နေပြည်တော်ရှိ ရွှေမြို့ဆိုလာစီမံကိန်းမှ လာမည့်ဇွန်လအတွင်း ဓာတ်အား စတင်ထုတ်လွှတ်နိုင်ရန် ရည်မှန်း‌ ဆောင်ရွက်နေ

 255

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၃
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် နေရောင်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး ရွှေမြို့ဆိုလာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇွန်လအတွင်း လျှပ်စစ်ဓာတ်အား စတင် ထုတ်လွှတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် မြေယာဆိုင်ရာကိစ္စရပ်များ၊ မြေသားလေ့လာရေးလုပ်ငန်းများနှင့် စာရွက် စာတမ်းဆိုင်ရာ ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပြီး စီမံကိန်း၏ ပထမအဆင့်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလတွင် ပိုင်တူးဖော်ခြင်းလုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် Solar Tracker စနစ်များ၊ အောက်ခံ Base များနှင့် Tracker တိုင်များကို အပြီးသတ် ဆောင်ရွက်ပြီး ဖြစ်ကာ ဆိုလာပြားစုစုပေါင်း (၆) သောင်းခန့် တပ်ဆင်ရန် စီစဉ်ထားသည့်အနက် လက်ရှိတွင် (၄) သောင်းခန့်ကို တပ်ဆင်ပြီးစီးထားပြီးဖြစ်ကာ ကျန်ရှိသည့် ဆိုလာပြား (၂) သောင်းခန့်ကို လာမည့် ဖေဖော်ဝါရီလကုန်တွင် အပြီးသတ် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းမှ လာမည့် ဇွန်လမှစတင်ကာ ဓာတ်အားထုတ်လုပ်နိုင်ရန် ၊ နေ့စဉ် မဂ္ဂဝပ် ၂၀၀ နီးပါး ထုတ်လုပ်ရန် ရည်းမှန်းဆောင်ရွက်နေပြီး အဆိုပါ လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုင်းသို့ တိုက်ရိုက်ချိတ် ဆက်ပို့သွင်းသွားမည်ဖြစ်ကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပိုင် ရွှေမြို့ခွဲရုံသို့ ပို့သွင်းမည်ဖြစ်‌ကြောင်း သိရသည်။
ထိုစီမံကိန်းတွင် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားပြီး Solar Tracker စနစ်တွင် AI နည်းပညာနှင့် Weather Station များကို တပ်ဆင်ထားကာ နေရောင်ခြည်သွားသည့်ဘက်ကို ဆိုလာပြားများ အလိုအလျောက် လှည့်ခြင်း၊ မိုးသီးကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ထိခိုက်မှုမဖြစ်စေရန် အလိုအလျောက် ထိန်းချုပ်နိုင် သည့် စနစ်များ ပါဝင်ကြောင်း သိရသည်။
ရွှေမြို့ဆိုလာစီမံကိန်းသည် ပထမအဆင့်တွင် မဂ္ဂဝပ် (၃၀) ၊ ဒုတိယနှင့် တတိယအဆင့်များတွင် မဂ္ဂဝပ် (၃၀) စီ ထုတ်လွှတ်ကာ စုစုပေါင်း မဂ္ဂဝပ် (၉၀) ထုတ်လုပ်နိုင်ရန် စီစဉ်ထားပြီး စီမံကိန်းပြီးစီးပါက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်းဖြည့်ဆည်း ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

