အီရန်ထိပ်တန်းလုံခြုံရေးအကြီးအကဲနဲ့ ရုရှားသမ္မတပူတင်တို့တွေ့ဆုံ

380

Pika (NP News) - ဖေဖော်ဝါရီ ၂
အီရန်ရဲ့အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီလာရီဂျာနီကို ရုရှားသမ္မတပူတင်က နိုင်ငံတွင်း မှာ လက်ခံကြိုဆိုတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီရဲ့ အကြံပေးတစ်ဦးဖြစ် တဲ့အလီလာရီဂျာနီဟာ ပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာ အီရန်ရဲ့အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အဖြစ် ခန့်အပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ရုရှားအစိုးရက “အီရန်ရဲ့အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီလာရီဂျာနီကို ပူတင်က ကရင်မလင်နန်းတော်မှာ လက်ခံကြိုဆိုတွေ့ဆုံခဲ့ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဆွေးနွေးပွဲတွေဟာ နှစ်နိုင်ငံကြားဆက်ဆံရေးကို အာရုံစိုက်ခဲ့ပြီး အရေးကြီးတဲ့ဒေသအတွင်း နဲ့ နိုင်ငံတကာကိစ္စရပ်တွေအပေါ် တိုင်ပင်ဆွေးနွေးမှုတွေ ပါဝင်ခဲ့ တယ်လို့ ရုရှားနိုင်ငံဆိုင်ရာအီရန်သံအမတ်ကြီး ကာဇမ်ဂျလာလီက ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့အီရန်ကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ရုရှားသမ္မတပူတင်နဲ့ အီရန်ရဲ့အမြင့်ဆုံး အမျိုးသား လုံခြုံရေးကောင်စီအတွင်းရေးမှူး အလီလာရီ ဂျာနီတို့ရဲ့ တွေ့ဆုံမှုထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
အီရန်နိုင်ငံအတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် ဆန္ဒပြသူတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္ထိပ္တန္းလုံၿခဳံေရးအႀကီးအကဲနဲ႔ ႐ုရွားသမၼတပူတင္တို႔ေတြ႕ဆုံ
Pika (NP News) - ေဖေဖာ္ဝါရီ ၂
အီရန္ရဲ႕အျမင့္ဆုံးအမ်ိဳးသားလုံၿခဳံေရးေကာင္စီအတြင္းေရးမႉး အလီလာရီဂ်ာနီကို ႐ုရွားသမၼတပူတင္က ႏိုင္ငံတြင္း မွာ လက္ခံႀကိဳဆိုေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီရဲ႕ အႀကံေပးတစ္ဦးျဖစ္ တဲ့အလီလာရီဂ်ာနီဟာ ၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လမွာ အီရန္ရဲ႕အျမင့္ဆုံးအမ်ိဳးသားလုံၿခဳံေရးေကာင္စီအတြင္းေရးမႉး အျဖစ္ ခန႔္အပ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
႐ုရွားအစိုးရက “အီရန္ရဲ႕အျမင့္ဆုံးအမ်ိဳးသားလုံၿခဳံေရးေကာင္စီအတြင္းေရးမႉး အလီလာရီဂ်ာနီကို ပူတင္က ကရင္မလင္နန္းေတာ္မွာ လက္ခံႀကိဳဆိုေတြ႕ဆုံခဲ့ပါတယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီေဆြးေႏြးပြဲနဲ႔ပတ္သက္တဲ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ေဆြးေႏြးပြဲေတြဟာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို အာ႐ုံစိုက္ခဲ့ၿပီး အေရးႀကီးတဲ့ေဒသအတြင္း နဲ႔ ႏိုင္ငံတကာကိစၥရပ္ေတြအေပၚ တိုင္ပင္ေဆြးေႏြးမႈေတြ ပါဝင္ခဲ့ တယ္လို႔ ႐ုရွားႏိုင္ငံဆိုင္ရာအီရန္သံအမတ္ႀကီး ကာဇမ္ဂ်လာလီက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္နဲ႔အီရန္ၾကား တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ႐ုရွားသမၼတပူတင္နဲ႔ အီရန္ရဲ႕အျမင့္ဆုံး အမ်ိဳးသား လုံၿခဳံေရးေကာင္စီအတြင္းေရးမႉး အလီလာရီ ဂ်ာနီတို႔ရဲ႕ ေတြ႕ဆုံမႈထြက္ေပၚလာတာပဲျဖစ္ပါတယ္။
အီရန္ႏိုင္ငံအတြင္းမွာ ဆႏၵျပပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ ဆႏၵျပသူေတြကို ကိုင္တြယ္ေျဖရွင္းပုံနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ အီရန္ၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။