ရုရှားနိုင်ငံကောင်းကင်ယံမှာ "လ ၄ စင်း" ပြိုင်တူထွက်ပေါ်သလိုမျိုး ရှားပါးဖြစ်စဉ်ဖြစ်ခဲ့ဟုဆို

481

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၏ ညဖက်ကောင်းကင်ယံတွင် လမင်းကြီး ၄ စင်း ပြိုင်တူထွက်ပေါ်နေသကဲ့သို့ ထင်ရသည့် ရှားပါးသဘာဝဖြစ်စဉ်တစ်ခု မကြာသေးမီက ဖြစ်ပွားခဲ့ရာ ဒေသခံများနှင့် နိုင်ငံတကာ လူမှုကွန်ရက် အသုံးပြုသူများအကြား စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည်။ ရုရှား RT သတင်းဌာန နှင့် ဒေသတွင်း မီဒီယာများက ဖော်ပြသည့်ပုံရိပ်များအရ တောက်ပနေသော လပြည့်ဝန်းကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အခြားသော လအတုများ တန်းစီလျက် ဝန်းရံနေသည်ကို ထင်ရှားစွာ တွေ့မြင်ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် လအစင်းရေ တိုးပွားလာခြင်း မဟုတ်ဘဲ "Paraselene" (သို့မဟုတ်) "Moon Dogs" ဟု ခေါ်ဆို သည့် လေထုဆိုင်ရာ အလင်းယိုင်မှုဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ရုရှားနိုင်ငံ၏ လက်ရှိ အလွန်အေးမြသော ရာသီဥတု အခြေအနေကြောင့် ဖြစ်ပြီးကမ္ဘာ့လေထု အမြင့်ပိုင်းရှိ တိမ်တိုက်များ အတွင်း၌ ခြောက်ထောင့်ပုံစံ ရေခဲပုံဆောင်ခဲ များစွာဖြစ်ပေါ်နေသလို၊ လမှ လာသော အလင်းရောင်သည် အဆိုပါ ရေခဲမှုန်များကို ဖြတ်သန်းချိန်တွင် ၂၂ ဒီဂရီ အချိုးဖြင့် အလင်းယိုင်သွားခြင်းဖြစ်ကြောင်းပညာရှင်များက သုံးသပ်နေသည်။
အလင်းယိုင်သွားမှုကြောင့် မူလလမင်းကြီး၏ ဘေးဘက်များတွင် တောက်ပသော အလင်းကွက်များ ပေါ်ထွက်လာ ကာ လူ့မျက်စိဖြင့် ကြည့်လိုက်ချိန်တွင် လ ၄ စင်း ရှိနေသကဲ့သို့ မြင်တွေ့ရခြင်း ဖြစ်ကြောင်းသုံးသပ်မှုများ ရှိနေသည်။

Zawgyi Version;
႐ုရွားႏိုင္ငံေကာင္းကင္ယံမွာ "လ ၄ စင္း" ၿပိဳင္တူထြက္ေပၚသလိုမ်ိဳး ရွားပါးျဖစ္စဥ္ျဖစ္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂
႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘတ္ၿမိဳ႕၏ ညဖက္ေကာင္းကင္ယံတြင္ လမင္းႀကီး ၄ စင္း ၿပိဳင္တူထြက္ေပၚေနသကဲ့သို႔ ထင္ရသည့္ ရွားပါးသဘာဝျဖစ္စဥ္တစ္ခု မၾကာေသးမီက ျဖစ္ပြားခဲ့ရာ ေဒသခံမ်ားႏွင့္ ႏိုင္ငံတကာ လူမႈကြန္ရက္ အသုံးျပဳသူမ်ားအၾကား စိတ္ဝင္စားမႈျမင့္တက္လ်က္ရွိသည္။ ႐ုရွား RT သတင္းဌာန ႏွင့္ ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပသည့္ပုံရိပ္မ်ားအရ ေတာက္ပေနေသာ လျပည့္ဝန္းႀကီး၏ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ အျခားေသာ လအတုမ်ား တန္းစီလ်က္ ဝန္းရံေနသည္ကို ထင္ရွားစြာ ေတြ႕ျမင္ရေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္သည္ လအစင္းေရ တိုးပြားလာျခင္း မဟုတ္ဘဲ "Paraselene" (သို႔မဟုတ္) "Moon Dogs" ဟု ေခၚဆို သည့္ ေလထုဆိုင္ရာ အလင္းယိုင္မႈျဖစ္စဥ္တစ္ခုသာျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ျဖစ္ေပၚရျခင္း၏ အဓိကအေၾကာင္းရင္းမွာ ႐ုရွားႏိုင္ငံ၏ လက္ရွိ အလြန္ေအးျမေသာ ရာသီဥတု အေျခအေနေၾကာင့္ ျဖစ္ၿပီးကမာၻ႔ေလထု အျမင့္ပိုင္းရွိ တိမ္တိုက္မ်ား အတြင္း၌ ေျခာက္ေထာင့္ပုံစံ ေရခဲပုံေဆာင္ခဲ မ်ားစြာျဖစ္ေပၚေနသလို၊ လမွ လာေသာ အလင္းေရာင္သည္ အဆိုပါ ေရခဲမႈန္မ်ားကို ျဖတ္သန္းခ်ိန္တြင္ ၂၂ ဒီဂရီ အခ်ိဳးျဖင့္ အလင္းယိုင္သြားျခင္းျဖစ္ေၾကာင္းပညာရွင္မ်ားက သုံးသပ္ေနသည္။
အလင္းယိုင္သြားမႈေၾကာင့္ မူလလမင္းႀကီး၏ ေဘးဘက္မ်ားတြင္ ေတာက္ပေသာ အလင္းကြက္မ်ား ေပၚထြက္လာ ကာ လူ႔မ်က္စိျဖင့္ ၾကည့္လိုက္ခ်ိန္တြင္ လ ၄ စင္း ရွိေနသကဲ့သို႔ ျမင္ေတြ႕ရျခင္း ျဖစ္ေၾကာင္းသုံးသပ္မႈမ်ား ရွိေနသည္။