Zawgyi Version;
ေနျပည္ေတာ္ရွိ ေ႐ႊၿမိဳ႕ဆိုလာစီမံကိန္းမွ လာမည့္ဇြန္လအတြင္း ဓာတ္အား စတင္ထုတ္လႊတ္ႏိုင္ရန္ ရည္မွန္း‌ ေဆာင္႐ြက္ေန
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၃
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ေနေရာင္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပး ေ႐ႊၿမိဳ႕ဆိုလာ စီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး ၂၀၂၆ ခုႏွစ္ ဇြန္လအတြင္း လွ်ပ္စစ္ဓာတ္အား စတင္ ထုတ္လႊတ္ႏိုင္ရန္ ရည္႐ြယ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းကို ၂၀၂၂ ခုႏွစ္တြင္ ေျမယာဆိုင္ရာကိစၥရပ္မ်ား၊ ေျမသားေလ့လာေရးလုပ္ငန္းမ်ားႏွင့္ စာ႐ြက္ စာတမ္းဆိုင္ရာ ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ခဲ့ၿပီး စီမံကိန္း၏ ပထမအဆင့္အေနျဖင့္ ၂၀၂၅ ခုႏွစ္ ဧၿပီလတြင္ ပိုင္တူးေဖာ္ျခင္းလုပ္ငန္းမ်ား စတင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ Solar Tracker စနစ္မ်ား၊ ေအာက္ခံ Base မ်ားႏွင့္ Tracker တိုင္မ်ားကို အၿပီးသတ္ ေဆာင္႐ြက္ၿပီး ျဖစ္ကာ ဆိုလာျပားစုစုေပါင္း (၆) ေသာင္းခန႔္ တပ္ဆင္ရန္ စီစဥ္ထားသည့္အနက္ လက္ရွိတြင္ (၄) ေသာင္းခန႔္ကို တပ္ဆင္ၿပီးစီးထားၿပီးျဖစ္ကာ က်န္ရွိသည့္ ဆိုလာျပား (၂) ေသာင္းခန႔္ကို လာမည့္ ေဖေဖာ္ဝါရီလကုန္တြင္ အၿပီးသတ္ တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းမွ လာမည့္ ဇြန္လမွစတင္ကာ ဓာတ္အားထုတ္လုပ္ႏိုင္ရန္ ၊ ေန႔စဥ္ မဂၢဝပ္ ၂၀၀ နီးပါး ထုတ္လုပ္ရန္ ရည္းမွန္းေဆာင္႐ြက္ေနၿပီး အဆိုပါ လွ်ပ္စစ္ဓာတ္အားကို ႏိုင္ငံေတာ္၏လွ်ပ္စစ္ဓာတ္အားလိုင္းသို႔ တိုက္႐ိုက္ခ်ိတ္ ဆက္ပို႔သြင္းသြားမည္ျဖစ္ကာ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနပိုင္ ေ႐ႊၿမိဳ႕ခြဲ႐ုံသို႔ ပို႔သြင္းမည္ျဖစ္‌ေၾကာင္း သိရသည္။
ထိုစီမံကိန္းတြင္ ေနာက္ဆုံးေပၚ နည္းပညာမ်ားကို အသုံးျပဳထားၿပီး Solar Tracker စနစ္တြင္ AI နည္းပညာႏွင့္ Weather Station မ်ားကို တပ္ဆင္ထားကာ ေနေရာင္ျခည္သြားသည့္ဘက္ကို ဆိုလာျပားမ်ား အလိုအေလ်ာက္ လွည့္ျခင္း၊ မိုးသီးက်ျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းတို႔ေၾကာင့္ ထိခိုက္မႈမျဖစ္ေစရန္ အလိုအေလ်ာက္ ထိန္းခ်ဳပ္ႏိုင္ သည့္ စနစ္မ်ား ပါဝင္ေၾကာင္း သိရသည္။
ေ႐ႊၿမိဳ႕ဆိုလာစီမံကိန္းသည္ ပထမအဆင့္တြင္ မဂၢဝပ္ (၃၀) ၊ ဒုတိယႏွင့္ တတိယအဆင့္မ်ားတြင္ မဂၢဝပ္ (၃၀) စီ ထုတ္လႊတ္ကာ စုစုေပါင္း မဂၢဝပ္ (၉၀) ထုတ္လုပ္ႏိုင္ရန္ စီစဥ္ထားၿပီး စီမံကိန္းၿပီးစီးပါက ႏိုင္ငံေတာ္၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို တစ္စိတ္တစ္ပိုင္းျဖည့္ဆည္း ေပးႏိုင္မည္ဟု ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.