အီရန်အစိုးရ၏နေ့ရက်များက ရေတွက်ခံနေရပြီဟု ဂျာမန်အဓိပတိ သတိပေး

 215

Pika (NP News) - ဖေဖော်ဝါရီ ၂

အီရန်အစိုးရ၏နေ့ရက်များက ရေတွက်ခံ နေရပြီဖြစ်ကြောင်း ဂျာမန်အဓိပတိဖရက်ဒရစ်မာ့ဇ်က ထုတ်ပြန်ပြော ကြားခဲ့သည်။ ဆန္ဒပြပွဲများကို အီရန်၏ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှုများလုပ်ဆောင် သွားမည်ဆိုသည့် ခြိမ်းခြောက်မှုများကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အသစ်တစ်ဖန်ပြုလုပ်ခဲ့ပြီးနောက် ဖရက် ဒရစ်မာ့ဇ်၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖရက်ဒရစ်မာ့ဇ်က ‘ကိုယ်ပိုင်လူဦးရေအပေါ် အကြမ်းဖက်မှုနဲ့ ကြောက်ရွံ့မှုတွေကနေသာတစ်ဆင့် အာဏာကိုထိန်း ထားနိုင်တဲ့ အီရန်အစိုးရရဲ့နေ့ရက်တွေက ရေတွက်ခံနေရပါပြီ။ သီတင်းပတ်အနည်းငယ်လောက်အကြာမှာ အီရန်အစိုးရက နိုင်ငံကို တရားဝင် အုပ်ချုပ်မှုတွေ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး}ဟုပြောဆိုခဲ့သည်။ မကြာသေးမီကဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း လူထောင်ပေါင်းများစွာသေဆုံးမှုက အီရန်အစိုးရသည် ကြောက်ရွံ့မှုများမှသာတစ်ဆင့် အာဏာ ကိုဆုပ်ကိုင်ထားနိုင်ကြောင်းကို ပြသနေခြင်းမျိုးဖြစ် ကြောင်း ဖရက်ဒရစ်မာ့ဇ်က ဝေဖန်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်ဒီဇင်ဘာလနှောင်းပိုင်းမှစတင်ကာ လက်ရှိ အချိန်အထိဖြစ်ပွားနေ သောဆန္ဒပြပွဲများအတွင်း အီရန်လုံခြုံရေးတပ်ဖွဲ့များ၏လက်ချက်များကြောင့် သေဆုံးသူ(၆၂၀ဝ)ကျော်အထိ ရှိလာပြီဖြစ် ပြီး အများစုမှာ ဆန္ဒပြသူများဖြစ်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများသတင်းဌာန (HRANA) က အတည်ပြုပြောဆိုခဲ့သည်။ ထို့ပြင် အင်တာနက် ဖြတ်တောက်မှုများကြောင့် သတ်ဖြတ်မှုပမာဏနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အတည်ပြုရန်ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့မှုနှင့်အတူ လက်တွေ့သေဆုံးသူ အရေ အတွက်မှာ အဆပေါင်း များစွာပိုများနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

Zawgyi Version;
အီရန္အစိုးရ၏ေန႔ရက္မ်ားက ေရတြက္ခံေနရၿပီဟု ဂ်ာမန္အဓိပတိ သတိေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၂

အီရန္အစိုးရ၏ေန႔ရက္မ်ားက ေရတြက္ခံ ေနရၿပီျဖစ္ေၾကာင္း ဂ်ာမန္အဓိပတိဖရက္ဒရစ္မာ့ဇ္က ထုတ္ျပန္ေျပာ ၾကားခဲ့သည္။ ဆႏၵျပပြဲမ်ားကို အီရန္၏ကိုင္တြယ္ေျဖရွင္းမႈႏွင့္ပတ္သက္ၿပီး ဝင္ေရာက္စြက္ဖက္မႈမ်ားလုပ္ေဆာင္ သြားမည္ဆိုသည့္ ၿခိမ္းေျခာက္မႈမ်ားကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က အသစ္တစ္ဖန္ျပဳလုပ္ခဲ့ၿပီးေနာက္ ဖရက္ ဒရစ္မာ့ဇ္၏ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ဖရက္ဒရစ္မာ့ဇ္က ‘ကိုယ္ပိုင္လူဦးေရအေပၚ အၾကမ္းဖက္မႈနဲ႔ ေၾကာက္႐ြံ႕မႈေတြကေနသာတစ္ဆင့္ အာဏာကိုထိန္း ထားႏိုင္တဲ့ အီရန္အစိုးရရဲ႕ေန႔ရက္ေတြက ေရတြက္ခံေနရပါၿပီ။ သီတင္းပတ္အနည္းငယ္ေလာက္အၾကာမွာ အီရန္အစိုးရက ႏိုင္ငံကို တရားဝင္ အုပ္ခ်ဳပ္မႈေတြ လုပ္ေဆာင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး}ဟုေျပာဆိုခဲ့သည္။ မၾကာေသးမီကျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားအတြင္း လူေထာင္ေပါင္းမ်ားစြာေသဆုံးမႈက အီရန္အစိုးရသည္ ေၾကာက္႐ြံ႕မႈမ်ားမွသာတစ္ဆင့္ အာဏာ ကိုဆုပ္ကိုင္ထားႏိုင္ေၾကာင္းကို ျပသေနျခင္းမ်ိဳးျဖစ္ ေၾကာင္း ဖရက္ဒရစ္မာ့ဇ္က ေဝဖန္ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ဒီဇင္ဘာလေႏွာင္းပိုင္းမွစတင္ကာ လက္ရွိ အခ်ိန္အထိျဖစ္ပြားေန ေသာဆႏၵျပပြဲမ်ားအတြင္း အီရန္လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏လက္ခ်က္မ်ားေၾကာင့္ ေသဆုံးသူ(၆၂၀ဝ)ေက်ာ္အထိ ရွိလာၿပီျဖစ္ ၿပီး အမ်ားစုမွာ ဆႏၵျပသူမ်ားျဖစ္ေၾကာင္း အေမရိကန္အေျခစိုက္ လူ႔အခြင့္အေရးလႈပ္ရွားသူမ်ားသတင္းဌာန (HRANA) က အတည္ျပဳေျပာဆိုခဲ့သည္။ ထို႔ျပင္ အင္တာနက္ ျဖတ္ေတာက္မႈမ်ားေၾကာင့္ သတ္ျဖတ္မႈပမာဏႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားကို အတည္ျပဳရန္ႀကိဳးပမ္းမႈမ်ားကို ရႈပ္ေထြးေစခဲ့မႈႏွင့္အတူ လက္ေတြ႕ေသဆုံးသူ အေရ အတြက္မွာ အဆေပါင္း မ်ားစြာပိုမ်ားႏိုင္ေၾကာင္း တက္ႂကြလႈပ္ရွားသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.