ကျေးရွာမြေအဖြစ်တိုးချဲ့သတ်မှတ်ပေးမည့်သတင်းများကြောင့် မန္တလေးမြေဈေးနှုန်းများ ချက်ချင်းမြင့်တက်လာ

386

ကိုဖြိုး (NP News) - ဖေဖော်ဝါရီ ၂
မန္တလေးတွင် လယ်ယာမြေများကိုကျေးရွာမြေအဖြစ်တိုးချဲ့သတ်မှတ်ပေးမည်ဟူသောသတင်းများလည်း ဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများမှာ ချက်ချင်းမြင့်တက်လာခဲ့ကြောင်း ဒေသခံ အကျိုးဆောင်များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပုသိမ်ကြီးမြို့နယ်ရှိ နန်းဦးလွင်၊ ကန်ကောက်နှင့် ဘူးကုန်းကျေးရွာများမှ လယ်ယာ မြေများကို ကျေးရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်သည်ဟုဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။
"သတင်းထွက်နေတဲ့ရွာတွေကတော့ ဈေးတော်တော်တက်သွားတယ်။ တခြားအနီးအနားက မြေတွေလည်း ဈေးတက်လာတာပဲ။ အဝယ်လည်းလိုက်လာတယ်" ဟု ပုသိမ်ကြီးမြို့နယ်မှ ဒေသခံအိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါကျေးရွာ (၃) ရွာတွင် မူလက ရွာမြေ ၉၁ ဧကရှိခဲ့ပြီး ထပ်မံတိုးချဲ့ရန်အတွက် စုစုပေါင်း ၄၈၅ ဧကအထိ တိုးချဲ့ခွင့်ပြုလိုက်သည်ဟူသော အမိန့်စာတစ်စောင်မှာလည်း လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါကျေးရွာများရှိ အနည်းဆုံးမြေကွက်ဈေးနှုန်းမှာ ကျပ်သိန်း ၅ဝဝ အထိရှိနေပြီး အခြား ကျေးရွာများတွင်လည်း ၈၀ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေက်း႐ြာေျမအျဖစ္တိုးခ်ဲ႕သတ္မွတ္ေပးမည့္သတင္းမ်ားေၾကာင့္ မႏၲေလးေျမေဈးႏႈန္းမ်ား ခ်က္ခ်င္းျမင့္တက္လာ
ကိုၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၂
မႏၲေလးတြင္ လယ္ယာေျမမ်ားကိုေက်း႐ြာေျမအျဖစ္တိုးခ်ဲ႕သတ္မွတ္ေပးမည္ဟူေသာသတင္းမ်ားလည္း ဆက္တိုက္ထြက္ေပၚေနျခင္းေၾကာင့္ အိမ္ၿခံေျမေဈးႏႈန္းမ်ားမွာ ခ်က္ခ်င္းျမင့္တက္လာခဲ့ေၾကာင္း ေဒသခံ အက်ိဳးေဆာင္မ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ နန္းဦးလြင္၊ ကန္ေကာက္ႏွင့္ ဘူးကုန္းေက်း႐ြာမ်ားမွ လယ္ယာ ေျမမ်ားကို ေက်း႐ြာေျမအျဖစ္ ေျပာင္းလဲသတ္မွတ္ေပးလိုက္သည္ဟုဆိုသည့္ သတင္းမ်ားလည္း ထြက္ေပၚလာခဲ့ ျခင္းျဖစ္သည္။
"သတင္းထြက္ေနတဲ့႐ြာေတြကေတာ့ ေဈးေတာ္ေတာ္တက္သြားတယ္။ တျခားအနီးအနားက ေျမေတြလည္း ေဈးတက္လာတာပဲ။ အဝယ္လည္းလိုက္လာတယ္" ဟု ပုသိမ္ႀကီးၿမိဳ႕နယ္မွ ေဒသခံအိမ္ၿခံေျမလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
အဆိုပါေက်း႐ြာ (၃) ႐ြာတြင္ မူလက ႐ြာေျမ ၉၁ ဧကရွိခဲ့ၿပီး ထပ္မံတိုးခ်ဲ႕ရန္အတြက္ စုစုေပါင္း ၄၈၅ ဧကအထိ တိုးခ်ဲ႕ခြင့္ျပဳလိုက္သည္ဟူေသာ အမိန႔္စာတစ္ေစာင္မွာလည္း လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ ပ်ံ႕ႏွံ႔လ်က္ရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။
လက္ရွိအခ်ိန္တြင္ အဆိုပါေက်း႐ြာမ်ားရွိ အနည္းဆုံးေျမကြက္ေဈးႏႈန္းမွာ က်ပ္သိန္း ၅ဝဝ အထိရွိေနၿပီး အျခား ေက်း႐ြာမ်ားတြင္လည္း ၈၀ ရာခိုင္ႏႈန္းေက်ာ္အထိ ေဈးႏႈန္းမ်ားျမင့္တက္ခဲ့ေၾကာင္း သိရသည္။