၂၃ဝ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူဓာတ်အားလိုင်းအား လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီး

222

Pearl (NP News) - ဖေဖော်ဝါရီ ၂
၂၃ဝ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူဓာတ်အားလိုင်းအား လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်မှု ၅ဝ ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂ရက်) က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာခဲ့ပြီး မြို့ရှောင်ရထားလမ်း ဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်နိုင်ရန် တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေမှု အခြေအနေနှင့် တာဝါတိုင်များ စိုက်ထူနိုင်ရန် တိုင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့ရှောင် ရထားလမ်းသစ်ဖြတ်ကျော်နေရာတွင် တည်ရှိနေသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူဓာတ်အားလိုင်းအား တာဝါတိုင် ကိုးတိုင်ဖြင့် လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်လျက်ရှိပြီး လက်ရှိ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version;
၂၃ဝ ေကဗြီ ဘီလူးေခ်ာင္း (၂) - ေတာင္ငူဓာတ္အားလိုင္းအား လိုင္းအူေၾကာင္း ေျပာင္းေ႐ႊ႕တည္ေဆာက္မႈ ၅၀ ရာခိုင္ႏႈန္း ၿပီးစီး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂
၂၃ဝ ေကဗြီ ဘီလူးေခ်ာင္း (၂) - ေတာင္ငူဓာတ္အားလိုင္းအား လိုင္းအူေၾကာင္း ေျပာင္းေ႐ႊ႕တည္ေဆာက္မႈ ၅ဝ ရာခိုင္ႏႈန္း ၿပီးစီးျဖစ္ေၾကာင္း သိရသည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂ရက္) က လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းသည္ ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕သို႔ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာခဲ့ၿပီး ၿမိဳ႕ေရွာင္ရထားလမ္း ေဖာက္လုပ္ရာတြင္ လြတ္ကင္းမႈမရွိသည့္ ၂၃၀ ေကဗြီ ဘီလူးေခ်ာင္း (၂) - ေတာင္ငူဓာတ္အားလိုင္း ေျပာင္းေ႐ႊ႕တည္ေဆာက္ႏိုင္ရန္ တာဝါတိုင္ေဖာင္ေဒးရွင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ ၿပီးစီးေနမႈ အေျခအေနႏွင့္ တာဝါတိုင္မ်ား စိုက္ထူႏိုင္ရန္ တိုင္ဆင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈအေျခအေန တို႔ကို ၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ား မွာၾကားခဲ့ေၾကာင္း သိရသည္။
ေတာင္ငူၿမိဳ႕ေရွာင္ ရထားလမ္းသစ္ျဖတ္ေက်ာ္ေနရာတြင္ တည္ရွိေနသည့္ ၂၃၀ ေကဗြီ ဘီလူးေခ်ာင္း (၂) - ေတာင္ငူဓာတ္အားလိုင္းအား တာဝါတိုင္ ကိုးတိုင္ျဖင့္ လိုင္းအူေၾကာင္း ေျပာင္းေ႐ႊ႕တည္ေဆာက္လ်က္ရွိၿပီး လက္ရွိ အခ်ိန္တြင္ လုပ္ငန္းေဆာင္႐ြက္ၿပီးစီးမႈအေနျဖင့္ ၅၀ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။