အဆိုပါတမံေပၚမွ ယာယီေရေပးေျမာင္းတည္ေဆာက္ၿပီး ေႏြစပါး ႏွင့္ အျခားေႏြသီးႏွံ ဧက ၅၀၀ အား စိုက္ပ်ိဳးေရ ေပးေဝခဲ့ေၾကာင္းလည္း သိရသည္။
စမုံေရငုပ္ႁပြန္အသစ္ တည္ေဆာက္ေရးလုပ္ငန္းေဆာင္ ႐ြက္ေနစဥ္ ၂ဝ၂၅ ခုႏွစ္ မတ္ ၂၈ ရက္တြင္ လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ ေရငုပ္ႁပြန္တည္ေဆာက္ဆဲလုပ္ငန္းမ်ား ထိခိုက္မႈျဖစ္ေပၚခဲ့သျဖင့္ စမုံေရငုပ္ႁပြန္အား ေနရာေျပာင္းေ႐ႊ႕၍ အသစ္ျပန္လည္တည္ေဆာက္လ်က္ရွိေၾကာင္ သိရသည္။
ထို႔ေၾကာင့္ လာမည့္ ၂၀၂၆-၂၀၂၇ ခုႏွစ္ မိုးစပါးေရေပးရာသီမတိုင္မီအၿပီး တည္ေဆာက္သြားမည္ျဖစ္ကာ လုပ္ငန္း မ်ားၿပီးစီးပါက ေရေသာက္ဧရိယာအတြင္းရွိ လယ္ယာေျမမ်ားသို႔ စိုက္ပ်ိဳးေရအျပည့္အဝ ျပန္လည္ေပးေဝႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.