(၂၀၂၅)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်းအတွက် သတင်းစကား

 1039

အိဖြူ (NP News) - ဖေဖော်ဝါရီ ၂

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု သတင်းစကား၊ ထိပ်တန်းအနုပညာရှင်သုံးဦးဆုံမယ့် အချစ်ဈေး၊ မင်းသား နေထူးနိုင် သစ်ပင်စိုက်ပျိုးခြင်း” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

အားပြိုင်လျက်ရှိတဲ့ (၂၀၂၅) ခုနှစ် အကယ်ဒမီဆု
(၂၀၂၅)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၇)ရက်၊ နေပြည်တော်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အကယ်ဒမီပွဲအခမ်းအနားကျင်းပဖို့ရက်က တဖြည်းဖြည်းနီးကပ်လာ တာနဲ့တစ်ပြိုင်နက် ထင်ကြေးပေးခံရတဲ့အနုပညာရှင်တွေရဲ့နာမည်တွေလည်း ထွက်ပေါ်လျက် ရှိလို့နေပါပြီ။
(၂၀၂၅)ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကား (၇၂)ကားအထိရှိခဲ့ပြီး အဲဒီအထဲကမှ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအကဲဖြတ်ရွေးချယ်ရေးအဖွဲ့က ဒုတိယအဆင့်ကြည့်ရှုမှုအဖြစ် “မေတ္တာအမွေ ပုဂံမြေ၊ ရာသက်ပန်ငါ့ ကောင်မလေး၊ မောင့်မိဖုရား၊ ပြုစား၊ ဖီလင်၊ ကံ့ကော်နီ၊ ဗြောသံ၊ မြေစာ၊ ဂုဏ်၊ သူတော်တစ္ဆေ ၊ ပဉ္စလက်မိုး၊ ပန်းမြိုင် လယ်မှဥယျာဉ်မှူး၊ နတ်ဝင်သည်၊ မြစ်လက်တက်ပေမဲ့ ရေစီးက ကြမ်းတယ်၊ ပြန်မပြောရ၊ ဆရာမ (၂)၊ ညမင်္ဂလာ၊ မြို့ပြထဲကလမ်းမများ၊ နှင်းပွင့်စေရာ၊ အနှစ်၊ အဆိပ်၊ ဘဝကိုစားသော ကိန်းဂဏန်းများ” စတဲ့ ဇာတ်ကား (၂၂)ကားကို ထပ်မံကြည့်ရှုအကဲဖြတ်ခဲ့ကြပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ဝင်တွေက ဇာတ်ကားတွေကို ကြည့်ရှုအကဲဖြတ်နေချိန်မှာ ပင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းရဲ့ “အခြောက်ဇာတ်ကားများ၊ တစ္ဆေသရဲဝိညာဉ်ဇာတ် ကားများ”ကို အကယ်ဒမီဆုအတွက် ရွေးချယ်ဖို့မသင့်ကြောင်း အဓိပ္ပာယ်သက်ရောက်တဲ့ ပြောဆိုမှုတွေရှိခဲ့တယ်လို့ အနုပညာအသိုင်းအဝိုင်းကတစ်ဆင့် ပြန်လည်ကြားသိခဲ့ရပါတယ်။
ဥက္ကဋ္ဌတစ်ဦးအနေနဲ့ အကဲဖြတ်အဖွဲ့ဝင်တွေ ကြည့်ရှုအကဲဖြတ်စိစစ်နေစဉ်မှာ အခုလိုပြောဆိုလိုက်တာက မသင့်တော်တဲ့အပြင် ရုံတင်ပြသခဲ့တဲ့ဇာတ်ကားတွေစာရင်းကို ပြန်လည်ကြည့်ရှုပါက ၎င်းòန်းဆိုထားတဲ့ ဇာတ်ကား တွေကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက ကျန်ရှိတဲ့ဇာတ်ကားများစာရင်းမှာ အိမ်ထောင်ရေး ဖောက်ပြားမှုဇာတ်ကား စာရင်းက အလေးသာနေခဲ့တာကို သတိပြုမိခဲ့ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်ထုတ်လုပ်ရေးတွေ အပါအဝင် အနုပညာ ရှင်တွေ၊ အနုပညာလောကသားတွေကိုယ်တိုင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းရဲ့ နှုတ်ထွက် စကားအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ အနုပညာရှင်တိုင်းအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုဆိုတာ ဘဝမှတ် တိုင်ကြီးတစ်ခု စိုက်ထူနိုင်ခြင်းမျိုးဖြစ်ပြီး၊ အနုပညာသမားတိုင်းရဲ့ပန်းတိုင်ဆိုရင်လည်း မမှားပါဘူး။
အနုပညာသမိုင်းတစ်လျှောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို နှစ်စဉ်ချီးမြှင့်ရာမှာ “လူမတူအောင်၊ အနုပညာရှင် မထပ်အောင်၊ စီနီယာအလိုက် ချီးမြှင့်ရမယ်ဆိုတဲ့” စည်းကမ်းသတ်မှတ်ချက်လည်းမရှိခဲ့သလို တစ်နှစ်တာအတွင်း အနုပညာရသပြည့်မီတဲ့ သရုပ်ဆောင်စွမ်းရည်မြင့်မားတဲ့ အနုပညာရှင်တွေကိုသာ ရွေးချယ်ချီးမြှင့်လေ့ရှိတာမျိုးဖြစ် ကြောင်း လေ့လာသိရှိရပါတယ်။
(၂၀၂၄)ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို ‘နှောင်’ဇာတ်ကားနဲ့ နေတိုး၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ‘တိမ်ပန်းချီ’ ဇာတ်ကားနဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အမျိုးသားဇာတ်ပို့ဆုကို ‘မီး’ ဇာတ်ကားနဲ့ အေးချမ်းမောင်၊ အမျိုးသမီးဇာတ်ပို့ဆုကို ‘ဘိုးတော်ကင်း’ဇာတ်ကားနဲ့ ခြူးလေး၊ ဒါရိုက်တာဆုကို ‘အိပ်မက်ကာရန်’ ဇာတ်ကားနဲ့ ဒါရိုက်တာ ဝင်းလွင်ထက်၊ ရုပ်ရှင်ဓာတ်ပုံဆုကို ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ဇာတ်ကားနဲ့ ကောင်းဇံ၊ ရုပ်ရှင် တေးဂီတဆုကို ‘အိပ်မက်ကာရန်’ ဇာတ်ကားနဲ့ ဓိရာမိုရ်၊ ဇာတ်òန်းဆုကို ‘တိမ်ပန်းချီ’ ဇာတ်ကားနဲ့ အေးသီရိကို၊ ရုပ်ရှင်မိတ်ကပ်အထူးဆုကို ‘နှောင်’ဇာတ်ကားနဲ့ လုံလုံ(လင်္ကာဒီပ)၊ ရုပ်ရှင်တည်းဖြတ်ဆုကို ‘နှောင်’ဇာတ်ကားနဲ့ အာကာကျော်၊ ရုပ်ရှင်အသံဆုကို ‘မီး’ ဇာတ်ကားနဲ့ အောင်မျိုးမြတ်နဲ့ရဲဝင်း၊ ရုပ်ရှင်ဇာတ်ကားဆုကို ‘ချစ်သူသာ ပန်းတစ် ပွင့်ဖြစ်ခဲ့လျှင်’ ဇာတ်ကားတို့က ထိုက်တန်စွာရရှိခဲ့ကြတာ ဖြစ်ပါတယ်။ မကြာမီကျင်းပတော့မယ့် (၂၀၂၅) ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲအခမ်းအနားမှာလည်း မင်းသား၊ မင်းသမီး ဘယ်သူတွေက အကယ်ဒမီထူးချွန်ဆုတွေကို ရရှိသွားကြ မလဲဆိုတာကိုတော့ ရင်ခုန်စွာစောင့် မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

၀တ်မှုံရွှေရည်ကို အပြိုင်လုချစ်ကြရမယ့် နိုင်းနိုင်းနဲ့နေတိုး
