ICJ တွင် ရှုူံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သတိထားရမည့် အနောက်ဘက်နယ်စပ်အရေး

317

ကျွန်းသားငမန်း (NP News) - ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံနှင့်ပတ်သက်သည့်သတင်းများတွင် မြန်မာတစ်မျိုးသားလုံးနှင့်ဆိုင်သော အရေးကိစ္စ အဖြစ် နိုင်ငံတကာတရားရုံး ICJ တွင်တရားရင်ဆိုင်နေရသည့်အမှုကိစ္စဖြစ်သည်။ ဤအမှုမှာ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ဖြစ်သော ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့်သက်ဆိုင်နေသောကိစ္စရပ်ဖြစ် သည်။ အမှုကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံမှ စွပ်စွဲတရားစွဲဆိုခဲ့သော ဖြစ်ပျက်သမျှအကြောင်းအရာ အစုံကို မြန်မာနိုင်ငံဘက်မှ တစ်ခုချင်းအလိုက် ချေပဖြေရှင်းခဲ့သည်များကို ကြားသိတွေ့မြင်ခဲ့ရ၍ မြန်မာ နိုင်ငံသားတစ်ဦးအနေဖြင့် ဝမ်းသာအားရဖြစ်ရသလို ဂုဏ်လည်းယူမိသည်။ အထူးသဖြင့် ဤအမှု၏ အဓိ ကရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏အနောက်ဘက်တွင် (၁) မြန်မာနိုင်ငံရှိဘင်္ဂါလီများကို လူမျိုးလိမ်အမည် တပ်၍ သီးခြားနယ်မြေထူထောင်ပေးရန်စီမံခြင်း၊ (၂) ဘင်္ဂါလီအစွန်းရောက်သောင်းကျန်းသူ (ARSA)ကဲ့သို့ လက်နက်ကိုင်အဖွဲ့ကို ကူညီထောက်ပံ့ပေးကာ ဘင်္ဂါလီနယ်မြေသစ်ဖော်ထုတ်ပြီး ၎င်းတို့၏ဩဇာခံ အစိုး ရ (အဖွဲ့အစည်းတစ်ရပ်)ထူထောင်ရန်ပင်ဖြစ်သည်။
ဘင်္ဂါလီများ၏ နယ်မြေပိုင်စိုးရေး လုပ်ဆောင်ချက်များ
ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းစိုးမိုးရေးကို အစဉ်တစိုက် ကြံစည်လုပ်ဆောင်နေ ကြသူများဖြစ်သည်။ ၎င်းတို့သည် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ကိုသာမက ကုလားတန်မြစ်အ နောက်ဘက်ခြမ်းမှ နတ်မြစ်အရှေ့ဘက်ခြမ်းရှိနယ်မြေအားလုံးကို မြန်မာနိုင်ငံရှိ မွတ်စလင်တို့၏ အမျိုး သား နယ်မြေအဖြစ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြဖူးသည်။ ထိုသို့သာမက ရခိုင်ပြည်နယ်ရှိ ခိုးဝင် ဘင်္ဂါလီ မွတ်စလင်များကို မြန်မာနိုင်ငံ၏တိုင်းရင်းသားများအဖြစ်သတ်မှတ်ပေးရန် အစဉ်တစိုက်တောင်း ဆိုခဲ့ကြသည်။ ဤတောင်းဆိုချက်များရရှိစေရန်မှာ ရခိုင်ပြည် နယ်မြောက်ပိုင်းဒေသတွင် သီးခြား လွတ် လပ်သော ပြည်နယ်တစ်ခုဖြစ်ပေါ်လာမှသာ ၎င်းတို့ဆန္ဒအတိုင်း ဖြစ်လာနိုင်မည်ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာလကပင် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့ သည်များ ရှိခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို မွတ်စလင်ပြည်နယ်ဖွဲ့စည်းရန်သာမက ဗဟိုအစိုးရအဖွဲ့တွင် မွတ်စလင်ဝန်ကြီးခန့်အပ်ပေးရန်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၏ကိစ္စအဝဝတွင် ရခိုင်နှင့်မွတ်စလင် (၅၀)ရာခိုင်နှုန်းဝေစုခွဲဝေသည့်စနစ်ကိုကျင့် သုံးရန်လည်းကောင်း၊ ရခိုင်ပြည်နယ် အတွင်း လက်နက်ကိုင်အဖွဲ့တွင် မွတ်စလင်လူမျိုး (၅၀)ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရန်ကိုလည်းကောင်း အဓိက ထားတောင်းဆိုခဲ့ကြသည်ကိုတွေ့ရသည်။ ထို့ပြင် မွတ်စလင် မူလတန်း၊ အလယ်တန်းကျောင်း များဖွင့်လှစ်ပေးပြီး ဘာသာအားလုံးတွင် အူရဒူဘာသာဖြင့်သာသင်ကြား ခွင့်ပြုရန်နှင့် မွတ်စလင်များကို ၎င်းတို့ ဆန္ဒမပါဘဲ အခြားဘာသာသင်ကြားခြင်းမပြုရန် အချက်များကိုပါ တောင်းဆိုခဲ့သည်။ ဤ တောင်းဆိုချက်များမှာ လွတ်လပ်ရေးရပြီးနောက်ရေးဆွဲခဲ့ကြသော ဖွဲ့စည်းပုံအခြေခံဥပဒေများကို ကျော်လွန်တောင်းဆိုခဲ့ခြင်းပင်ဖြစ် သည်။ ဤတောင်းဆိုချက်များကိုကြည့်ခြင်းအားဖြင့် ဘင်္ဂါလီများ၏ မရိုးသားသောအကြံကိုပါတွေ့မြင်နိုင် ကြသည်။ ဤအကြံအစည်များ အောင်မြင်ရန်အတွက် ရခိုင်ပြည် နယ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ဩဇာခံ အစိုးရတစ်ရပ်ထူထောင်နိုင်ရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အန္တိမ ရည်မှန်းချက်လည်းဖြစ်နေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် နယ်မြေရရှိရေးကို ဦးတည်လုပ်ဆောင်လာခြင်းပင်ဖြစ်သည်။
နယ်စပ်ဒေသနေဘင်္ဂါလီများအနေဖြင့် ရခိုင် ပြည်နယ်မြောက်ပိုင်းဒေသကို ၎င်းတို့ပိုင်စိုးရာ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပိုင်စိုးခွင့်ရရေးဆောင်ရွက်လာခဲ့သည်မှာ ယခုမှမဟုတ်ပေ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာလကပင်ဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည် နယ်မြောက်ပိုင်းဒေသကို နယ်မြေပိုင်စိုးခွင့်ရရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့်လည်းကောင်း၊ စစ်ရေး ပဋိပက္ခနည်းလမ်းဖြင့်လည်းကောင်း အစဉ်တစိုက်လုပ်ဆောင်ခဲ့ကြသည်။ နောက်ဆုံး (၂၀၁၇)ခုနှစ်အရေး အခင်းကို ဖန်တီးပြီး နိုင်ငံတကာတရားရုံးရောက်သည်အထိ လုပ်ဆောင်လာခဲ့ခြင်းလည်းဖြစ်သည်။ ဆိုရ လျှင် နိုင်ငံရေးအသာစီးဖြင့် မြန်မာနိုင်ငံသားဖြစ်ရေးသာမက၊ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် ပုံဖော် ဆောင်ရွက်လာနေဖြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်းသို့ ရောက်ရှိကာ ကာလရှည်ကြာနေထိုင်ကြသော ခိုးဝင်ဘင်္ဂလီများသည်လည်းကောင်း ပူးပေါင်း၍ဆောင် ရွက်နေကြခြင်းဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏အနောက်ဘက်တွင်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယင်းဒေသ၏လူဦးရေပေါက် ကွဲနေမှုအတွက် လူများကိုနေရာချထားပေးနိုင်ရန် မြန်မာနိုင်ငံ၏အနောက်ဘက်ဒေသကို စိတ်ပါဝင်စား လျက်ရှိနေသည်။ လာမည့် (၂၅) နှစ်၊ အနှစ် (၃၀) အတွင်း ပင်လယ်ရေပြင်မြင့်တက်မှုကြောင့် ရေ အောက်ရောက်သွားနိုင်သည့် ၎င်းတို့၏နယ်မြေဒေသ အချို့မှလူအများကို ရွှေ့ပြောင်းနေရာချထားနိုင် ရေး ရခိုင်ပြည်နယ်မြောက်ပိုင်းနေရာများကို စိတ်ဝင်စားနေခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မွတ် စလင်များအနေဖြင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသို့ နည်းမျိုးစုံဖြင့်ကျူးကျော်ခြင်း၊ ခိုးဝင်ခြင်းဖြင့် ဝင် ရောက်နေထိုင်နေကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့ နယ်တို့သည် ဘင်္ဂါလီလူမျိုးများနေထိုင်ရာဒေသတစ်ခုဖြစ်သွားခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရရှိသေးမီကာလကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(အရှေ့ပါကစ္စတန်) သား ဘင်္ဂါလီများသည် ရခိုင်ဒေသသို့ ခိုးဝင်ရောက်ရှိနေထိုင်ကြသော ဒေသခံဘင်္ဂါလီများနှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသသို့ ကျူးကျော်ခိုးဝင်နေထိုင်ခဲ့ကြသလို ဒေသခံများမနေရဲအောင် ရန်စကျူးကျော်ခြင်းဖြင့် ထွက်ခွာသွားကြ သည့် ရခိုင်တိုင်းရင်းသားများ၏ ကျေးရွာ၊ လယ်မြေများကိုအပိုင်စီး အခြေချနေထိုင်ခဲ့ကြကာ နယ်မြေ များကိုလုယက်ခဲ့ကြသည်။
လောလောဆယ်တွင်လည်း မြန်မာနိုင်ငံမှထွက် ခွာသွားသူများဟုဆိုသည့် ဘင်္ဂါလီကုလားများ အရေး နှင့်ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် OIC နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအပေါ် ယိုးမယ် ဖွဲ့အပြစ်ရှာပြီးနေသည်။ အထူးသဖြင့် ဒုက္ခသည် ပြန် လည်လက်ခံရေးဆိုသည်ကို မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလေဟန် ယိုးမယ်ဖွဲ့အပြစ်ဆိုပြီး နိုင်ငံတကာတရားရုံးသို့ရောက်အောင် ဆွဲ တင်ခဲ့ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် နောက်ကွယ်မှလက်မည်းကြီးများပါဝင်နေသည်။ အထူး သ ဖြင့် OIC နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှထွက်ပြေးသွားသည့် ဘင်္ဂါလီများနှင့်ဆက်စပ်ကာ ၎င်းတို့၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ မြန်မာနိုင်ငံကမ်းရိုးတန်းနှင့်ဆက်စပ်ကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ စသည်များနှင့်ချိတ်ဆက်မည့် မွတ်စလင်ခါးပတ်ထူထောင်ရေးအတွက် အကောင် အထည်ဖော်လုပ်ဆောင်နေသည်။
သတိထားကာကွယ်
ဘင်္ဂါလီကုလားများ၏ နယ်မြေကျူးကျော်မှုများ၊ နယ်မြေသိမ်းယူရေးဆောင်ရွက်ချက်များကို မြန်မာနိုင်ငံအစိုးရအဆက်ဆက်မှ မျက်ခြည်မပြတ် ကြည့်ရှု စစ်ဆေးပြီး တားဆီးကာကွယ်ခဲ့ရသည်။ မူဂျာဟစ် သောင်းကျန်းသူများ၏တိုက်ခိုက်ကျူးကျော်မှုကြောင့် ဒေသနေရခိုင်များ ထွက်ပြေးခဲ့ရသလို ဘင်္ဂါလီများသည် အခွင့်အခါရလျှင်ရသလို လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခများကိုဖန်တီးကာ ဒေသခံ ရခိုင်လူမျိုးများ မနေရဲအောင်လုပ်ဆောင်ခဲ့ကြသည်။ ဤအရေးအခင်းများအနက် (၂၀၁၇)ခုနှစ် ဩဂုတ် လ (၂၅) ရက် အရေးအခင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှဘင်္ဂါလီများသည် လူမျိုးတုံး သတ်ဖြတ် သည်ဟူသည့်အကြောင်းပြချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၎င်းတို့သဘောဖြင့် ထွက်ခွာသွားခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည်အဖြစ်နေထိုင်ကာ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများမှ အထင်အမြင် လွဲမှားစေရန်လုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာ တရားရုံးသို့ရောက်သည်အထိ ဆွဲ ခေါ်သွားခဲ့ကြသည်။ ထွက်ခွာသွားသည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံရေး မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်းကောင်း၊ ပါဝင်ပတ်သက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းတာ ဝန်ရှိသူများမှလည်းကောင်း ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပို့ဆောင် ရေးလုပ်ငန်းများ မအောင်မြင်ဖြစ်စေရန် လုပ်ဆောင်ထားခဲ့ကြသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင်လည်း မောင်တော၊ဘူးသီးတောင်နယ်စပ်ဒေသတွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်ဘင်္ဂါလီများက ဝင်ရောက်နေထိုင်လျက်ရှိကြပြီး