MSME ထုတ်ကုန်ပြပွဲပြီးစီးသွားပါက ထုတ်ကုန်များကို ဝယ်ယူသူများ နှင့် ချိတ်ဆက်ရောင်းချနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်း

 178

စိမ့်စမ်း‌ရေ (NP News) - ဖေဖော်ဝါရီ ၂

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော်ပြီးစီးသွားပါကလည်း ထုတ်ကုန်များကို ဝယ်ယူသူများ နှင့် ချိတ်ဆက်ရောင်းချနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားထားသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁ ရက် ) က ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဈေးရောင်းပွဲတော် ကျင်းပမည့် နေပြည်တော်ရင်ပြင်ရှိ ယာယီကွပ်ကဲရေးရုံး၌တွေ့ဆုံစဉ် အထက်ပါကဲ့သို့တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် MSME များ ငွေကြေးအရင်းအနှီးရရှိရေး၊ နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် MSME ထုတ်ကုန်များအား ပြည်သူအများသိရှိရေး၊ လုပ်ငန်းရှင်အချင်းချင်း အသိပညာ ဖလှယ်နိုင်ရေး၊ နည်းပညာများရရှိရေးတို့အတွက် ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီပံ့ပိုးပေးလျက်ရှိသည့် အပြင် နိုင်ငံတော်အကြီးအကဲကလည်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြောသည်။

ယခုကျင်းပသည့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သည် သာမန်ထုတ်ကုန်ပစ္စည်း ပြသခြင်း၊ ရောင်းချ ခြင်းမဟုတ်ဘဲ နိုင်ငံတော်အကြီးအကဲ၏ ချမှတ်ထားသည့်မူဝါဒကို အကောင်အထည်ဖော်လက်တွေ့ပြသသည့် အမျိုးသားအဆင့်ပြပွဲတစ်ခုဖြစ်သဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများအနေဖြင့် လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၏ ပြခန်းများကိုလည်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောသည်။
အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ထွက်ရှိသည့် ထုတ်ကုန်များစာရင်း၊ ပြည်ပသို့တင်ပို့ရန် အသင့်ဖြစ် နေသည့်ထုတ်ကုန်၊ သွင်းကုန်အစားထိုးထုတ်ကုန်၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်စသည်ဖြင့်ခွဲခြား၍ ပြုစုထားရှိရ မည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်များနှင့် စပ်လျဉ်း၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲလာသည့်တန်ဖိုး၊ ထုတ်လုပ်မှုကွင်းဆက်အလိုက် ပြောင်းလဲလာသည့်တန်ဖိုးတို့ကို စနစ်တကျ တွက်ချက်ထားရမည်ဖြစ်ကြောင်း လည်း ပြောကြားထားသည်။
ထို့ပြင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ပြီးစီးသွားပါကလည်း ထုတ်ကုန်များကို ဝယ်ယူသူများနှင့် ချိတ်ဆက်ရောင်းချနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း တိုက်တွန်း ပြောကြားထားသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ (၈) ရက်မှ (၁၃) ရက်အထိ ခြောက်ရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
MSME ထုတ္ကုန္ျပပြဲၿပီးစီးသြားပါက ထုတ္ကုန္မ်ားကို ဝယ္ယူသူမ်ား ႏွင့္ ခ်ိတ္ဆက္ေရာင္းခ်ႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္ရန္ တိုက္တြန္း
စိမ့္စမ္း‌ေရ (NP News) - ေဖေဖာ္ဝါရီ ၂
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲ ႏွင့္ ေဈးေရာင္းပြဲေတာ္ၿပီးစီးသြားပါကလည္း ထုတ္ကုန္မ်ားကို ဝယ္ယူသူမ်ား ႏွင့္ ခ်ိတ္ဆက္ေရာင္းခ်ႏိုင္ေရးတို႔ကို ဆက္လက္ေဆာင္႐ြက္ရန္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာခ်ာလီသန္းက တိုက္တြန္းေျပာၾကားထားသည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁ ရက္ ) က ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းသည္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ (ေနျပည္ေတာ္) က်င္းပႏိုင္ေရးအတြက္ တာဝန္ရွိသူမ်ားႏွင့္ ေဈးေရာင္းပြဲေတာ္ က်င္းပမည့္ ေနျပည္ေတာ္ရင္ျပင္ရွိ ယာယီကြပ္ကဲေရး႐ုံး၌ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔တိုက္တြန္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက စက္မႈဝန္ႀကီးဌာနအေနျဖင့္ MSME မ်ား ေငြေၾကးအရင္းအႏွီးရရွိေရး၊ နည္းပညာရရွိေရး၊ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေဈးကြက္ရရွိေရးတို႔ကို ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ ထို႔ေၾကာင့္ MSME ထုတ္ကုန္မ်ားအား ျပည္သူအမ်ားသိရွိေရး၊ လုပ္ငန္းရွင္အခ်င္းခ်င္း အသိပညာ ဖလွယ္ႏိုင္ေရး၊ နည္းပညာမ်ားရရွိေရးတို႔အတြက္ ထုတ္ကုန္ပစၥည္းျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ကို က်င္းပျခင္းျဖစ္ ေၾကာင္း၊ ႏိုင္ငံေတာ္အေနျဖင့္လည္း MSME မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အားေပးကူညီပံ့ပိုးေပးလ်က္ရွိသည့္ အျပင္ ႏိုင္ငံေတာ္အႀကီးအကဲကလည္း MSME မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း ေျပာသည္။