ရုပ်ရှင်သရုပ်ဆောင် နိုင်းနိုင်း၊ ထပ်ဆင့်အကယ်ဒမီ နေတိုးနဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ သုံးဦးတွဲ လျက် ပထမဆုံးမြင်တွေ့ရမယ့် ‘အချစ်ဈေး’ အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ပွဲကို (၂၇-၁-၂၀၂၆) ရက်က ပြု လုပ်ခဲ့ကြပါတယ်။
“အချစ်ဈေး” ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်လာမယ့် အနုပညာရှင်အမည် ကြိုတင်ခန့်မှန်းကြေညာမှုမှာ မင်းသမီးအိန္ဒြာကျော်နဲ့မင်းသမီးဝတ်မှုံရွှေရည်တို့ အားပြိုင်မှုဖြစ်ခဲ့ပြီး၊ အချစ်ဈေးရဲ့အဓိကဇာတ်ဆောင်က မင်းသမီး ဝတ်မှုံရွှေရည်ဖြစ်ကြောင်းကို တရားဝင်အသိပေးမိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားမှုမှာ ရုပ်ရှင် ရိုက်ကူးမှုရပ်နားခဲ့တာ နှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ မင်းသားနိုင်းနိုင်း ပါဝင်လာခြင်းဖြစ်ပြီး၊ မင်းသားနိုင်းနိုင်းနဲ့ မင်းသား နေတိုးတို့ရဲ့နာမည်ရှေ့နောက်ကိစ္စကလည်း ၎င်းတို့ပရိသတ်အချင်းချင်းကြား စကားသံညံစေခဲ့ပါသေးတယ်။ ဒါပေမဲ့ နေတိုးအနေနဲ့ အကယ်ဒမီထူးချွန်ဆုများစွာကို ပိုင်ဆိုင်ထားပေမယ့် မင်းသားနိုင်းနိုင်းက ၎င်းရဲ့ စီနီယာဖြစ်ပြီး ရုပ်ရှင်ပြန် လည်ရိုက်ကူးချိန်မှာလည်း စီနီယာအပေါ်လေးစားမှုကို အပြည့်အဝပြသနိုင်ခဲ့ပါတယ်။
ဒါရိုက်တာပြည့်ဖြိုးနိုင်က မီဒီယာမိတ်ဆက်ပွဲမှာ ‘ပထမဆုံး ဒီဇာတ်ကိုစပြီးကြည့်မိကတည်းကိုက ဇာတ်ရဲ့ မင်းသမီးနေရာသည် မကစ်ပဲဆိုတာကို ကျွန်တော်ရော၊ ကိုနေတိုးရော တိုင်ပင်ပြီးမှ မကစ်ကိုပဲ ကျွန်တော်တို့က ကမ်းလှမ်းခဲ့ကြတာပါ။ အချစ်ဈေးဆိုတဲ့ဇာတ်ကားမှာ လုပ်ရမယ့်ကာရိုက်တာသည် နုနုရွရွလေးနဲ့လုပ်ရမှာပါ။ မင်းသမီးသည် အရမ်းကိုမှ ယောကျာ်းနှစ်ယောက် ကိုနိုင်းနိုင်းနဲ့ကိုနေတိုးတို့က ဝိုင်းလုရမယ့်မင်းသမီးဆိုတော့ အရမ်းလှ နေမှကိုရမယ်။ ဆိုတဲ့အခါကတော့ မကစ်ကလွဲပြီး တခြားသူမရှိတော့ပါဘူး”လို့ မီဒီယာမိတ်ဆက် ပွဲမှာပြောကြားခဲ့ပါ တယ်။
နိုင်းနိုင်း၊ နေတိုး၊ ဝတ်မှုံရွှေရည်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက နိုင်းနိုင်းနဲ့ဝတ်မှုံရွှေရည်တို့အနေနဲ့ အနုပညာဖြတ်သန်းမှုတစ်လျှောက်မှာ ဒုတိယမြောက်ဆုံတွေ့ခြင်းသာဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါရိုက်တာပြည့်ဖြိုးနိုင်၊ ဇာတ်ညွှန်း မိုးနီလွင်တို့ဖန်တီးပုံဖော်မယ့် အချစ်ဈေးရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်းနိုင်း၊ နေတိုး၊ ဝတ်မှုံရွှေရည်တို့နဲ့ တခြားရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ဖန်တီးကြမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်ကြီး စိမ်းလန်းစိုပြည်စေဖို့ သစ်ပင်ထပ်မံစိုက်ပျိုးမယ့် မင်းသားနေထူးနိုင်
