လားရှိုးမြို့ရှိ ရွှေသန့်စင်လုပ်ငန်းနေအိမ် အိမ်ဓားပြတိုက်ခံရပြီး ပိသာနှင့်ချီသော ရွှေများပါသွား

 117

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရွှေသန့်စင်လုပ်ငန်းနေအိမ် အိမ်ဓားပြတိုက်ခံရပြီး ပိသာနှင့်ချီသော ရွှေများ ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်ခန့်က လားရှို့မြို့၊ ရပ်ကွက် (၄) ရှိ ရွှေသန့်စင်လုပ်ငန်း နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လူ(၇) ဦးက ကား(၃)စီးဖြင့်ရောက်ရှိလာကာ ဓားပြတိုက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ကွက် (၄) မှာ ရွှေသန့်စင်လုပ်ငန်းလုပ်တဲ့ အိမ်ရှိတယ်။ အဲဒီမှာဖြစ်သွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဓားပြတိုက်ခံမှုကြောင့် ရွှေထည် (၅) ပိဿခန့်နှင့် ငွေကျပ် သိန်း(၁၀၀၀)လည်းပါသွားပြီး လက်ရှိတွင် သက်ဆိုင်ရာအား အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာက အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးကာ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်ကလည်း လာရှိးမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တကေသရကို (၆) တန်းနှင့် (၇) တန်းကျောင်းသား (၂) ဦးက ဓား၊ တူတို့ဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် လည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
လားရႈိးၿမိဳ႕ရွိ ေ႐ႊသန႔္စင္လုပ္ငန္းေနအိမ္ အိမ္ဓားျပတိုက္ခံရၿပီး ပိသာႏွင့္ခ်ီေသာ ေ႐ႊမ်ားပါသြား
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕ရွိ ေ႐ႊသန႔္စင္လုပ္ငန္းေနအိမ္ အိမ္ဓားျပတိုက္ခံရၿပီး ပိသာႏွင့္ခ်ီေသာ ေ႐ႊမ်ား ပါသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁ ရက္) မြန္းတည့္ ၁၂ နာရီဝန္းက်င္အခ်ိန္ခန႔္က လားရႈိ႕ၿမိဳ႕၊ ရပ္ကြက္ (၄) ရွိ ေ႐ႊသန႔္စင္လုပ္ငန္း ေနအိမ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္း လူ(၇) ဦးက ကား(၃)စီးျဖင့္ေရာက္ရွိလာကာ ဓားျပတိုက္လုယက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရပ္ကြက္ (၄) မွာ ေ႐ႊသန႔္စင္လုပ္ငန္းလုပ္တဲ့ အိမ္ရွိတယ္။ အဲဒီမွာျဖစ္သြားတာ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါဓားျပတိုက္ခံမႈေၾကာင့္ ေ႐ႊထည္ (၅) ပိႆခန႔္ႏွင့္ ေငြက်ပ္ သိန္း(၁၀၀၀)လည္းပါသြားၿပီး လက္ရွိတြင္ သက္ဆိုင္ရာအား အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာက အဆိုပါအမႈႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးကာ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး ရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၈ ရက္ကလည္း လာရွိးၿမိဳ႕၊ အမွတ္ ၄ ရပ္ကြက္ရွိ မဟာေဗာဓ႐ုံေက်ာင္းတိုက္မွ ဆရာေတာ္ ဘဒၵႏၲေကသရကို (၆) တန္းႏွင့္ (၇) တန္းေက်ာင္းသား (၂) ဦးက ဓား၊ တူတို႔ျဖင့္ ထိုးခုတ္သတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္ လည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.