ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသောအမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားရန် စီစဉ်သူများကို အလုပ်နှင့်ထောင်ဒဏ် နှစ် (၂ဝ) ချမှတ်

 367

စော (NP News) - ဖေဖော်ဝါရီ ၂

ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသောအမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားရန်စီစဉ်သူများကို အလုပ်နှင့်ထောင်ဒဏ် နှစ်(၂ဝ)ချမှတ်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နေ အသက်(၂ဝ)နှစ်အရွယ် မိန်းကလေးနှင့် လိပ်စာတူနေ သူတို့နှစ်ဦးသည် ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ဒေါ်ရှင်းထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် ထမင်းဆိုင်ပိုင်ရှင်နှင့်ရန်ဖြစ်ခဲ့ရာ ထမင်းပိုင်ရှင်မှ ကြိုတင်ထုတ်ယူထားသော ငွေကျပ်နှစ်သိန်းအား ပြန်လည်တောင်းယူခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြန်ပေးရန် ငွေမရှိ၍ အခက်အခဲဖြစ်နေစဉ် Tik Tok ၌ @funny 2023831 Funny ri အမည်ရှိ အကောင့်တစ်ခုမှ တရုတ်မိန်းမလုပ်ချင်သူများ တင်တောင်းငွေကျပ်သိန်း ၈ဝ ကျော် နှင့် လစဉ် ငွေကျပ်သိန်း ၃ဝ ကျော်ဖြင့် ခေါ်ယူရေးသားထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ တရုတ်နိုင်ငံတွင် နေထိုင်ရမည်၊ လမ်းစရိတ် စိုက်ထုတ်ခေါ်ပေးမည့်အပြင် တရုတ်အမျိုးသားနှင့် ဆက်လက်ပေါင်းသင်းလိုခြင်းမရှိဘဲ အခြားတရုတ်အမျိုးသားနှင့် ထပ်မံပေါင်းသင်းပါက ငွေကျပ်သိန်း ၁၈ဝ ထပ်မံရရှိမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့လုပ်ကိုင်နေသည့် ထမင်းဆိုင်သို့ အကောင့်ပိုင်ရှင် မထက်ထက် စေလွှတ်လိုက်သည့် မသန္တာလွင် ဆိုသူရောက်ရှိလာပြီး ကြိုတင်ထုတ်ယူထားသော ငွေကျပ် နှစ်သိန်းအား ထမင်းဆိုင်ပိုင်ရှင်ထံပေးခဲ့ကာ ၎င်းတို့အား မန္တလေးမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး မြန်မာသန်းဝေဟိုတယ်တွင် တည်းခိုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အကြည်တော် ဟိုတယ်သို့ ထပ်မံခေါ်ဆောင်သွားခဲ့ပြီး ဒေါ်လဖိုင်ချိန်ဘူနှင့် တွေ့ဆုံပေးခဲ့ရာ ဒေါ်လဖိုင်ချိန်ဘူ မှ မန္တလေး-လားရှိုး-မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သွားရောက်ရမည်ဟု ပြောဆိုခဲ့သည့်အတွက် မသန္တာလွင်မှ ၎င်းတို့အား ပြင်ဦးလွင်မြို့မှ လားရှိုးမြို့သို့ ပို့ဆောင်ခဲ့သည်ကို စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)က တရားလိုပြုလုပ်၍ ပြင်ဦးလွင် မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်း(ပ)၅၄/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်တရားစွဲတင်ပို့ခဲ့ရာ ပြင်ဦးလွင်ခရိုင် တရားရုံးမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် တရားခံ မသန္တာလွင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိမ်းရှောင် တရားခံ ဒေါ်လဖိုင်ချိန်ဘူ နှင့် မထက်ထက်တို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၅၁၂ အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈/၈၇ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထမင္းဆိုင္တြင္ အလုပ္လုပ္ကိုင္ေနေသာအမ်ိဳးသမီးမ်ားအား တ႐ုတ္မယားအျဖစ္ ေရာင္းစားရန္ စီစဥ္သူမ်ားကို အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ (၂ဝ) ခ်မွတ္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂
