ပညာရေးဝန်ကြီးဌာနရှိ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမည်

75

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာနရှိ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယမန်နေ့ ( ဖေဖော်ဝါရီ ၂ ရက်) နံနက်ပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
လာမည့် ပညာသင်နှစ်တွင် Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲရမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ပေါင်းစပ် ညှိနှိုင်းမှုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနတွင်ရှိသည့် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး အသစ်ပြန် လည်ဖွဲ့စည်းမည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတွင် ဒုတိယဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စေမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ပြန်လည်ဖွဲ့စည်းရာတွင် ပညာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဆိုင်ရာများနှင့် ပတ်သက် သည့် ပညာရှင်များကိုပါ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည်ဆိုပါက ပိုမိုကောင်းမွန်သည့် သင်ရိုးညွှန်းတမ်းများဖြစ်လာမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင် ကြားပေးရန်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်း သင်ကြားပေးနိုင်ရန်၊ သင်ရိုးများ အချိန်မီရေးဆွဲရန်၊ သင်ကြားမည့် ဆရာ ဆရာမများ နှင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပေးရန် နှင့် သင်ကြားမည့်အချိန်များ သတ်မှတ်နိုင်ရန် ဆွေးနွေးစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အဆိုပါ အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပညာေရးဝန္ႀကီးဌာနရွိ အမ်ိဳးသားသင္႐ိုးၫႊန္းတမ္းေကာ္မတီကို အသစ္ျပန္လည္ဖြဲ႕စည္းမည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၃
ပညာေရးဝန္ႀကီးဌာနရွိ အမ်ိဳးသားသင္႐ိုး ၫႊန္းတမ္းေကာ္မတီကို အသစ္ျပန္လည္ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္က ယမန္ေန႔ ( ေဖေဖာ္ဝါရီ ၂ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ ပညာေရးဝန္ႀကီးဌာန ႐ုံးအမွတ္(၁၃) အစည္းအေဝးခန္းမ၌ က်င္းပေသာ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးဘာသာရပ္မ်ား သင္ၾကားေရးလုပ္ငန္း ညႇိႏႈိင္းအစည္း အေဝးတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
လာမည့္ ပညာသင္ႏွစ္တြင္ Grade-12 ၏ သင္႐ိုးၫႊန္းတမ္းမ်ားကို ျပန္လည္ေရးဆြဲရမည္ျဖစ္ရာ သက္ဆိုင္ရာဝန္ႀကီးဌာန အသီးသီး၏ေပါင္းစပ္ ညႇိႏႈိင္းမႈျဖင့္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ပညာေရးဝန္ႀကီးဌာနတြင္ရွိသည့္ အမ်ိဳးသားသင္႐ိုး ၫႊန္းတမ္းေကာ္မတီကို အသစ္ျပန္လည္ဖြဲ႕စည္းမည္ ျဖစ္ၿပီး အသစ္ျပန္ လည္ဖြဲ႕စည္းမည့္ အမ်ိဳးသားသင္႐ိုးၫႊန္းတမ္းေကာ္မတီတြင္ ဒုတိယဝန္ႀကီးအား ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္ေစမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုသို႔ျပန္လည္ဖြဲ႕စည္းရာတြင္ ပညာေရးဝန္ႀကီးဌာနမွ ကြၽမ္းက်င္သူမ်ားသာမက စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴ ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္ သည့္ ပညာရွင္မ်ားကိုပါ ေကာ္မတီတြင္ အဖြဲ႕ဝင္အျဖစ္ ထည့္သြင္းဖြဲ႕စည္းမည္ဆိုပါက ပိုမိုေကာင္းမြန္သည့္ သင္႐ိုးၫႊန္းတမ္းမ်ားျဖစ္လာမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္ခ်က္အရ အလယ္တန္းမ်ားတြင္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးဘာသာရပ္မ်ား ထည့္သြင္းသင္ ၾကားေပးရန္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ လာမည့္ ၂၀၂၆ ခုႏွစ္ ပညာသင္ႏွစ္ ဇြန္လမွစတင္၍ အလယ္တန္းတြင္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးဘာသာရပ္မ်ား ထည့္သြင္း သင္ၾကားေပးႏိုင္ရန္၊ သင္႐ိုးမ်ား အခ်ိန္မီေရးဆြဲရန္၊ သင္ၾကားမည့္ ဆရာ ဆရာမမ်ား ႏွင့္ ဆင့္ပြားသင္တန္းမ်ား ဆက္လက္ေပးရန္ ႏွင့္ သင္ၾကားမည့္အခ်ိန္မ်ား သတ္မွတ္ႏိုင္ရန္ ေဆြးေႏြးေစလိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
အဆိုပါ အစည္းအေဝးကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္၊ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ မ်ိဳးသိန္းေက်ာ္၊ ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္ႏွင့္ ဦးေနမ်ိဳးလႈိင္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။