“စိမ်းလန်းစိုပြည်ဖို့ သစ်ပင်စိုက်ကြစို့” ခေါင်းစဉ်နဲ့ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ မင်းသားနေထူးနိုင်နဲ့ PUBG Mobile Game တို့ပူးပေါင်းကာ လာမယ့် ဖေဖော်ဝါရီလ (၂)ရက်မှာ ကနဦးရည်မှန်းထားချက်အရ သစ်ပင် (၁၀ဝ၈) ပင် စိုက်ပျိုးကြမှာဖြစ်ပါတယ်။ PUBG Mobile Game ဆော့တဲ့ လူငယ်လူရွယ်တွေအပါအဝင် မင်းသားနေထူးနိုင်ကို ချစ်ခင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်း မြန်မာနိုင်ငံကြီး စိမ်းလန်းစိုပြည်သာယာလှပလာစေဖို့အတွက် ပျော်ပျော်ပါးပါး သစ်ပင်စိုက်ရင်း သစ်ပင်စိုက်တဲ့အလေ့အထတွေလည်း ပြန့်ပွားစေလိုကြောင်းဆိုထားပါတယ်။
မကွေးတိုင်း‌ဒေသကြီး ချောက်မြို့နဲ့ မကွေးမြို့တို့ဟာ (၂၀၂၅) ခုနှစ်က ကမ္ဘာ့အပူဆုံး (၁၅) မြို့စာရင်းထဲမှာ ပါဝင်နေကြောင်း ဖော်ပြခြင်းခံထားရပြီး၊ ချောက်မြို့ရဲ့အမြင့်ဆုံးအပူချိန်ဟာ (၄၄ ဒသမ ၃) ဒီဂရီ ဆဲလ်ဆီးယပ် (၁၁၁ ဒသမ ၂ ဒီဂရီဖာရင်ဟိုက်)အထိရှိခဲ့ကာ၊ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲ ဒုတိယနေရာမှာ စာရင်းဝင်ခဲ့တာပါ။
မကွေးမြို့ကလည်း အမြင့်ဆုံးအပူချိန် (၄၃ ဒသမ ၂ ဒီဂရီ) ဆဲလ်ဆီးယပ် (၁၀၉ ဒသမ ၇၆ ဒီဂရီဖာရင်ဟိုက်) အထိရှိနေပြီး အဆင့် (၁၃)နေရာ၌ရှိနေကြောင်း မိုးလေဝသနဲ့ ဇလဗေဒòန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ဖူးပါ တယ်။
Green Zone Campaign ဖြစ်လာဖို့အတွက် PUBG Mobile Game နဲ့ နေထူးနိုင်တို့က အောင်မင်္ဂလာ ဆရာတော်ရဲ့လမ်းòန်မှုနဲ့ ရှင်သန်ကြီးထွားအောင် ပြုစုထိန်းသိမ်းစောင့်ရှောက်ဖို့ ပူးပေါင်းကာ သစ်ပင်(၁၀ဝ၈) ပင် စိုက်ပျိုးလှူဒါန်းသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ ၎င်းတို့ရဲ့သစ်ပင်စိုက်ပျိုးမှုအစီအစဉ်ကို စိတ်ပါဝင်စားသူတိုင်း ပါဝင်ကုသိုလ်ယူနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။ မင်းသားနေထူးနိုင်က ပူပြင်းခြောက်သွေ့တဲ့ အရပ်ဒေသ တချို့မှာ ၎င်းကိုယ်တိုင်ဦး‌ဆောင်မှုနဲ့ သစ်ပင်စိုက်ပျိုးခြင်းကိုလုပ်ကိုင်ဆောင်ရွက်ခဲ့တာ နှစ်အပိုင်းအခြားတစ်ခု ကြာမြင့် နေပြီဖြစ်ပြီး၊ ၎င်းနဲ့အတူ လူအများပူးပေါင်းပါဝင်လာအောင်လည်း အတွေ့အကြုံကောင်းတွေကို ပြန်လည်ဝေမျှ ဖိတ်ခေါ်လျက်ရှိတာကိုသတိပြုမိပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့နားခွင့်ပြုပါ။