ထမင္းဆိုင္တြင္ အလုပ္လုပ္ကိုင္ေနေသာအမ်ိဳးသမီးမ်ားအား တ႐ုတ္မယားအျဖစ္ ေရာင္းစားရန္စီစဥ္သူမ်ားကို အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္(၂ဝ)ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ အခ်က္အလက္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး ေကာ့မႉးၿမိဳ႕နယ္ေန အသက္(၂ဝ)ႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ လိပ္စာတူေန သူတို႔ႏွစ္ဦးသည္ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊတိဂုံဘုရားအေနာက္ဘက္ရွိ ေဒၚရွင္းထမင္းဆိုင္တြင္ အလုပ္လုပ္ကိုင္ေနစဥ္ ထမင္းဆိုင္ပိုင္ရွင္ႏွင့္ရန္ျဖစ္ခဲ့ရာ ထမင္းပိုင္ရွင္မွ ႀကိဳတင္ထုတ္ယူထားေသာ ေငြက်ပ္ႏွစ္သိန္းအား ျပန္လည္ေတာင္းယူခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပန္ေပးရန္ ေငြမရွိ၍ အခက္အခဲျဖစ္ေနစဥ္ Tik Tok ၌ @funny 2023831 Funny ri အမည္ရွိ အေကာင့္တစ္ခုမွ တ႐ုတ္မိန္းမလုပ္ခ်င္သူမ်ား တင္ေတာင္းေငြက်ပ္သိန္း ၈ဝ ေက်ာ္ ႏွင့္ လစဥ္ ေငြက်ပ္သိန္း ၃ဝ ေက်ာ္ျဖင့္ ေခၚယူေရးသားထားသည္ကို ေတြ႕ရွိသျဖင့္ ဆက္သြယ္ခဲ့ရာ တ႐ုတ္ႏိုင္ငံတြင္ ေနထိုင္ရမည္၊ လမ္းစရိတ္ စိုက္ထုတ္ေခၚေပးမည့္အျပင္ တ႐ုတ္အမ်ိဳးသားႏွင့္ ဆက္လက္ေပါင္းသင္းလိုျခင္းမရွိဘဲ အျခားတ႐ုတ္အမ်ိဳးသားႏွင့္ ထပ္မံေပါင္းသင္းပါက ေငြက်ပ္သိန္း ၁၈ဝ ထပ္မံရရွိမည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔လုပ္ကိုင္ေနသည့္ ထမင္းဆိုင္သို႔ အေကာင့္ပိုင္ရွင္ မထက္ထက္ ေစလႊတ္လိုက္သည့္ မသႏၲာလြင္ ဆိုသူေရာက္ရွိလာၿပီး ႀကိဳတင္ထုတ္ယူထားေသာ ေငြက်ပ္ ႏွစ္သိန္းအား ထမင္းဆိုင္ပိုင္ရွင္ထံေပးခဲ့ကာ ၎တို႔အား မႏၲေလးၿမိဳ႕သို႔ ေခၚေဆာင္သြားခဲ့ၿပီး ျမန္မာသန္းေဝဟိုတယ္တြင္ တည္းခိုခဲ့ၾကေၾကာင္း သိရသည္။
ထို႔ျပင္ အၾကည္ေတာ္ ဟိုတယ္သို႔ ထပ္မံေခၚေဆာင္သြားခဲ့ၿပီး ေဒၚလဖိုင္ခ်ိန္ဘူႏွင့္ ေတြ႕ဆုံေပးခဲ့ရာ ေဒၚလဖိုင္ခ်ိန္ဘူ မွ မႏၲေလး-လားရႈိး-မူဆယ္နယ္စပ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ရမည္ဟု ေျပာဆိုခဲ့သည့္အတြက္ မသႏၲာလြင္မွ ၎တို႔အား ျပင္ဦးလြင္ၿမိဳ႕မွ လားရႈိးၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့သည္ကို စိစစ္ေပၚေပါက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမွတ္(၁၁)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု(မႏၲေလး)က တရားလိုျပဳလုပ္၍ ျပင္ဦးလြင္ ၿမိဳ႕နယ္ ပိတ္ခ်င္းေျမာင္နယ္ေျမရဲစခန္း(ပ)၅၄/၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅/၄၄ ျဖင့္ အမႈဖြင့္တရားစြဲတင္ပို႔ခဲ့ရာ ျပင္ဦးလြင္ခ႐ိုင္ တရား႐ုံးမွ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၂၈ ရက္တြင္ တရားခံ မသႏၲာလြင္အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္ ၂၀ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တိမ္းေရွာင္ တရားခံ ေဒၚလဖိုင္ခ်ိန္ဘူ ႏွင့္ မထက္ထက္တို႔ႏွစ္ဦးအား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)/၅၁၂ အရ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၈/၈၇ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.