အွန်လိုင်းလိမ်လည်ဂိုဏ်းခေါင်းဆောင် ပယ်မိသားစုဝင်များ နှင့် အပေါင်းအပါ ၄ ဦးကို တရုတ်ကွပ်မျက်

175

ALynn (NP News) - ဖေဖော်ဝါရီ ၂
အွန်လိုင်းလိမ်လည်လုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် ပယ်မိသားစုမှ တရားခံ (၄) ဦးကို တရုတ်အာဏာပိုင်များက ကွပ်မျက်လိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ ၊ ပြည်သူ့တရားရုံးက အဆိုပါကွပ်မျက်မှုများကို တနင်္လာနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း မည်သည့်အချိန်တွင် ကွပ်မျက်ခဲ့သည်ကိုမူ အတိအကျဖော်ပြထားခြင်းမရှိပါ။ ပြီးခဲ့သည့်အပတ်ကလည်း မြီမိသားစု ဦးဆောင်သော ရာဇဝတ်ဂိုဏ်းမှ တရားခံ (၁၁) ဦးကို ကွပ်မျက်ခဲ့ကြောင်း ကြေညာခဲ့သေးသည်။
တရုတ်နိုင်ငံသား (၆) ဦး သေဆုံးမှုအတွက် တာဝန်ရှိပြီး မြန်မာနိုင်ငံအခြေစိုက် ဒေါ်လာ ၄ ဘီလီယံကျော်တန်ဖိုးရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း နှင့် လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်းကြောင့် ရှန်ကျန်းတရားရုံးသည် နိုဝင်ဘာလအတွင်းက ပယ်မိသားစုဝင်များ အပါအဝင် လူ (၅) ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
တရားခံများထဲမှ တစ်ဦးဖြစ်သူ ဂိုဏ်းခေါင်းဆောင် ပယ်စောက်ချိန်မှာမူ ပြစ်ဒဏ်ချမှတ်ပြီးနောက် ဖျားနာမှုကြောင့် သေဆုံးသွားခဲ့ကြောင်း တရားရုံးက ဆိုသည်။
တရားရုံး၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ရာဇဝတ်မှုများသည် အလွန်အမင်း ဆိုးရွားပြီး လူမှုအဖွဲ့အစည်းအပေါ် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေသည့် အကျိုးဆက်များ ရှိခဲ့သည်ဟု ဖော်ပြထားသည်။ တရားခံများသည် ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့သော်လည်း ဂွမ်ဒေါင်းပြည်နယ် အဆင့်မြင့်ပြည်သူ့တရားရုံးက ပယ်ချခဲ့သည်။
ယခုကွပ်မျက်မှုများသည် အရှေ့တောင်အာရှရှိ ငွေလိမ်ဂိုဏ်းများကို ဘေဂျင်းအစိုးရက အရှိန်အဟုန်မြှင့် နှိမ်နင်းနေ ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံများတွင် အဆိုပါလုပ်ငန်း များသည် စက်မှုလုပ်ငန်းအတိုင်းအတာအထိ ကြီးထွားလာခဲ့သည်။

