နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လက်နက်ကိုင်သူပုန်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် လူပေါင်းဒါဇင်ချီ သေဆုံး

113

Pika (NP News) - ဖေဖော်ဝါရီ ၂
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ လက်နက်ကိုင်အစွန်းရောက်အဖွဲ့တွေက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုနဲ့စစ်ဘက်ဆိုင်အရာအဆောက်အဦးတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ဒါဇင်ချီ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင်အစွန်းရောက်အဖွဲ့တစ်ဖွဲ့က ဘော်နိုပြည်နယ် ဆာဘွန်ဂါရီမြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုကို တိုက်ခိုက်ခဲ့တာကြောင့် ဆောက်လုပ်ရေးလုပ်သား အနည်းဆုံး(၂၅)ဦး သေဆုံးခဲ့တယ်လို့ ရဲအရာရှိတစ်ဦး က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လက်နက်ကိုင်အစွန်းရောက်အဖွဲ့တွေက စစ်ဘက်ဆိုင်ရာအဆောက်အဦးတစ်ခုကို ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် စစ်သား(၁၁)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ရဲအရာရှိတစ်ဦးက “ဒီဖြစ်ရပ်တွေအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါ တယ်။ ဒီတိုက်ခိုက်မှုတွေကို ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို အချိန်ကြာမြင့်စွာဆန့်ကျင်ခဲ့တဲ့ Boko Haram သူပုန်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ လက္နက္ကိုင္သူပုန္အဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ လူေပါင္းဒါဇင္ခ်ီ ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ လက္နက္ကိုင္အစြန္းေရာက္အဖြဲ႕ေတြက ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုနဲ႔စစ္ဘက္ဆိုင္အရာအေဆာက္အဦးတစ္ခုကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာေၾကာင့္ လူေပါင္း ဒါဇင္ခ်ီ ေသဆုံးခဲ့တယ္လို႔ လုံၿခဳံေရးအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။
လက္နက္ကိုင္အစြန္းေရာက္အဖြဲ႕တစ္ဖြဲ႕က ေဘာ္ႏိုျပည္နယ္ ဆာဘြန္ဂါရီၿမိဳ႕မွာရွိတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ တစ္ခုကို တိုက္ခိုက္ခဲ့တာေၾကာင့္ ေဆာက္လုပ္ေရးလုပ္သား အနည္းဆုံး(၂၅)ဦး ေသဆုံးခဲ့တယ္လို႔ ရဲအရာရွိတစ္ဦး က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လက္နက္ကိုင္အစြန္းေရာက္အဖြဲ႕ေတြက စစ္ဘက္ဆိုင္ရာအေဆာက္အဦးတစ္ခုကို ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္သား(၁၁)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ရဲအရာရွိတစ္ဦးက “ဒီျဖစ္ရပ္ေတြအတြင္း အသက္ဆုံးရႈံးခဲ့ရတဲ့လူေတြအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါ တယ္။ ဒီတိုက္ခိုက္မႈေတြကို ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းေတြကို အခ်ိန္ၾကာျမင့္စြာဆန႔္က်င္ခဲ့တဲ့ Boko Haram သူပုန္အဖြဲ႕က လုပ္ေဆာင္ခဲ့တာျဖစ္ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။