ဖားကန့်တွင် စာသင်ကျောင်းအတွင်းသို့ KIA ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ကလေးငယ် (၂) ဦး ဒဏ်ရာရ

 95

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် KIA က ပစ်ခတ်သည့်လက်နက်ကြီးကျည်တစ်လုံး ဖားကန့် အထကကျောင်း အတွင်း ကျရောက်ပေါက်ကွဲကာ ကျောင်းသား(၂) ဦးထိခိုက်ဒက်ရာရရှိခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုသည် ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၉ နာရီကျော်ဝန်းကျင်အချိန်ခန့်က ဖားကန့်မြို့၊ အထက(၁) ကျောင်း အဝန်းအတွင်း တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖားကန့်တပ်မကုန်းအား KIA ကပစ်ခတ် သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် အင်တာနက်စာမျက်နှာများထက်တွင် တပ်မတော်က ပစ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ပြောနေ ကြသည့်အပေါ် ယင်းမှာ မဟုတ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အဲဒါက မြေပြင်ကိုမသိလို့ဖြစ်နေကြတာ။ ဖားကန့်တပ်မကုန်းနဲ့ ကျောင်းနဲ့က ကပ်ရပ်ကြီး။ ဒီအတိုင်း လမ်းလေ ပေ (၂၀)လောက် လေးပဲခြားတာ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ လက်နက်ကြီးပါဆို အဲဒီလိုပစ်လို့မရဘူးလေ။ လက်ပစ်ဗုံးနဲ့ ပစ်မှပဲ။ မြေပြင်ကလူကတော့ သိပါတယ်။ စစ်တပ်ကိုပစ်တာပေါ့။ အဲဒီမှာ မရောက်ပဲ ချော်ပြီးထိတဲ့ကိစ္စလေ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်မြို့ အခြေခံပညာအထက်ကျောင်း အထက(၁)တွင် ကျောင်းသားကျောင်းသူ ဦးရေ (၅၀၀)ကျော် တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီးကျည်သည် အထက်ပါကျောင်း၏ KG တန်းအနီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား (၂) ဦး ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“လက်ရှိကျောင်းသားဦးရေက အနည်းဆုံး (၅၀၀)ကျော်လောက်တော့ရှိမယ်။ အဲဒါအနည်းဆုံးနော်။ အတိအကျ တော့ မသိဘူး။ အထကကျောင်းလေ။ ဖြစ်တာက ကျောင်းက KG တန်းနားလေးမှာကျပြီး အဲဒီမှထိတာ။ ကလေး (၂)ယောက်ထိတယ်။ ဆေးရုံတင်ထား ရတယ်။ လောလောဆယ်ဆယ်တော့ အဲဒီဟာတော့ သေချာတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ကျောင်းသား(၂)ဦးကို ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။

Zawgyi Version;
ဖားကန႔္တြင္ စာသင္ေက်ာင္းအတြင္းသို႔ KIA ပစ္လိုက္ေသာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲသည့္အတြက္ ကေလးငယ္ (၂) ဦး ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕တြင္ KIA က ပစ္ခတ္သည့္လက္နက္ႀကီးက်ည္တစ္လုံး ဖားကန႔္ အထကေက်ာင္း အတြင္း က်ေရာက္ေပါက္ကြဲကာ ေက်ာင္းသား(၂) ဦးထိခိုက္ဒက္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။
လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈသည္ ယေန႔(ေဖေဖာ္ဝါရီ ၂ရက္) နံနက္ ၉ နာရီေက်ာ္ဝန္းက်င္အခ်ိန္ခန႔္က ဖားကန႔္ၿမိဳ႕၊ အထက(၁) ေက်ာင္း အဝန္းအတြင္း တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဖားကန႔္တပ္မကုန္းအား KIA ကပစ္ခတ္ သည့္လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲျခင္းျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ အင္တာနက္စာမ်က္ႏွာမ်ားထက္တြင္ တပ္မေတာ္က ပစ္သည့္ လက္နက္ႀကီးက်ည္ျဖစ္ေၾကာင္း ေျပာေန ၾကသည့္အေပၚ ယင္းမွာ မဟုတ္ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“အဲဒါက ေျမျပင္ကိုမသိလို႔ျဖစ္ေနၾကတာ။ ဖားကန႔္တပ္မကုန္းနဲ႔ ေက်ာင္းနဲ႔က ကပ္ရပ္ႀကီး။ ဒီအတိုင္း လမ္းေလ ေပ (၂၀)ေလာက္ ေလးပဲျခားတာ။ ဘယ္လိုျဖစ္ႏိုင္မွာလဲ။ လက္နက္ႀကီးပါဆို အဲဒီလိုပစ္လို႔မရဘူးေလ။ လက္ပစ္ဗုံးနဲ႔ ပစ္မွပဲ။ ေျမျပင္ကလူကေတာ့ သိပါတယ္။ စစ္တပ္ကိုပစ္တာေပါ့။ အဲဒီမွာ မေရာက္ပဲ ေခ်ာ္ၿပီးထိတဲ့ကိစၥေလ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ဖားကန႔္ၿမိဳ႕ အေျခခံပညာအထက္ေက်ာင္း အထက(၁)တြင္ ေက်ာင္းသားေက်ာင္းသူ ဦးေရ (၅၀၀)ေက်ာ္ တက္ေရာက္ပညာသင္ၾကားေနေၾကာင္း သိရသည္။
အဆိုပါ လက္နက္ႀကီးက်ည္သည္ အထက္ပါေက်ာင္း၏ KG တန္းအနီး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းသား (၂) ဦး ဦးေခါင္းထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းလည္း ၎က ဆိုသည္။
“လက္ရွိေက်ာင္းသားဦးေရက အနည္းဆုံး (၅၀၀)ေက်ာ္ေလာက္ေတာ့ရွိမယ္။ အဲဒါအနည္းဆုံးေနာ္။ အတိအက် ေတာ့ မသိဘူး။ အထကေက်ာင္းေလ။ ျဖစ္တာက ေက်ာင္းက KG တန္းနားေလးမွာက်ၿပီး အဲဒီမွထိတာ။ ကေလး (၂)ေယာက္ထိတယ္။ ေဆး႐ုံတင္ထား ရတယ္။ ေလာေလာဆယ္ဆယ္ေတာ့ အဲဒီဟာေတာ့ ေသခ်ာတယ္” ဟု ၎က ေျပာသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူ ေက်ာင္းသား(၂)ဦးကို ဖားကန႔္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.