Zawgyi Version;
အြန္လိုင္းလိမ္လည္ဂိုဏ္းေခါင္းေဆာင္ ပယ္မိသားစုဝင္မ်ား ႏွင့္ အေပါင္းအပါ ၄ ဦးကို တ႐ုတ္ကြပ္မ်က္
ALynn (NP News) - ေဖေဖာ္ဝါရီ ၂
အြန္လိုင္းလိမ္လည္လုပ္ငန္းမ်ားႏွင့္ ေလာင္းကစားလုပ္ငန္းမ်ားကို လုပ္ကိုင္ခဲ့သည့္ ျမန္မာႏိုင္ငံေျမာက္ပိုင္း အေျခစိုက္ ပယ္မိသားစုမွ တရားခံ (၄) ဦးကို တ႐ုတ္အာဏာပိုင္မ်ားက ကြပ္မ်က္လိုက္ေၾကာင္း ယေန႔ (ေဖေဖာ္ဝါရီလ ၂ ရက္) တြင္ ထုတ္ျပန္ခဲ့သည္။
တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ရွန္က်န္းၿမိဳ႕ ၊ ျပည္သူ႔တရား႐ုံးက အဆိုပါကြပ္မ်က္မႈမ်ားကို တနလၤာေန႔ နံနက္ပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့ေသာ္လည္း မည္သည့္အခ်ိန္တြင္ ကြပ္မ်က္ခဲ့သည္ကိုမူ အတိအက်ေဖာ္ျပထားျခင္းမရွိပါ။ ၿပီးခဲ့သည့္အပတ္ကလည္း ၿမီမိသားစု ဦးေဆာင္ေသာ ရာဇဝတ္ဂိုဏ္းမွ တရားခံ (၁၁) ဦးကို ကြပ္မ်က္ခဲ့ေၾကာင္း ေၾကညာခဲ့ေသးသည္။
တ႐ုတ္ႏိုင္ငံသား (၆) ဦး ေသဆုံးမႈအတြက္ တာဝန္ရွိၿပီး ျမန္မာႏိုင္ငံအေျခစိုက္ ေဒၚလာ ၄ ဘီလီယံေက်ာ္တန္ဖိုးရွိ အြန္လိုင္းေငြလိမ္ဂိုဏ္း ႏွင့္ ေလာင္းကစားလုပ္ငန္းမ်ားကို လုပ္ကိုင္ခဲ့ျခင္းေၾကာင့္ ရွန္က်န္းတရား႐ုံးသည္ ႏိုဝင္ဘာလအတြင္းက ပယ္မိသားစုဝင္မ်ား အပါအဝင္ လူ (၅) ဦးကို ေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
တရားခံမ်ားထဲမွ တစ္ဦးျဖစ္သူ ဂိုဏ္းေခါင္းေဆာင္ ပယ္ေစာက္ခ်ိန္မွာမူ ျပစ္ဒဏ္ခ်မွတ္ၿပီးေနာက္ ဖ်ားနာမႈေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း တရား႐ုံးက ဆိုသည္။
တရား႐ုံး၏ ထုတ္ျပန္ခ်က္အရ ၎တို႔၏ ရာဇဝတ္မႈမ်ားသည္ အလြန္အမင္း ဆိုး႐ြားၿပီး လူမႈအဖြဲ႕အစည္းအေပၚ ႀကီးမားေသာ ၿခိမ္းေျခာက္မႈျဖစ္ေစသည့္ အက်ိဳးဆက္မ်ား ရွိခဲ့သည္ဟု ေဖာ္ျပထားသည္။ တရားခံမ်ားသည္ ျပစ္ဒဏ္အေပၚ အယူခံဝင္ခဲ့ေသာ္လည္း ဂြမ္ေဒါင္းျပည္နယ္ အဆင့္ျမင့္ျပည္သူ႔တရား႐ုံးက ပယ္ခ်ခဲ့သည္။
ယခုကြပ္မ်က္မႈမ်ားသည္ အေရွ႕ေတာင္အာရွရွိ ေငြလိမ္ဂိုဏ္းမ်ားကို ေဘဂ်င္းအစိုးရက အရွိန္အဟုန္ျမႇင့္ ႏွိမ္နင္းေန ျခင္း၏ အစိတ္အပိုင္းတစ္ခုျဖစ္သည္။ အထူးသျဖင့္ ျမန္မာ၊ ကေမာၻဒီးယား ႏွင့္ လာအိုႏိုင္ငံမ်ားတြင္ အဆိုပါလုပ္ငန္း မ်ားသည္ စက္မႈလုပ္ငန္းအတိုင္းအတာအထိ ႀကီးထြားလာခဲ့သည္။