မန္တလေးတွင် အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ကာ ဆိုင်ကယ်လုယက်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ

 688

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ကာ ဆိုင်ကယ် လုယက်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း ဒေသခံများထံမှသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၁ ရက်)၊ ည ၈ နာရီ ၂ဝ မိနစ်အချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၄ လမ်း ၄၁ လမ်း နဲ့ ၄၂ လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းတွင်ဖွင့်လှစ်ရောင်းချနေသည့် ရေခဲမုန့်ဆိုင်မှာ အသက် (၂၂) နှစ်အရွယ် မဟန်ထက်စိုးစံသည် နေအိမ် သို့ပြန်ရန်ပြင်ဆင်နေစဉ် အမျိုးသား (၂) ဦးက လာရောက်ကာ Click ဆိုင်ကယ်အားလုယက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အပြန်အလှန်လုနေစဉ် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သောကြောင့် ဆိုင်ကယ်မပါသွားသော်လည်း မဟန်ထက်စိုးစံတွင် ယာဘက်လက် နှင့် ယာယက်ပေါင်ရင်းတို့တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့်ကာလက ခိုးဆိုးလုယက်သတ်ဖြတ်မှုများမကြာခဏဖြစ်ပွားခဲ့ပြီး ရွှေဆိုင်နှင့် ဘဏ်များလည်း ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးတြင္ အမ်ိဳးသမီးတစ္ဦးအား ေသနတ္ျဖင့္ပစ္ခတ္ကာ ဆိုင္ကယ္လုယက္သူမ်ားကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦးအား ေသနတ္ျဖင့္ပစ္ခတ္ကာ ဆိုင္ကယ္ လုယက္သူမ်ားကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁ ရက္)၊ ည ၈ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာေအာင္ေျမအေနာက္ရပ္ကြက္၊ ၈၄ လမ္း ၄၁ လမ္း နဲ႔ ၄၂ လမ္းၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လမ္းတြင္ဖြင့္လွစ္ေရာင္းခ်ေနသည့္ ေရခဲမုန႔္ဆိုင္မွာ အသက္ (၂၂) ႏွစ္အ႐ြယ္ မဟန္ထက္စိုးစံသည္ ေနအိမ္ သို႔ျပန္ရန္ျပင္ဆင္ေနစဥ္ အမ်ိဳးသား (၂) ဦးက လာေရာက္ကာ Click ဆိုင္ကယ္အားလုယက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အျပန္အလွန္လုေနစဥ္ အမ်ိဳးသားတစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္ကာ ထြက္ေျပးသြားခဲ့ေသာေၾကာင့္ ဆိုင္ကယ္မပါသြားေသာ္လည္း မဟန္ထက္စိုးစံတြင္ ယာဘက္လက္ ႏွင့္ ယာယက္ေပါင္ရင္းတို႔တြင္ က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသမီးအား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ျပစ္မႈ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ ၿပီးခဲ့သည့္ကာလက ခိုးဆိုးလုယက္သတ္ျဖတ္မႈမ်ားမၾကာခဏျဖစ္ပြားခဲ့ၿပီး ေ႐ႊဆိုင္ႏွင့္ ဘဏ္မ်ားလည္း ဓားျပတိုက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.