(၅)နှစ်တာကာလအတွင်း တရုတ်-မြန်မာသို့ အမေရိကန်ဒေါ်လာ(၅ဝဝ)ဘီလီယံဖိုး ရင်းနှီးမြုပ်နှံမှု ဝင်ရောက်စေရန် MCITP က ရည်မှန်ထား

118

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂
(၅)နှစ်တာကာလအတွင်း တရုတ်-မြန်မာသို့ အမေရိကန်ဒေါ်လာ (၅၀၀) ဘီလီယံဖိုး ရင်းနှီးမြုပ်နှံမှု ဝင်ရောက်စေ ရန် ရည်မှန်ထားကြောင်း မြန်မာ-တရုတ်ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP) ထံက သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း တရုတ် ကုမ္ပဏီပေါင်း (၂၁၇) ခုမှ စီးပွားရေးလုပ်ငန်းရှင် (၂၇၈) ဦးတို့နှင့် တီယန်ကျင်းမြို့ နှင့် ချန်ဒူးမြို့တို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ထိုဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန်နှင့် လုပ်ငန်းများ လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် MCITP ကို တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယင်း အသင်းအနေဖြင့် လာမည့် (၅) နှစ်တာ ကာလအတွင်း မြန်မာ့စီးပွားရေးကဏ္ဍအတွက် ကြီးမားသော ရည်မှန်းချက်များကို ချမှတ်ထားရာ ၂၀၂၆ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ ကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ (ယွမ် ၃.၅ ထရီလီ ယံခန့်) ဝင်ရောက်လာစေရန် နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ (ယွမ် ၇၀၀ ဘီလီယံခန့်) အထိ ရောက်ရှိစေရန် ရည်မှန်းထားခြင်းဖြစ်သည်။
အဆိုပါ အသင်းတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက် အထိ စာရင်းများအရ မြန်မာဘက်မှ အသင်းဝင် ၄၆၂ ဦးနှင့် တရုတ်ဘက်မှ အသင်းဝင် ၈၅ ဦး၊ စုစုပေါင်း အသင်းဝင် ၅၄၇ ဦးဖြင့် စတင်လည်ပတ်လျက်ရှကာ င် တီယန်ကျင်း၊ ချန်ဒူး၊ နန်နင်းနှင့် ရန်ကုန်မြို့များရှိ အရေးပါသော စီးပွားရေးအသင်းအဖွဲ့များနှင့် နားလည်မှုစာချွန်လွှာ (MOUs) များ လက်မှတ်ရေးထိုးထားသည်။
ယင်း လက်မှတ်ရေးထိုးထားသည့် စီးပွားရေး အသင်းအဖွဲ့များ အတွင်း China Association of Small and Medium Enterprise (CASME)၊ ပင်းကျိုး ကျောက်မျက်ရတနာအသင်း (Pingzhou Jewelry & Jade Association) corra (Beijing) Wenzhou Chamber of Commerce) နှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်ပြည်နယ်စုံ ကုန်သည်ကြီး များအသင်း (Chambers of Commerce) စသည်ဖြင့် အဖွဲ့အစည်းများစွာ ပါဝင်သည်။

Zawgyi Version;
(၅)ႏွစ္တာကာလအတြင္း တ႐ုတ္-ျမန္မာသို႔ အေမရိကန္ေဒၚလာ(၅ဝဝ)ဘီလီယံဖိုး ရင္းႏွီးျမဳပ္ႏွံမႈ ဝင္ေရာက္ေစရန္ MCITP က ရည္မွန္ထား
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂
(၅)ႏွစ္တာကာလအတြင္း တ႐ုတ္-ျမန္မာသို႔ အေမရိကန္ေဒၚလာ (၅၀၀) ဘီလီယံဖိုး ရင္းႏွီးျမဳပ္ႏွံမႈ ဝင္ေရာက္ေစ ရန္ ရည္မွန္ထားေၾကာင္း ျမန္မာ-တ႐ုတ္ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ကုန္သြယ္မႈျမႇင့္တင္ေရးအသင္း (MCITP) ထံက သိရသည္။
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ သြားေရာက္ခဲ့ေသာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ခရီးစဥ္အတြင္း တ႐ုတ္ ကုမၸဏီေပါင္း (၂၁၇) ခုမွ စီးပြားေရးလုပ္ငန္းရွင္ (၂၇၈) ဦးတို႔ႏွင့္ တီယန္က်င္းၿမိဳ႕ ႏွင့္ ခ်န္ဒူးၿမိဳ႕တို႔တြင္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကရာ ထိုေဆြးေႏြးပြဲမ်ား၏ ရလဒ္အျဖစ္ ႏွစ္ႏိုင္ငံ စီးပြားေရးလုပ္ငန္းရွင္မ်ား ပူးေပါင္းေဆာင္႐ြက္မႈ အရွိန္အဟုန္ျမႇင့္တင္ရန္ႏွင့္ လုပ္ငန္းမ်ား လ်င္ျမန္စြာအေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ MCITP ကို တည္ေထာင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။
ယင္း အသင္းအေနျဖင့္ လာမည့္ (၅) ႏွစ္တာ ကာလအတြင္း ျမန္မာ့စီးပြားေရးက႑အတြက္ ႀကီးမားေသာ ရည္မွန္းခ်က္မ်ားကို ခ်မွတ္ထားရာ ၂၀၂၆ ခုႏွစ္မွ ၂ဝ၃ဝ ျပည့္ႏွစ္အထိ ကာလအတြင္း တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၅၀၀ ဘီလီယံ (ယြမ္ ၃.၅ ထရီလီ ယံခန႔္) ဝင္ေရာက္လာေစရန္ ႏွင့္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပမာဏကို အေမရိကန္ေဒၚလာ ၁၀၀ ဘီလီယံ (ယြမ္ ၇၀၀ ဘီလီယံခန႔္) အထိ ေရာက္ရွိေစရန္ ရည္မွန္းထားျခင္းျဖစ္သည္။
အဆိုပါ အသင္းတြင္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ (၂) ရက္ အထိ စာရင္းမ်ားအရ ျမန္မာဘက္မွ အသင္းဝင္ ၄၆၂ ဦးႏွင့္ တ႐ုတ္ဘက္မွ အသင္းဝင္ ၈၅ ဦး၊ စုစုေပါင္း အသင္းဝင္ ၅၄၇ ဦးျဖင့္ စတင္လည္ပတ္လ်က္ရွကာ င္ တီယန္က်င္း၊ ခ်န္ဒူး၊ နန္နင္းႏွင့္ ရန္ကုန္ၿမိဳ႕မ်ားရွိ အေရးပါေသာ စီးပြားေရးအသင္းအဖြဲ႕မ်ားႏွင့္ နားလည္မႈစာခြၽန္လႊာ (MOUs) မ်ား လက္မွတ္ေရးထိုးထားသည္။
ယင္း လက္မွတ္ေရးထိုးထားသည့္ စီးပြားေရး အသင္းအဖြဲ႕မ်ား အတြင္း China Association of Small and Medium Enterprise (CASME)၊ ပင္းက်ိဳး ေက်ာက္မ်က္ရတနာအသင္း (Pingzhou Jewelry & Jade Association) corra (Beijing) Wenzhou Chamber of Commerce) ႏွင့္ ျမန္မာႏိုင္ငံအေျခစိုက္ တ႐ုတ္ျပည္နယ္စုံ ကုန္သည္ႀကီး မ်ားအသင္း (Chambers of Commerce) စသည္ျဖင့္ အဖြဲ႕အစည္းမ်ားစြာ ပါဝင္သည္။