ယခုက်င္းပသည့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္သည္ သာမန္ထုတ္ကုန္ပစၥည္း ျပသျခင္း၊ ေရာင္းခ် ျခင္းမဟုတ္ဘဲ ႏိုင္ငံေတာ္အႀကီးအကဲ၏ ခ်မွတ္ထားသည့္မူဝါဒကို အေကာင္အထည္ေဖာ္လက္ေတြ႕ျပသသည့္ အမ်ိဳးသားအဆင့္ျပပြဲတစ္ခုျဖစ္သျဖင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ဦးစီးမႉးမ်ားအေနျဖင့္ လုပ္ငန္းတာဝန္မ်ားကို အေလးထားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီး၏ ျပခန္းမ်ားကိုလည္း အခ်ိန္မီ ၿပီးစီးေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။
အလားတူ တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးမွ ထြက္ရွိသည့္ ထုတ္ကုန္မ်ားစာရင္း၊ ျပည္ပသို႔တင္ပို႔ရန္ အသင့္ျဖစ္ ေနသည့္ထုတ္ကုန္၊ သြင္းကုန္အစားထိုးထုတ္ကုန္၊ စိုက္ပ်ိဳးေရးအေျခခံထုတ္ကုန္စသည္ျဖင့္ခြဲျခား၍ ျပဳစုထားရွိရ မည္ျဖစ္ေၾကာင္း၊ MSME ထုတ္ကုန္မ်ားႏွင့္ စပ္လ်ဥ္း၍ တန္ဖိုးျမႇင့္ထုတ္ကုန္အျဖစ္ ေျပာင္းလဲလာသည့္တန္ဖိုး၊ ထုတ္လုပ္မႈကြင္းဆက္အလိုက္ ေျပာင္းလဲလာသည့္တန္ဖိုးတို႔ကို စနစ္တက် တြက္ခ်က္ထားရမည္ျဖစ္ေၾကာင္း လည္း ေျပာၾကားထားသည္။
ထို႔ျပင္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ၿပီးစီးသြားပါကလည္း ထုတ္ကုန္မ်ားကို ဝယ္ယူသူမ်ားႏွင့္ ခ်ိတ္ဆက္ေရာင္းခ်ႏိုင္ေရးတို႔ကို ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းလည္း တိုက္တြန္း ေျပာၾကားထားသည္။
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ကို (၇၉) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆို ဂုဏ္ျပဳသည့္အေနျဖင့္ ေနျပည္ေတာ္ရွိ ျပည္သူ႔ရင္ျပင္၌ ေဖေဖာ္ဝါရီ (၈) ရက္မွ (၁၃) ရက္အထိ ေျခာက္ရက္ တိုင္တိုင္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.