ကျူးဘားနိုင်ငံအတွက် ရေနံကူညီပေးသည့်နိုင်ငံများကိုမြင့်မားသော ကုန်သွယ်ခွန်ကောက်ခံမည်ဟု ထရမ့်ပြော

136

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကျူးဘားနိုင်ငံကို ရေနံကူညီထောက်ပံ့ပေးမည့်နိုင်ငံများကို မြင့်မား သည့်ကုန်သွယ်ခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အမေရိကန်နိုင်ငံသည် ဇန်နဝါရီလ အစော ပိုင်းတွင် ဗင်နီဇွဲလား သမ္မတနီကိုးလပ်မာဒူရိုကို ဖမ်ဆီးခဲ့ပြီးနောက် ကျူးဘားနိုင်ငံကို ပစ်မှတ်ထားနေကြောင်း သိရ သည်။
အမေရိကန်သမ္မတက ကျူးဘားနိုင်ငံသည် နောက်ထပ် ပျက်စီးဆုံးရှုံးရဖွယ်ရှိနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်သမ္မတက ကျူးဘားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အလွန်အမင်းခြိမ်းခြောက် လျက်ရှိနေကြောင်း စွပ်စွဲပြောဆိုထားသည်။အမေရိကန်သမ္မတက ‘အမေရိကန်နိုင်ငံဟာ ကျူး ဘားအစိုးရရဲ့လုယက်မှုတွေကို လုံးဝသည်းမခံနိုင်တော့ဘူး၊ အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒများ၊ အမျိုးသား လုံခြုံရေးနဲ့ ဘေးကင်းမှုများကို တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ ကျူးဘားနိုင်ငံအပေါ် ဘယ်လိုတုံ့ ပြန်ရမလဲဆိုတဲ့ နည်းလမ်းကိုရှာတွေ့ထားတယ်’ ဟုပြောသည်။ အမေရိကန်သမ္မတက ကျူးဘားနိုင်ငံကိုရေနံ ထောက်ပံ့ပေးခြင်း၊ တိုက်ရိုက် သို့ မဟုတ် သွယ်ဝိုက်ပြီး ရေနံရောင်းချနေသော နိုင်ငံများကို ကုန်သွယ်ခွန် ပိုမိုတိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း အမေရိကန်သမ္မတကပြောသည်။
အမေရိကန်အစိုးရသည် ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ဖမ်းဆီးလိုက်ပြီးနောက် ကျူးဘားနိုင်ငံကို ရေနံကူညီ ထောက်ပံ့ပေးမှုများကို ဖြတ်တောက်နိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ကျူးဘားနိုင်ငံကို ရေနံ အဓိက ထောက်ပံ့ပေးနေသည့် မက္ကဆီကိုနိုင်ငံကို ဖိအားပေးလျက်ရှိနေကြောင်း သိရသည်။ အမေရိကန်သမ္မတက ကျူးဘား အစိုးရအဖွဲ့သည် မကြာခင်တွင် ကျဆုံးရဖွယ်ရှိနေကြောင်း၊ သိရသည်။ အမေရိကန်နိုင်ငံသည် ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးပြီးနောက် ကျူးဘားနိုင်ငံအပေါ် ရေနံထောက်ပံ့ပေးမှုများ ဖြတ်တောက်ခဲ့ရာ ကျူးဘားနိုင်ငံတွင် ရေနံ အခက်ခဲဖြစ်လျက်ရှိနေကြောင်းသိ ရသည်။ လက်ရှိအချိန်တွင် ကျူးဘားနိုင်ငံ၏ အရန် ရေနံဆီသည် ရက်ပေါင်း (၂၀)နီးပါးစာသာ ကျန်ရှိတော့ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။ ကျူးဘားသမ္မတ ကာနယ်က အမေရိ ကန်နိုင်ငံအနေဖြင့် ပြင်းထန်သော ခြိမ်းခြောက်မှုများလုပ်ဆောင် နေသော်လည်း ကျူးဘားနိုင်ငံကို တားဆီးနိုင်မည် မဟုတ်ကြောင်း တုံ့ပြန်ထားသည်။
ကျူးဘားနိုင်ငံသည် (၁၉၆၀)ပြည့်နှစ် နောက်ပိုင်းကတည်းက အမေရိကန်၏ ပစ်မှတ်ထား ပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရ သောနိုင်ငံဖြစ်ကြောင်း သိရသည်။

Zawgyi Version;
က်ဴးဘားႏိုင္ငံအတြက္ ေရနံကူညီေပးသည့္ႏိုင္ငံမ်ားကိုျမင့္မားေသာ ကုန္သြယ္ခြန္ေကာက္ခံမည္ဟု ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ က်ဴးဘားႏိုင္ငံကို ေရနံကူညီေထာက္ပံ့ေပးမည့္ႏိုင္ငံမ်ားကို ျမင့္မား သည့္ကုန္သြယ္ခြန္မ်ား ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။ အေမရိကန္ႏိုင္ငံသည္ ဇန္နဝါရီလ အေစာ ပိုင္းတြင္ ဗင္နီဇြဲလား သမၼတနီကိုးလပ္မာဒူ႐ိုကို ဖမ္ဆီးခဲ့ၿပီးေနာက္ က်ဴးဘားႏိုင္ငံကို ပစ္မွတ္ထားေနေၾကာင္း သိရ သည္။
အေမရိကန္သမၼတက က်ဴးဘားႏိုင္ငံသည္ ေနာက္ထပ္ ပ်က္စီးဆုံးရႈံးရဖြယ္ရွိေနေၾကာင္း မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အေမရိကန္သမၼတက က်ဴးဘားႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးကို အလြန္အမင္းၿခိမ္းေျခာက္ လ်က္ရွိေနေၾကာင္း စြပ္စြဲေျပာဆိုထားသည္။အေမရိကန္သမၼတက ‘အေမရိကန္ႏိုင္ငံဟာ က်ဴး ဘားအစိုးရရဲ႕လုယက္မႈေတြကို လုံးဝသည္းမခံႏိုင္ေတာ့ဘူး၊ အေမရိကန္ႏိုင္ငံရဲ႕ႏိုင္ငံျခားေရးမူဝါဒမ်ား၊ အမ်ိဳးသား လုံၿခဳံေရးနဲ႔ ေဘးကင္းမႈမ်ားကို တိုက္႐ိုက္ ၿခိမ္းေျခာက္ေနတဲ့ က်ဴးဘားႏိုင္ငံအေပၚ ဘယ္လိုတုံ႔ ျပန္ရမလဲဆိုတဲ့ နည္းလမ္းကိုရွာေတြ႕ထားတယ္’ ဟုေျပာသည္။ အေမရိကန္သမၼတက က်ဴးဘားႏိုင္ငံကိုေရနံ ေထာက္ပံ့ေပးျခင္း၊ တိုက္႐ိုက္ သို႔ မဟုတ္ သြယ္ဝိုက္ၿပီး ေရနံေရာင္းခ်ေနေသာ ႏိုင္ငံမ်ားကို ကုန္သြယ္ခြန္ ပိုမိုတိုးျမႇင့္ေကာက္ခံမည္ျဖစ္ ေၾကာင္း အေမရိကန္သမၼတကေျပာသည္။
အေမရိကန္အစိုးရသည္ ဗင္နီဇြဲလား သမၼတ မာဒူ႐ိုကို ဖမ္းဆီးလိုက္ၿပီးေနာက္ က်ဴးဘားႏိုင္ငံကို ေရနံကူညီ ေထာက္ပံ့ေပးမႈမ်ားကို ျဖတ္ေတာက္ႏိုင္ခဲ့ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ က်ဴးဘားႏိုင္ငံကို ေရနံ အဓိက ေထာက္ပံ့ေပးေနသည့္ မကၠဆီကိုႏိုင္ငံကို ဖိအားေပးလ်က္ရွိေနေၾကာင္း သိရသည္။ အေမရိကန္သမၼတက က်ဴးဘား အစိုးရအဖြဲ႕သည္ မၾကာခင္တြင္ က်ဆုံးရဖြယ္ရွိေနေၾကာင္း၊ သိရသည္။ အေမရိကန္ႏိုင္ငံသည္ ဗင္နီဇြဲလား သမၼတကို ဖမ္းဆီးၿပီးေနာက္ က်ဴးဘားႏိုင္ငံအေပၚ ေရနံေထာက္ပံ့ေပးမႈမ်ား ျဖတ္ေတာက္ခဲ့ရာ က်ဴးဘားႏိုင္ငံတြင္ ေရနံ အခက္ခဲျဖစ္လ်က္ရွိေနေၾကာင္းသိ ရသည္။ လက္ရွိအခ်ိန္တြင္ က်ဴးဘားႏိုင္ငံ၏ အရန္ ေရနံဆီသည္ ရက္ေပါင္း (၂၀)နီးပါးစာသာ က်န္ရွိေတာ့ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚေနသည္။ က်ဴးဘားသမၼတ ကာနယ္က အေမရိ ကန္ႏိုင္ငံအေနျဖင့္ ျပင္းထန္ေသာ ၿခိမ္းေျခာက္မႈမ်ားလုပ္ေဆာင္ ေနေသာ္လည္း က်ဴးဘားႏိုင္ငံကို တားဆီးႏိုင္မည္ မဟုတ္ေၾကာင္း တုံ႔ျပန္ထားသည္။
က်ဴးဘားႏိုင္ငံသည္ (၁၉၆၀)ျပည့္ႏွစ္ ေနာက္ပိုင္းကတည္းက အေမရိကန္၏ ပစ္မွတ္ထား ပိတ္ဆို႔မႈမ်ားကို ရင္ဆိုင္ခဲ့ရ ေသာႏိုင္ငံျဖစ္ေၾကာင္း သိရသည္။