KNDF ၊ အင်းလေး PDF၊ ရှမ်း(တောင်) PDF နှင့် DPLA အဖွဲ့ဝင် (၂၄) ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်

 114

Pearl (NP News) - ဖေဖော်ဝါရီ ၃

KNDF ၊ အင်းလေး PDF ၊ ရှမ်း(တောင်) PDF နှင့် DPLA အဖွဲ့ဝင် (၂၄) ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KNDF အဖွဲ့မှ အမျိုးသား ၃ ဦး၊ အင်းလေး PDF အဖွဲ့မှ အမျိုးသား ၁ ဦး၊ ရှမ်း(တောင်)PDF အဖွဲ့မှ အမျိုးသား ၂ ဦး၊ DPLA အဖွဲ့မှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ဦး၊ စုစုပေါင်းအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၆ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် KNDF ၊ အင်းလေး PDF၊ ရှမ်း(တောင်)PDFနှင့် DPLA အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်းဖြစ်ကာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်မှ၊ မိုးဗြဲ-ဖယ်ခုံမြို့နယ် ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့မှ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၆ ဦး ပေါင်း ၂၄ ဦး တို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့ (ဖေဖော်ဝါရီ ၂ရက်) က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြသူများမှ ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန် ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်တို့အား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်းအတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်းအတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂ လက်အတွက် ငွေကျပ် သိန်း ၁၀၀ နှင့် အလင်းဝင်ရောက်လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်း ဖြင့် ၂၄ ဦးအတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် ၁၄၈သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

Zawgyi Version;
KNDF ၊ အင္းေလး PDF၊ ရွမ္း(ေတာင္) PDF ႏွင့္ DPLA အဖြဲ႕ဝင္ (၂၄) ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္
Pearl (NP News) - ေဖေဖာ္ဝါရီ ၃
KNDF ၊ အင္းေလး PDF ၊ ရွမ္း(ေတာင္) PDF ႏွင့္ DPLA အဖြဲ႕ဝင္ (၂၄) ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၊ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို နားလည္သေဘာေပါက္လာသည့္ KNDF အဖြဲ႕မွ အမ်ိဳးသား ၃ ဦး၊ အင္းေလး PDF အဖြဲ႕မွ အမ်ိဳးသား ၁ ဦး၊ ရွမ္း(ေတာင္)PDF အဖြဲ႕မွ အမ်ိဳးသား ၂ ဦး၊ DPLA အဖြဲ႕မွ အမ်ိဳးသား ၁၂ ဦး၊ အမ်ိဳးသမီး ၆ဦး၊ စုစုေပါင္းအမ်ိဳးသား ၁၈ ဦးႏွင့္ အမ်ိဳးသမီး ၆ ဦး တို႔သည္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာေၾကာင္း သိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာၾကသည့္ KNDF ၊ အင္းေလး PDF၊ ရွမ္း(ေတာင္)PDFႏွင့္ DPLA အဖြဲ႕ဝင္မ်ားသည္ မိသားစုဝင္ေဆြမ်ိဳးမ်ားႏွင့္ အၾကပ္ကိုင္၍ အတင္းအဓမၼစုေဆာင္းခံၾကရျခင္းျဖစ္ကာ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံၿပီး ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္၍ ၎တို႔ေၾကာင့္ နစ္နာဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရသည့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ ျပန္လည္အက်ိဳးျပဳလိုျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အား စြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာၾကသည့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ႐ြာငံၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္မွ၊ မိုးၿဗဲ-ဖယ္ခုံၿမိဳ႕နယ္ ၊ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္တို႔မွ အမ်ိဳးသား ၁၈ ဦး၊ အမ်ိဳးသမီး ၆ ဦး ေပါင္း ၂၄ ဦး တို႔အား တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂ရက္) က အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ သံလြင္ခန္းမ၌ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အခမ္းအနားတြင္ ဥပေဒေဘာင္ အတြင္းျပန္လည္ဝင္ေရာက္ခဲ့ၾကသူမ်ားမွ ၎တို႔ႏွင့္အတူ ပါရွိလာသည့္ ေမာင္းျပန္ ႐ိုင္ဖယ္ ၂ လက္၊ က်ည္အိမ္ ၃ ခု၊ က်ည္ ၄၀ ေတာင့္တို႔အား လႊဲေျပာင္းအပ္ႏွံရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က လက္ခံရယူခဲ့ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္းအတြင္း ဝင္ေရာက္လာၾကသူမ်ားအား ေမာင္းျပန္႐ိုင္ဖယ္ ၁ လက္ႏႈန္းအတြက္ ဆုေၾကးေငြ က်ပ္သိန္း ၅၀ ႏႈန္းျဖင့္ ၂ လက္အတြက္ ေငြက်ပ္ သိန္း ၁၀၀ ႏွင့္ အလင္းဝင္ေရာက္လာသူအားလုံးအတြက္ တစ္ဦးလွ်င္ ေငြက်ပ္ ၂ သိန္းႏႈန္း ျဖင့္ ၂၄ ဦးအတြက္ ဆုေၾကးေငြက်ပ္ ၄၈ သိန္း၊ စုစုေပါင္းေငြက်ပ္ ၁၄၈သိန္းႏွင့္ ေထာက္ပံ့ပစၥည္းမ်ားကို ျပန္လည္ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔ကို ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္း အပ္ႏွံေပးအပ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ားက်န္ရွိေနေသးေၾကာင္း သိရွိရၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္ သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံကာ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.