Zawgyi Version;
(၂၀၂၅)ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ျခင္းအတြက္ သတင္းစကား
အိျဖဴ (NP News) - ေဖေဖာ္ဝါရီ ၂

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “၂၀၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု သတင္းစကား၊ ထိပ္တန္းအႏုပညာရွင္သုံးဦးဆုံမယ့္ အခ်စ္ေဈး၊ မင္းသား ေနထူးႏိုင္ သစ္ပင္စိုက္ပ်ိဳးျခင္း” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

အားၿပိဳင္လ်က္ရွိတဲ့ (၂၀၂၅) ခုႏွစ္ အကယ္ဒမီဆု
(၂၀၂၅)ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီလ(၇)ရက္၊ ေနျပည္ေတာ္မွာ က်င္းပေတာ့မွာျဖစ္ပါတယ္။ အကယ္ဒမီပြဲအခမ္းအနားက်င္းပဖို႔ရက္က တျဖည္းျဖည္းနီးကပ္လာ တာနဲ႔တစ္ၿပိဳင္နက္ ထင္ေၾကးေပးခံရတဲ့အႏုပညာရွင္ေတြရဲ႕နာမည္ေတြလည္း ထြက္ေပၚလ်က္ ရွိလို႔ေနပါၿပီ။
(၂၀၂၅)ခုႏွစ္မွာ႐ုံတင္ျပသခဲ့တဲ့ ျမန္မာ႐ုပ္ရွင္ဇာတ္ကား (၇၂)ကားအထိရွိခဲ့ၿပီး အဲဒီအထဲကမွ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုအကဲျဖတ္ေ႐ြးခ်ယ္ေရးအဖြဲ႕က ဒုတိယအဆင့္ၾကည့္ရႈမႈအျဖစ္ “ေမတၱာအေမြ ပုဂံေျမ၊ ရာသက္ပန္ငါ့ ေကာင္မေလး၊ ေမာင့္မိဖုရား၊ ျပဳစား၊ ဖီလင္၊ ကံ့ေကာ္နီ၊ ေျဗာသံ၊ ေျမစာ၊ ဂုဏ္၊ သူေတာ္တေစၦ ၊ ပၪၥလက္မိုး၊ ပန္းၿမိဳင္ လယ္မွဥယ်ာဥ္မႉး၊ နတ္ဝင္သည္၊ ျမစ္လက္တက္ေပမဲ့ ေရစီးက ၾကမ္းတယ္၊ ျပန္မေျပာရ၊ ဆရာမ (၂)၊ ညမဂၤလာ၊ ၿမိဳ႕ျပထဲကလမ္းမမ်ား၊ ႏွင္းပြင့္ေစရာ၊ အႏွစ္၊ အဆိပ္၊ ဘဝကိုစားေသာ ကိန္းဂဏန္းမ်ား” စတဲ့ ဇာတ္ကား (၂၂)ကားကို ထပ္မံၾကည့္ရႈအကဲျဖတ္ခဲ့ၾကပါတယ္။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အကဲျဖတ္ေ႐ြးခ်ယ္ေရးအဖြဲ႕ဝင္ေတြက ဇာတ္ကားေတြကို ၾကည့္ရႈအကဲျဖတ္ေနခ်ိန္မွာ ပင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္းရဲ႕ “အေျခာက္ဇာတ္ကားမ်ား၊ တေစၦသရဲဝိညာဥ္ဇာတ္ ကားမ်ား”ကို အကယ္ဒမီဆုအတြက္ ေ႐ြးခ်ယ္ဖို႔မသင့္ေၾကာင္း အဓိပၸာယ္သက္ေရာက္တဲ့ ေျပာဆိုမႈေတြရွိခဲ့တယ္လို႔ အႏုပညာအသိုင္းအဝိုင္းကတစ္ဆင့္ ျပန္လည္ၾကားသိခဲ့ရပါတယ္။
