ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေး၍ Facebook အသုံးပြုမှု ဆက်လက်ရပ်နားထားမည်ဟု အမေရိကန်သံရုံး ကြေညာ

 194

စော (NP News) - ဖေဖော်ဝါရီ ၂

ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ(lapse in appropriations) တွင် Facebook အသုံးပြုမှု ဆက်လက်ရပ်နားထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလအတွင်း အမေရိကန်ပြည်ထောင်စု နှင့် ပြည်ပရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် (passport) နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ထို့ပြင် ပုံမှန်လုပ်ငန်းဆောင်တာများ အပြည့်အဝ မဆောင်ရွက်နိုင်သေးသည့် ကာလအတွင်း ဘေးအန္တရာယ် နှင့် လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်အလက်များမှအပ ယင်းအကောင့်တွင် အကြောင်းအရာအသစ်များကို ထပ်မံတင်မည်မဟုတ်ကြောင်း၊ ဝန်ဆောင်မှုများ နှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေဆိုင်ရာအချက်အလက် များအတွက် travel.state.gov တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ရက်က အတည်ပြုချက်မရသေးသော ဘဏ္ဍာငွေလျာထားမှု ကြားကာလ အတွင်းတွင် ပုံမှန်လုပ်ဆောင်နေသည့် လုပ်ငန်းကိစ္စတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးသောကြောင့် သံရုံး၏ Facebook အသုံးပြုမှုကို ရပ်နားထားသေးသည်။

Zawgyi Version;
ဘ႑ာေငြလ်ာထားမႈ အတည္ျပဳခ်က္မရေသး၍ Facebook အသုံးျပဳမႈ ဆက္လက္ရပ္နားထားမည္ဟု အေမရိကန္သံ႐ုံး ေၾကညာ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂
ဘ႑ာေငြလ်ာထားမႈ အတည္ျပဳခ်က္မရေသးသည့္ ၾကားကာလ(lapse in appropriations) တြင္ Facebook အသုံးျပဳမႈ ဆက္လက္ရပ္နားထားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးက ယေန႔ (ေဖေဖာ္ဝါရီ ၂ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
အဆိုပါဘ႑ာေငြလ်ာထားမႈ အတည္ျပဳခ်က္မရေသးသည့္ ၾကားကာလအတြင္း အေမရိကန္ျပည္ေထာင္စု ႏွင့္ ျပည္ပရွိ အေမရိကန္သံ႐ုံးမ်ား၊ ေကာင္စစ္ဝန္႐ုံးမ်ားတြင္ ရက္ခ်ိန္းယူထားေသာ ႏိုင္ငံကူးလက္မွတ္ (passport) ႏွင့္ ဗီဇာ (visa) ဝန္ေဆာင္မႈမ်ားကို အေျခအေနခြင့္ျပဳခ်က္အရ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ ထားသည္။
ထို႔ျပင္ ပုံမွန္လုပ္ငန္းေဆာင္တာမ်ား အျပည့္အဝ မေဆာင္႐ြက္ႏိုင္ေသးသည့္ ကာလအတြင္း ေဘးအႏၲရာယ္ ႏွင့္ လုံၿခဳံေရးဆိုင္ရာအေရးေပၚသတင္းအခ်က္အလက္မ်ားမွအပ ယင္းအေကာင့္တြင္ အေၾကာင္းအရာအသစ္မ်ားကို ထပ္မံတင္မည္မဟုတ္ေၾကာင္း၊ ဝန္ေဆာင္မႈမ်ား ႏွင့္ လုပ္ငန္းေဆာင္႐ြက္မႈအေျခအေနဆိုင္ရာအခ်က္အလက္ မ်ားအတြက္ travel.state.gov တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာ ၁ရက္က အတည္ျပဳခ်က္မရေသးေသာ ဘ႑ာေငြလ်ာထားမႈ ၾကားကာလ အတြင္းတြင္ ပုံမွန္လုပ္ေဆာင္ေနသည့္ လုပ္ငန္းကိစၥေတြအျပည့္အဝ မေဆာင္႐ြက္ႏိုင္ေသးေသာေၾကာင့္ သံ႐ုံး၏ Facebook အသုံးျပဳမႈကို ရပ္နားထားေသးသည္။

Related news

© 2021. All rights reserved.