Sukhoi SJ-100 ဂျက်လေယာဉ်များထုတ်လုပ်ရန် အိန္ဒိယနှင့်ရုရှားတို့ ပူးပေါင်းဆောင်ရွက်သွားမည်

125

Pika (NP News) - ဖေဖော်ဝါရီ ၂
Sukhoi SJ-100 ဂျက်လေယာဉ်များထုတ် လုပ်ရန်အတွက် အိန္ဒိယနိုင်ငံ ကျောထောက်နောက်ခံ ပြု Hindustan Aeronautics Limited (HAL) ကုမ္ပဏီသည် ရုရှား၏ PJSC United Aircraft Corporation (UAC) ကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ Sukhoi SJ-100 လေယာဉ်သည် အင်ဂျင် နှစ်လုံးတပ်၊ ကိုယ်ထည်ကျဉ်းသော ရုရှားဒေသတွင်း ခရီးသည်တင်လေယာဉ်အမျိုးအစားဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်း (၁၆)ခုကျော်တွင် ယူနစ်(၂၀ဝ)ကျော် လည်ပတ်လျက်ရှိကြောင်းသိရသည်။ အဆိုပါ သဘောတူညီချက်အရ HAL ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် ပြည်တွင်းအသုံးပြုမှုများအတွက် ယင်းလေယာဉ်များကို ထုတ်လုပ်ခွင့်ရရှိမည်ဖြစ် ကြောင်းသိရသည်။ ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာနေသော လေကြောင်းဈေးကွက်များထဲ မှတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံသည် လာမည့်ဆယ် စုနှစ်အတွင်း ဒေသတွင်း ချိတ်ဆက်မှုကိုမြှင့်တင်ရန်အတွက် ဂျက်လေယာဉ် (၂၀ဝ) ကျော်လိုအပ်မည်ဖြစ် ကြောင်းလည်းသိရသည်။ အရပ်ဘက်ခရီးသည်တင် SJ-100 လေယာဉ် များထုတ်လုပ် ရန်အတွက် UAC ကုမ္ပဏီနှင့်နားလည်မှုစာချွန်လွှာတစ်ခုကိုလက်မှတ် ရေးထိုးခဲ့ကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် HAL ကုမ္ပဏီကထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် SJ-100 လေယာဉ်များသည် အိန္ဒိယနိုင်ငံရှိ UDAN အစီအစဉ်အရ ခရီးတို ချိတ်ဆက်မှုအတွက် အဓိကကျသောအပြောင်းအလဲတစ်ခုဖြစ်လာလိမ့်မည်ဟု HAL ကုမ္ပဏီကပြောကြားခဲ့သည်။ အိန္ဒိယ တွင် SJ-100 လေယာဉ်များထုတ်လုပ်ခြင်းသည် အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်များကို မြှင့်တင် မည့် ‘Make in India’ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

Zawgyi Version;
Sukhoi SJ-100 ဂ်က္ေလယာဥ္မ်ားထုတ္လုပ္ရန္ အိႏၵိယႏွင့္႐ုရွားတို႔ ပူးေပါင္းေဆာင္႐ြက္သြားမည္
Pika (NP News) - ေဖေဖာ္ဝါရီ ၂
Sukhoi SJ-100 ဂ်က္ေလယာဥ္မ်ားထုတ္ လုပ္ရန္အတြက္ အိႏၵိယႏိုင္ငံ ေက်ာေထာက္ေနာက္ခံ ျပဳ Hindustan Aeronautics Limited (HAL) ကုမၸဏီသည္ ႐ုရွား၏ PJSC United Aircraft Corporation (UAC) ကုမၸဏီႏွင့္ပူးေပါင္း ေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ Sukhoi SJ-100 ေလယာဥ္သည္ အင္ဂ်င္ ႏွစ္လုံးတပ္၊ ကိုယ္ထည္က်ဥ္းေသာ ႐ုရွားေဒသတြင္း ခရီးသည္တင္ေလယာဥ္အမ်ိဳးအစားျဖစ္ၿပီး ကမာၻတစ္ဝန္းရွိ ေလေၾကာင္းလိုင္း (၁၆)ခုေက်ာ္တြင္ ယူနစ္(၂၀ဝ)ေက်ာ္ လည္ပတ္လ်က္ရွိေၾကာင္းသိရသည္။ အဆိုပါ သေဘာတူညီခ်က္အရ HAL ကုမၸဏီသည္ အိႏၵိယႏိုင္ငံတြင္ ျပည္တြင္းအသုံးျပဳမႈမ်ားအတြက္ ယင္းေလယာဥ္မ်ားကို ထုတ္လုပ္ခြင့္ရရွိမည္ျဖစ္ ေၾကာင္းသိရသည္။ ကမာၻ႔အလ်င္ျမန္ဆုံး ႀကီးထြားလာေနေသာ ေလေၾကာင္းေဈးကြက္မ်ားထဲ မွတစ္ခုျဖစ္သည့္ အိႏၵိယႏိုင္ငံသည္ လာမည့္ဆယ္ စုႏွစ္အတြင္း ေဒသတြင္း ခ်ိတ္ဆက္မႈကိုျမႇင့္တင္ရန္အတြက္ ဂ်က္ေလယာဥ္ (၂၀ဝ) ေက်ာ္လိုအပ္မည္ျဖစ္ ေၾကာင္းလည္းသိရသည္။ အရပ္ဘက္ခရီးသည္တင္ SJ-100 ေလယာဥ္ မ်ားထုတ္လုပ္ ရန္အတြက္ UAC ကုမၸဏီႏွင့္နားလည္မႈစာခြၽန္လႊာတစ္ခုကိုလက္မွတ္ ေရးထိုးခဲ့ေၾကာင္း ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလတြင္ HAL ကုမၸဏီကထုတ္ျပန္ေၾကညာခဲ့သည္။ ထို႔ျပင္ SJ-100 ေလယာဥ္မ်ားသည္ အိႏၵိယႏိုင္ငံရွိ UDAN အစီအစဥ္အရ ခရီးတို ခ်ိတ္ဆက္မႈအတြက္ အဓိကက်ေသာအေျပာင္းအလဲတစ္ခုျဖစ္လာလိမ့္မည္ဟု HAL ကုမၸဏီကေျပာၾကားခဲ့သည္။ အိႏၵိယ တြင္ SJ-100 ေလယာဥ္မ်ားထုတ္လုပ္ျခင္းသည္ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ၏ ျပည္တြင္းထုတ္လုပ္မႈစြမ္းရည္မ်ားကို ျမႇင့္တင္ မည့္ ‘Make in India’ အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းလည္းျဖစ္သည္။