ဥကၠ႒တစ္ဦးအေနနဲ႔ အကဲျဖတ္အဖြဲ႕ဝင္ေတြ ၾကည့္ရႈအကဲျဖတ္စိစစ္ေနစဥ္မွာ အခုလိုေျပာဆိုလိုက္တာက မသင့္ေတာ္တဲ့အျပင္ ႐ုံတင္ျပသခဲ့တဲ့ဇာတ္ကားေတြစာရင္းကို ျပန္လည္ၾကည့္ရႈပါက ၎òန္းဆိုထားတဲ့ ဇာတ္ကား ေတြကို ထည့္သြင္းစဥ္းစားျခင္းမျပဳပါက က်န္ရွိတဲ့ဇာတ္ကားမ်ားစာရင္းမွာ အိမ္ေထာင္ေရး ေဖာက္ျပားမႈဇာတ္ကား စာရင္းက အေလးသာေနခဲ့တာကို သတိျပဳမိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ႐ုပ္ရွင္ထုတ္လုပ္ေရးေတြ အပါအဝင္ အႏုပညာ ရွင္ေတြ၊ အႏုပညာေလာကသားေတြကိုယ္တိုင္က ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္းရဲ႕ ႏႈတ္ထြက္ စကားအေပၚ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ အႏုပညာရွင္တိုင္းအတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုဆိုတာ ဘဝမွတ္ တိုင္ႀကီးတစ္ခု စိုက္ထူႏိုင္ျခင္းမ်ိဳးျဖစ္ၿပီး၊ အႏုပညာသမားတိုင္းရဲ႕ပန္းတိုင္ဆိုရင္လည္း မမွားပါဘူး။
အႏုပညာသမိုင္းတစ္ေလွ်ာက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုကို ႏွစ္စဥ္ခ်ီးျမႇင့္ရာမွာ “လူမတူေအာင္၊ အႏုပညာရွင္ မထပ္ေအာင္၊ စီနီယာအလိုက္ ခ်ီးျမႇင့္ရမယ္ဆိုတဲ့” စည္းကမ္းသတ္မွတ္ခ်က္လည္းမရွိခဲ့သလို တစ္ႏွစ္တာအတြင္း အႏုပညာရသျပည့္မီတဲ့ သ႐ုပ္ေဆာင္စြမ္းရည္ျမင့္မားတဲ့ အႏုပညာရွင္ေတြကိုသာ ေ႐ြးခ်ယ္ခ်ီးျမႇင့္ေလ့ရွိတာမ်ိဳးျဖစ္ ေၾကာင္း ေလ့လာသိရွိရပါတယ္။
(၂၀၂၄)ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆုကို ‘ေႏွာင္’ဇာတ္ကားနဲ႔ ေနတိုး၊ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ‘တိမ္ပန္းခ်ီ’ ဇာတ္ကားနဲ႔ ထပ္ဆင့္အကယ္ဒမီ ဝတ္မႈံေ႐ႊရည္၊ အမ်ိဳးသားဇာတ္ပို႔ဆုကို ‘မီး’ ဇာတ္ကားနဲ႔ ေအးခ်မ္းေမာင္၊ အမ်ိဳးသမီးဇာတ္ပို႔ဆုကို ‘ဘိုးေတာ္ကင္း’ဇာတ္ကားနဲ႔ ျခဴးေလး၊ ဒါ႐ိုက္တာဆုကို ‘အိပ္မက္ကာရန္’ ဇာတ္ကားနဲ႔ ဒါ႐ိုက္တာ ဝင္းလြင္ထက္၊ ႐ုပ္ရွင္ဓာတ္ပုံဆုကို ‘ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္’ ဇာတ္ကားနဲ႔ ေကာင္းဇံ၊ ႐ုပ္ရွင္ ေတးဂီတဆုကို ‘အိပ္မက္ကာရန္’ ဇာတ္ကားနဲ႔ ဓိရာမိုရ္၊ ဇာတ္òန္းဆုကို ‘တိမ္ပန္းခ်ီ’ ဇာတ္ကားနဲ႔ ေအးသီရိကို၊ ႐ုပ္ရွင္မိတ္ကပ္အထူးဆုကို ‘ေႏွာင္’ဇာတ္ကားနဲ႔ လုံလုံ(လကၤာဒီပ)၊ ႐ုပ္ရွင္တည္းျဖတ္ဆုကို ‘ေႏွာင္’ဇာတ္ကားနဲ႔ အာကာေက်ာ္၊ ႐ုပ္ရွင္အသံဆုကို ‘မီး’ ဇာတ္ကားနဲ႔ ေအာင္မ်ိဳးျမတ္နဲ႔ရဲဝင္း၊ ႐ုပ္ရွင္ဇာတ္ကားဆုကို ‘ခ်စ္သူသာ ပန္းတစ္ ပြင့္ျဖစ္ခဲ့လွ်င္’ ဇာတ္ကားတို႔က ထိုက္တန္စြာရရွိခဲ့ၾကတာ ျဖစ္ပါတယ္။ မၾကာမီက်င္းပေတာ့မယ့္ (၂၀၂၅) ခုႏွစ္အတြက္ အကယ္ဒမီဆုေပးပြဲအခမ္းအနားမွာလည္း မင္းသား၊ မင္းသမီး ဘယ္သူေတြက အကယ္ဒမီထူးခြၽန္ဆုေတြကို ရရွိသြားၾက မလဲဆိုတာကိုေတာ့ ရင္ခုန္စြာေစာင့္ ေမွ်ာ္ၾကည့္ရႈရမွာျဖစ္ပါတယ္။

