ဖေဖော်ဝါရီ(၂) ရက်မှစတင်ကာ ရန်ကုန်တွင် အလှည့်ကျစနစ်ဖြင့် တစ်ရက် ၄ နာရီ မီးပြန်ပြတ်မည်

623

ကိုဖြိုး (NP News) ဖေဖော်ဝါရီ ၂
အလှည့်ကျစနစ်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၂ ရက်)စတင်၍ တစ်ရက် ၄ နာရီကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။
တစ်ရက်လျှင် နံနက် ၉ နာရီ မှ မွန်းတည့် ၁ နာရီထိ တစ်ကြိမ်၊ မွန်းတည့် ၁ နာရီ မှ ညနေ ၅ နာရီထိ တစ်ကြိမ် အုပ်စုအလိုက် ၄ နာရီကြာ အလှည့်ကျ ဓာတ်အားပြတ်တောက်မည်ဖြစ်သည်။
“ဒီနေ့မနက်ကတည်းက စဖြတ်တာ၊ နွေရာသီတောင် မရောက်သေးဘူး မီးက စပြတ်နေတယ်။ မီးပေးတဲ့အချိန်မှာ လည်း အချိန်မှန်မှန်နဲ့မပြတ်ဘဲ ပေးစေချင်ပါတယ်” ဟု ရန်ကုန်မြို့ခံပြည်သူတစ်ဦးက ပြောသည်။
လွန်ခဲ့သော (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ Liquified Natural Gas (LNG) သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါ သဘာဝ ဓာတ်ငွေ့တင်သင်္ဘောသည် မဂ္ဂါဝပ် (၇၀၀)ခန့်ကို ရန်ကုန်တိုင်းအတွင်းရှိသည့် သာဓကတမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ နှင့် သန်လျင်မြို့နယ်ရှိ ဓာတ်အားပေးစက်ရုံတို့ဖြင့် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးရန် စီစဉ်ထားပြီး မဂ္ဂါဝပ် (၂၀၀) ကို ကနဦးအနေဖြင့် ဓာတ်အားဖြန့်ဖြူးပေးကြောင်း သိရသည်။
လက်ရှိ စက်ရုံများနှင့် အလုပ်ရုံများ၏ ဓာတ်အားခနှုန်းထားများကို LNG ဓာတ်အားခနှုန်းထားများအတိုင်း ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေဖေဖာ္ဝါရီ(၂) ရက္မွစတင္ကာ ရန္ကုန္တြင္ အလွည့္က်စနစ္ျဖင့္ တစ္ရက္ ၄ နာရီ မီးျပန္ျပတ္မည္
ကိုၿဖိဳး (NP News) ေဖေဖာ္ဝါရီ ၂
အလွည့္က်စနစ္ျဖင့္ ယေန႔(ေဖေဖာ္ဝါရီ ၂ ရက္)စတင္၍ တစ္ရက္ ၄ နာရီၾကာ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မည္ ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းထံမွ သိရသည္။
တစ္ရက္လွ်င္ နံနက္ ၉ နာရီ မွ မြန္းတည့္ ၁ နာရီထိ တစ္ႀကိမ္၊ မြန္းတည့္ ၁ နာရီ မွ ညေန ၅ နာရီထိ တစ္ႀကိမ္ အုပ္စုအလိုက္ ၄ နာရီၾကာ အလွည့္က် ဓာတ္အားျပတ္ေတာက္မည္ျဖစ္သည္။
“ဒီေန႔မနက္ကတည္းက စျဖတ္တာ၊ ေႏြရာသီေတာင္ မေရာက္ေသးဘူး မီးက စျပတ္ေနတယ္။ မီးေပးတဲ့အခ်ိန္မွာ လည္း အခ်ိန္မွန္မွန္နဲ႔မျပတ္ဘဲ ေပးေစခ်င္ပါတယ္” ဟု ရန္ကုန္ၿမိဳ႕ခံျပည္သူတစ္ဦးက ေျပာသည္။
လြန္ခဲ့ေသာ (၂၀၂၅) ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း၌ Liquified Natural Gas (LNG) သယ္ေဆာင္လာသည့္ MT DAPENG PRINCESS သေဘၤာသည္ MCV Terminal သို႔ ထပ္မံေရာက္ရွိလာခဲ့ေၾကာင္း၊ အဆိုပါ သဘာဝ ဓာတ္ေငြ႕တင္သေဘၤာသည္ မဂၢါဝပ္ (၇၀၀)ခန႔္ကို ရန္ကုန္တိုင္းအတြင္းရွိသည့္ သာဓကတၿမိဳ႕နယ္ရွိ လွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံ ႏွင့္ သန္လ်င္ၿမိဳ႕နယ္ရွိ ဓာတ္အားေပးစက္႐ုံတို႔ျဖင့္ ခ်ိတ္ဆက္ကာ လွ်ပ္စစ္ဓာတ္အား ျဖန္ျဖဴးေပးရန္ စီစဥ္ထားၿပီး မဂၢါဝပ္ (၂၀၀) ကို ကနဦးအေနျဖင့္ ဓာတ္အားျဖန႔္ျဖဴးေပးေၾကာင္း သိရသည္။
လက္ရွိ စက္႐ုံမ်ားႏွင့္ အလုပ္႐ုံမ်ား၏ ဓာတ္အားခႏႈန္းထားမ်ားကို LNG ဓာတ္အားခႏႈန္းထားမ်ားအတိုင္း ေျပာင္းလဲေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။