၀တ္မႈံေ႐ႊရည္ကို အၿပိဳင္လုခ်စ္ၾကရမယ့္ ႏိုင္းႏိုင္းနဲ႔ေနတိုး
႐ုပ္ရွင္သ႐ုပ္ေဆာင္ ႏိုင္းႏိုင္း၊ ထပ္ဆင့္အကယ္ဒမီ ေနတိုးနဲ႔ ထပ္ဆင့္အကယ္ဒမီ ဝတ္မႈံေ႐ႊရည္တို႔ သုံးဦးတြဲ လ်က္ ပထမဆုံးျမင္ေတြ႕ရမယ့္ ‘အခ်စ္ေဈး’ အမည္ရွိ ႐ုပ္ရွင္ဇာတ္ကားႀကီးမိတ္ဆက္ပြဲကို (၂၇-၁-၂၀၂၆) ရက္က ျပဳ လုပ္ခဲ့ၾကပါတယ္။
“အခ်စ္ေဈး” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာပါဝင္လာမယ့္ အႏုပညာရွင္အမည္ ႀကိဳတင္ခန႔္မွန္းေၾကညာမႈမွာ မင္းသမီးအိျႏၵာေက်ာ္နဲ႔မင္းသမီးဝတ္မႈံေ႐ႊရည္တို႔ အားၿပိဳင္မႈျဖစ္ခဲ့ၿပီး၊ အခ်စ္ေဈးရဲ႕အဓိကဇာတ္ေဆာင္က မင္းသမီး ဝတ္မႈံေ႐ႊရည္ျဖစ္ေၾကာင္းကို တရားဝင္အသိေပးမိတ္ဆက္ခဲ့ျခင္းျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ထူးျခားမႈမွာ ႐ုပ္ရွင္ ႐ိုက္ကူးမႈရပ္နားခဲ့တာ ႏွစ္ခ်ီၾကာျမင့္ေနၿပီျဖစ္တဲ့ မင္းသားႏိုင္းႏိုင္း ပါဝင္လာျခင္းျဖစ္ၿပီး၊ မင္းသားႏိုင္းႏိုင္းနဲ႔ မင္းသား ေနတိုးတို႔ရဲ႕နာမည္ေရွ႕ေနာက္ကိစၥကလည္း ၎တို႔ပရိသတ္အခ်င္းခ်င္းၾကား စကားသံညံေစခဲ့ပါေသးတယ္။ ဒါေပမဲ့ ေနတိုးအေနနဲ႔ အကယ္ဒမီထူးခြၽန္ဆုမ်ားစြာကို ပိုင္ဆိုင္ထားေပမယ့္ မင္းသားႏိုင္းႏိုင္းက ၎ရဲ႕ စီနီယာျဖစ္ၿပီး ႐ုပ္ရွင္ျပန္ လည္႐ိုက္ကူးခ်ိန္မွာလည္း စီနီယာအေပၚေလးစားမႈကို အျပည့္အဝျပသႏိုင္ခဲ့ပါတယ္။
ဒါ႐ိုက္တာျပည့္ၿဖိဳးႏိုင္က မီဒီယာမိတ္ဆက္ပြဲမွာ ‘ပထမဆုံး ဒီဇာတ္ကိုစၿပီးၾကည့္မိကတည္းကိုက ဇာတ္ရဲ႕ မင္းသမီးေနရာသည္ မကစ္ပဲဆိုတာကို ကြၽန္ေတာ္ေရာ၊ ကိုေနတိုးေရာ တိုင္ပင္ၿပီးမွ မကစ္ကိုပဲ ကြၽန္ေတာ္တို႔က ကမ္းလွမ္းခဲ့ၾကတာပါ။ အခ်စ္ေဈးဆိုတဲ့ဇာတ္ကားမွာ လုပ္ရမယ့္ကာ႐ိုက္တာသည္ ႏုႏု႐ြ႐ြေလးနဲ႔လုပ္ရမွာပါ။ မင္းသမီးသည္ အရမ္းကိုမွ ေယာက်ာ္းႏွစ္ေယာက္ ကိုႏိုင္းႏိုင္းနဲ႔ကိုေနတိုးတို႔က ဝိုင္းလုရမယ့္မင္းသမီးဆိုေတာ့ အရမ္းလွ ေနမွကိုရမယ္။ ဆိုတဲ့အခါကေတာ့ မကစ္ကလြဲၿပီး တျခားသူမရွိေတာ့ပါဘူး”လို႔ မီဒီယာမိတ္ဆက္ ပြဲမွာေျပာၾကားခဲ့ပါ တယ္။
ႏိုင္းႏိုင္း၊ ေနတိုး၊ ဝတ္မႈံေ႐ႊရည္တို႔ရဲ႕သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းက ႏိုင္းႏိုင္းနဲ႔ဝတ္မႈံေ႐ႊရည္တို႔အေနနဲ႔ အႏုပညာျဖတ္သန္းမႈတစ္ေလွ်ာက္မွာ ဒုတိယေျမာက္ဆုံေတြ႕ျခင္းသာျဖစ္တယ္လို႔လည္းသိရပါတယ္။
ဒါ႐ိုက္တာျပည့္ၿဖိဳးႏိုင္၊ ဇာတ္ၫႊန္း မိုးနီလြင္တို႔ဖန္တီးပုံေဖာ္မယ့္ အခ်စ္ေဈး႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ႏိုင္းႏိုင္း၊ ေနတိုး၊ ဝတ္မႈံေ႐ႊရည္တို႔နဲ႔ တျခား႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္အားျဖည့္ဖန္တီးၾကမွာျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာျပည္ႀကီး စိမ္းလန္းစိုျပည္ေစဖို႔ သစ္ပင္ထပ္မံစိုက္ပ်ိဳးမယ့္ မင္းသားေနထူးႏိုင္
“စိမ္းလန္းစိုျပည္ဖို႔ သစ္ပင္စိုက္ၾကစို႔” ေခါင္းစဥ္နဲ႔ မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕မွာ မင္းသားေနထူးႏိုင္နဲ႔ PUBG Mobile Game တို႔ပူးေပါင္းကာ လာမယ့္ ေဖေဖာ္ဝါရီလ (၂)ရက္မွာ ကနဦးရည္မွန္းထားခ်က္အရ သစ္ပင္ (၁၀ဝ၈) ပင္ စိုက္ပ်ိဳးၾကမွာျဖစ္ပါတယ္။ PUBG Mobile Game ေဆာ့တဲ့ လူငယ္လူ႐ြယ္ေတြအပါအဝင္ မင္းသားေနထူးႏိုင္ကို ခ်စ္ခင္အားေပးၾကတဲ့ပရိသတ္မ်ားအားလုံးကိုလည္း ျမန္မာႏိုင္ငံႀကီး စိမ္းလန္းစိုျပည္သာယာလွပလာေစဖို႔အတြက္ ေပ်ာ္ေပ်ာ္ပါးပါး သစ္ပင္စိုက္ရင္း သစ္ပင္စိုက္တဲ့အေလ့အထေတြလည္း ျပန႔္ပြားေစလိုေၾကာင္းဆိုထားပါတယ္။
မေကြးတိုင္း‌ေဒသႀကီး ေခ်ာက္ၿမိဳ႕နဲ႔ မေကြးၿမိဳ႕တို႔ဟာ (၂၀၂၅) ခုႏွစ္က ကမာၻ႔အပူဆုံး (၁၅) ၿမိဳ႕စာရင္းထဲမွာ ပါဝင္ေနေၾကာင္း ေဖာ္ျပျခင္းခံထားရၿပီး၊ ေခ်ာက္ၿမိဳ႕ရဲ႕အျမင့္ဆုံးအပူခ်ိန္ဟာ (၄၄ ဒသမ ၃) ဒီဂရီ ဆဲလ္ဆီးယပ္ (၁၁၁ ဒသမ ၂ ဒီဂရီဖာရင္ဟိုက္)အထိရွိခဲ့ကာ၊ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးၿမိဳ႕ေတြထဲ ဒုတိယေနရာမွာ စာရင္းဝင္ခဲ့တာပါ။
မေကြးၿမိဳ႕ကလည္း အျမင့္ဆုံးအပူခ်ိန္ (၄၃ ဒသမ ၂ ဒီဂရီ) ဆဲလ္ဆီးယပ္ (၁၀၉ ဒသမ ၇၆ ဒီဂရီဖာရင္ဟိုက္) အထိရွိေနၿပီး အဆင့္ (၁၃)ေနရာ၌ရွိေနေၾကာင္း မိုးေလဝသနဲ႔ ဇလေဗဒòန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ေၾကညာခဲ့ဖူးပါ တယ္။
Green Zone Campaign ျဖစ္လာဖို႔အတြက္ PUBG Mobile Game နဲ႔ ေနထူးႏိုင္တို႔က ေအာင္မဂၤလာ ဆရာေတာ္ရဲ႕လမ္းòန္မႈနဲ႔ ရွင္သန္ႀကီးထြားေအာင္ ျပဳစုထိန္းသိမ္းေစာင့္ေရွာက္ဖို႔ ပူးေပါင္းကာ သစ္ပင္(၁၀ဝ၈) ပင္ စိုက္ပ်ိဳးလႉဒါန္းသြားမွာျဖစ္ေၾကာင္းသိရွိရပါတယ္။ ၎တို႔ရဲ႕သစ္ပင္စိုက္ပ်ိဳးမႈအစီအစဥ္ကို စိတ္ပါဝင္စားသူတိုင္း ပါဝင္ကုသိုလ္ယူႏိုင္ေၾကာင္းလည္း ဖိတ္ေခၚထားပါတယ္။ မင္းသားေနထူးႏိုင္က ပူျပင္းေျခာက္ေသြ႕တဲ့ အရပ္ေဒသ တခ်ိဳ႕မွာ ၎ကိုယ္တိုင္ဦး‌ေဆာင္မႈနဲ႔ သစ္ပင္စိုက္ပ်ိဳးျခင္းကိုလုပ္ကိုင္ေဆာင္႐ြက္ခဲ့တာ ႏွစ္အပိုင္းအျခားတစ္ခု ၾကာျမင့္ ေနၿပီျဖစ္ၿပီး၊ ၎နဲ႔အတူ လူအမ်ားပူးေပါင္းပါဝင္လာေအာင္လည္း အေတြ႕အႀကဳံေကာင္းေတြကို ျပန္လည္ေဝမွ် ဖိတ္ေခၚလ်က္ရွိတာကိုသတိျပဳမိပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.