အခြားဒေသများတွင်လည်း ရောက်ရှိနေထိုင်နေ ကြသည်။ ရခိုင်ပြည်နယ်တွင် လူဦးရေ (၃)သန်းကျော်ရှိသည့်အနက် (၁)သန်းကျော်မှာ ဘင်္ဂါလီလူမျိုး များဖြစ်ကြသည်။ (၁၉၄၂) ခုနှစ် အလယ်သံကျော်အရေးအခင်းတွင် ဘင်္ဂါလီများ၏သတ်ဖြတ်ခြင်းကို ရခိုင်ပြည်သူ (၄)သောင်းကျော်ခံခဲ့ရသည်။ လူအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ လွတ် လပ်ရေးရပြီး (၁၉၅၀-၁၉၇၀)ဝန်းကျင်အထိ မူဂျာဟစ်အမည်ခံသောင်းကျန်းသူများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြန်သည်။ (၂၀၁၂-၂၀၁၆-၂၀၁၇) ခုနှစ်၊ အရေးအခင်းတွင်လည်း ရခိုင်တိုင်းရင်းသားများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်များ ရှိခဲ့သေးသည်။ ယင်းတို့ အနက်အများစုမှာ ရောက်သည့်နေရာဒေသ များတွင် အခြေချနေထိုင်ကြရင်း မောင်တောဒေသတွင် ဘင်္ဂါလီတို့၏လွှမ်းမိုးခြင်းကိုခံလိုက်ရပြီ။ (၂၀၁၂) ခုနှစ်စာရင်းအရ မောင်တောမြို့နယ်တွင် လူဦးရေ (၅၂၉၆၆၁)ဦးရှိရာ ရခိုင်တိုင်းရင်းသားများနှင့် သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ မာရမာကြီး၊ ဟိန္ဒူ စသည့် လူမျိုးမှာ (၃၃၇၄၈)ဦးသာရှိပြီး ဘင်္ဂါလီလူဦးရေမှာ (၄၉၅ ၉၀၃)ဦးရှိနေပြီဖြစ်သည်။ ရခိုင်အများအပြား နေခဲ့ရာကျေးရွာများတွင် ဘင်္ဂါလီများ ဝင်ရောက်နေထိုင်ခဲ့ ရာ ဘင်္ဂါလီကျေးရွာ (၂၇၂)ရွာရှိနေပြီး ရခိုင် တိုင်းရင်းသားမျိုးနွယ်စုကျေးရွာများမှာ (၆၃) ရွာသာ ရှိတော့ သည်။ ရခိုင်တိုင်းရင်းသားကျေးရွာများမှာ အိမ်ခြေ(၁၀ဝ)ပင်မပြည့်တော့။ လူဦးရေအချိုးအစားအရ ဘင်္ဂါ လီများ လူဦးရေ (၉၄)ရာခိုင်နှုန်းရှိပြီး ရခိုင်နှင့်ကျန်တိုင်းရင်းသားများမှာ (၆) ရာခိုင်နှုန်းသာ ရှိတော့သည်။ ဘာသာရေးအနေဖြင့်လည်း ဗုဒ္ဓဘာ သာကျောင်း(၈၄)ကျောင်းသာရှိကာ ဗလီဝတ်ကျောင်း ပေါင်း (၈၃၆) ကျောင်းအထိရှိလာခဲ့သည်။ ထို့အတူ အာရဗီစာသင်ကျောင်းပေါင်း (၇၄၅)ကျောင်းရှိသည်။ နိုင်ငံ တစ် နိုင်ငံ၊ ဒေသတစ်ခုတွင် ဘင်္ဂါလီဦးရေ (၁၅) ရာခိုင်နှုန်းထက်ပိုလာပါက ထိုနိုင်ငံအတွက်အန္တရာယ် ရှိ ကြောင်း ပညာရှင်များကထောက်ပြကြသည်။ သတိထားစရာအချက်ဖြစ်သည်။ မကြာသေးမီက ဗြိတိန် နိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ သင်ခန်းစာယူစရာဖြစ်သည်။ OIC နိုင်ငံများကလည်း မြန်မာ နိုင်ငံမှ ထွက်ပြေးသွားသည့်ဘင်္ဂါလီများနှင့်ဆက်စပ်ကာ ၎င်းတို့၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ ရခိုင် ကမ်းရိုးတန်း၊ မြန်မာနိုင်ငံကမ်းရိုးတန်းနှင့်ဆက်စပ်ကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံစသည်များနှင့်ချိတ် ဆက်မည့် မွတ်စလင်ခါးပတ်ထူထောင်ရေးအတွက် အကောင်အထည်ဖော်လုပ်ဆောင်နေသည်။ အမေ ရိကန်နိုင်ငံကလည်း ရခိုင်ကမ်းရိုးတန်းနှင့်နီးကပ်စွာတည်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် စိန့်မာတင် ကျွန်း(ရခိုင် အခေါ်အုန်းကျွန်း)စစ်စခန်းတည်ဆောက်ရေး ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရနှင့် နီးကပ်စွာ ဆက်သွယ်လုပ်ဆောင်လျက်ရှိနေသည်။ ဤလုပ်ရပ်များအောင်မြင်စေရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက် နိုင်ငံ(အမေရိကန်နိုင်ငံ)၊ OIC နိုင်ငံများနှင့်ပူးပေါင်း လှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေ သည်ကို တွေ့နေရသည်။
ဘင်္ဂလီများ၏ နယ်မြေကျူးကျော်မှုများ၊နယ်မြေသိမ်းယူရေးဆောင်ရွက်ချက်များကား အတော မသတ်နိုင်သေး။အထူးသဖြင့် ဖေဖော်ဝါရီလတွင်ကျင်းပတော့မည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရွေးကောက်ပွဲ၏ အနိုင် ရပါတီကိုကြည့်၍ သုံးသပ်ရမည်ဖြစ်သည်။ ဖြုတ်ချခံလိုက်ရသော ရှိတ်ဟာစီနာခေါင်းဆောင် သည့် အဝါမီ လိခ်ပါတီအစိုးရသည် ပျော့ပျောင်းသောသဘောထားရှိခဲ့သာ်လည်း၊ ကွယ်လွန်သွားသူ အလီ ဒါဇီယာခါတူ ဦးဆောင်ခဲ့သည့် ဂျမားအစ္စလာမ္မစ်ပါတီမှာ ဘာသာရေးအစွန်းရောက်များဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် အဆိုပါပါတီအနေဖြင့် အနိုင်ရရန်အခွင့်အရေးများရှိနေကြောင်း လည်း သတင်းများအရသိရသည်။
ယခုအခါ နယ်စပ်ဒေသတွင် ဘင်္ဂါလီအစွန်းရောက်လက်နက်ကိုင်အဖွဲ့များ၏ ဝင်ရောက်တိုက် ခိုက်မှုများကို ခပ်စိပ်စိပ်ကြားလာရသည်။ အဆိုပါ တိုက်ခိုက်မှုများကို နောက်ကွယ်မှ ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်ဖွဲ့များက အကူအညီပေးနေကြောင်း လည်း သတင်းများကဆိုသည်။ အကယ်၍ လာမည့် ဖေဖော်ဝါရီလတွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် သဘောထားတင်းမာသည့် ဂျမားအစ္စလာမ္မစ်ပါတီ အနိုင်ရသွားပါက မြန်မာနိုင်ငံအပေါ်သဘောထားလည်း ပြောင်းလဲလာနိုင်မည်ဖြစ်သလို မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည်ဆိုသည့် ဘင်္ဂါလီများအရေးမှာလည်း ရှေ့တန်းသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ် သည်။ ထို့အတူ နယ်ခြားတွင်တိုက်ခိုက်နေသည့် ARSA အဖွဲ့ကဲ့သို့ လက်နက်ကိုင်များကိုလည်း တိုက် ရိုက်မဟုတ်သည့်တိုင် သွယ်ဝိုက်သည့်နည်းဖြင့် အကာအကွယ်ပေးခြင်း၊ ထောက်ပံ့ခြင်းများ ပိုမိုပြု လုပ် လာနိုင်သည်ဆိုခြင်းကို သတိထားကြရမည်ဖြစ်သည်။ ထို့ကြောင့် ICJ တွင် မြန်မာနိုင်ငံအနေဖြင့် ရှုံးသည် ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ဘင်္ဂါလီများ၏ နယ်မြေသိမ်းပိုက်ရေးလုပ်ဆောင်ချက်များကို အစဉ်အမြဲ သတိ ထားကာကွယ်ရန်လိုအပ်ဖြစ်ကြောင်း ရေးသားသတိပေးလိုက်ရပေသည်။

Zawgyi Version;
ICJ တြင္ ရႈူံးသည္ျဖစ္ေစ၊ ႏိုင္သည္ျဖစ္ေစ သတိထားရမည့္ အေနာက္ဘက္နယ္စပ္အေရး
ကြၽန္းသားငမန္း (NP News) - ေဖေဖာ္ဝါရီ ၃
ျမန္မာႏိုင္ငံႏွင့္ပတ္သက္သည့္သတင္းမ်ားတြင္ ျမန္မာတစ္မ်ိဳးသားလုံးႏွင့္ဆိုင္ေသာ အေရးကိစၥ အျဖစ္ ႏိုင္ငံတကာတရား႐ုံး ICJ တြင္တရားရင္ဆိုင္ေနရသည့္အမႈကိစၥျဖစ္သည္။ ဤအမႈမွာ ျမန္မာႏိုင္ငံ အေနာက္ဘက္နယ္စပ္ျဖစ္ေသာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအေရးႏွင့္သက္ဆိုင္ေနေသာကိစၥရပ္ျဖစ္ သည္။ အမႈကိစၥႏွင့္ပတ္သက္၍ ဂမ္ဘီယာႏိုင္ငံမွ စြပ္စြဲတရားစြဲဆိုခဲ့ေသာ ျဖစ္ပ်က္သမွ်အေၾကာင္းအရာ အစုံကို ျမန္မာႏိုင္ငံဘက္မွ တစ္ခုခ်င္းအလိုက္ ေခ်ပေျဖရွင္းခဲ့သည္မ်ားကို ၾကားသိေတြ႕ျမင္ခဲ့ရ၍ ျမန္မာ ႏိုင္ငံသားတစ္ဦးအေနျဖင့္ ဝမ္းသာအားရျဖစ္ရသလို ဂုဏ္လည္းယူမိသည္။ အထူးသျဖင့္ ဤအမႈ၏ အဓိ ကရည္မွန္းခ်က္မွာ ျမန္မာႏိုင္ငံ၏အေနာက္ဘက္တြင္ (၁) ျမန္မာႏိုင္ငံရွိဘဂၤါလီမ်ားကို လူမ်ိဳးလိမ္အမည္ တပ္၍ သီးျခားနယ္ေျမထူေထာင္ေပးရန္စီမံျခင္း၊ (၂) ဘဂၤါလီအစြန္းေရာက္ေသာင္းက်န္းသူ (ARSA)ကဲ့သို႔ လက္နက္ကိုင္အဖြဲ႕ကို ကူညီေထာက္ပံ့ေပးကာ ဘဂၤါလီနယ္ေျမသစ္ေဖာ္ထုတ္ၿပီး ၎တို႔၏ဩဇာခံ အစိုး ရ (အဖြဲ႕အစည္းတစ္ရပ္)ထူေထာင္ရန္ပင္ျဖစ္သည္။
ဘဂၤါလီမ်ား၏ နယ္ေျမပိုင္စိုးေရး လုပ္ေဆာင္ခ်က္မ်ား
ဘဂၤါလီမ်ားသည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းစိုးမိုးေရးကို အစဥ္တစိုက္ ႀကံစည္လုပ္ေဆာင္ေန ၾကသူမ်ားျဖစ္သည္။ ၎တို႔သည္ ဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕နယ္တို႔ကိုသာမက ကုလားတန္ျမစ္အ ေနာက္ဘက္ျခမ္းမွ နတ္ျမစ္အေရွ႕ဘက္ျခမ္းရွိနယ္ေျမအားလုံးကို ျမန္မာႏိုင္ငံရွိ မြတ္စလင္တို႔၏ အမ်ိဳး သား နယ္ေျမအျဖစ္သတ္မွတ္ေပးရန္ ေတာင္းဆိုခဲ့ၾကဖူးသည္။ ထိုသို႔သာမက ရခိုင္ျပည္နယ္ရွိ ခိုးဝင္ ဘဂၤါလီ မြတ္စလင္မ်ားကို ျမန္မာႏိုင္ငံ၏တိုင္းရင္းသားမ်ားအျဖစ္သတ္မွတ္ေပးရန္ အစဥ္တစိုက္ေတာင္း ဆိုခဲ့ၾကသည္။ ဤေတာင္းဆိုခ်က္မ်ားရရွိေစရန္မွာ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းေဒသတြင္ သီးျခား လြတ္ လပ္ေသာ ျပည္နယ္တစ္ခုျဖစ္ေပၚလာမွသာ ၎တို႔ဆႏၵအတိုင္း ျဖစ္လာႏိုင္မည္ျဖစ္သည္။ ၎တို႔၏ ရည္မွန္းခ်က္အတြက္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးမရမီကာလကပင္ အစဥ္တစိုက္ ႀကိဳးပမ္းလုပ္ေဆာင္ခဲ့ သည္မ်ား ရွိခဲ့သည္။ အထူးသျဖင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းကို မြတ္စလင္ျပည္နယ္ဖြဲ႕စည္းရန္သာမက ဗဟိုအစိုးရအဖြဲ႕တြင္ မြတ္စလင္ဝန္ႀကီးခန႔္အပ္ေပးရန္ကိုလည္းေကာင္း၊ ရခိုင္ျပည္နယ္၏ကိစၥအဝဝတြင္ ရခိုင္ႏွင့္မြတ္စလင္ (၅၀)ရာခိုင္ႏႈန္းေဝစုခြဲေဝသည့္စနစ္ကိုက်င့္ သုံးရန္လည္းေကာင္း၊ ရခိုင္ျပည္နယ္ အတြင္း လက္နက္ကိုင္အဖြဲ႕တြင္ မြတ္စလင္လူမ်ိဳး (၅၀)ရာခိုင္ႏႈန္း ပါဝင္ခြင့္ျပဳရန္ကိုလည္းေကာင္း အဓိက ထားေတာင္းဆိုခဲ့ၾကသည္ကိုေတြ႕ရသည္။ ထို႔ျပင္ မြတ္စလင္ မူလတန္း၊ အလယ္တန္းေက်ာင္း မ်ားဖြင့္လွစ္ေပးၿပီး ဘာသာအားလုံးတြင္ အူရဒူဘာသာျဖင့္သာသင္ၾကား ခြင့္ျပဳရန္ႏွင့္ မြတ္စလင္မ်ားကို ၎တို႔ ဆႏၵမပါဘဲ အျခားဘာသာသင္ၾကားျခင္းမျပဳရန္ အခ်က္မ်ားကိုပါ ေတာင္းဆိုခဲ့သည္။ ဤ ေတာင္းဆိုခ်က္မ်ားမွာ လြတ္လပ္ေရးရၿပီးေနာက္ေရးဆြဲခဲ့ၾကေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒမ်ားကို ေက်ာ္လြန္ေတာင္းဆိုခဲ့ျခင္းပင္ျဖစ္ သည္။ ဤေတာင္းဆိုခ်က္မ်ားကိုၾကည့္ျခင္းအားျဖင့္ ဘဂၤါလီမ်ား၏ မ႐ိုးသားေသာအႀကံကိုပါေတြ႕ျမင္ႏိုင္ ၾကသည္။ ဤအႀကံအစည္မ်ား ေအာင္ျမင္ရန္အတြက္ ရခိုင္ျပည္ နယ္တြင္ ဘဂၤလားေဒ့ရွ္အစိုးရ၏ဩဇာခံ အစိုးရတစ္ရပ္ထူေထာင္ႏိုင္ေရးမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အႏၲိမ ရည္မွန္းခ်က္လည္းျဖစ္ေနသည္။ အထူးသျဖင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသတြင္ နယ္ေျမရရွိေရးကို ဦးတည္လုပ္ေဆာင္လာျခင္းပင္ျဖစ္သည္။
နယ္စပ္ေဒသေနဘဂၤါလီမ်ားအေနျဖင့္ ရခိုင္ ျပည္နယ္ေျမာက္ပိုင္းေဒသကို ၎တို႔ပိုင္စိုးရာ နယ္ေျမတစ္ခုအျဖစ္ သတ္မွတ္ပိုင္စိုးခြင့္ရေရးေဆာင္႐ြက္လာခဲ့သည္မွာ ယခုမွမဟုတ္ေပ။ အထက္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း ျမန္မာႏိုင္ငံ လြတ္လပ္ေရးမရမီကာလကပင္ျဖစ္သည္။ ၎တို႔သည္ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းေဒသကို နယ္ေျမပိုင္စိုးခြင့္ရေရးအတြက္ ႏိုင္ငံေရးနည္းလမ္းျဖင့္လည္းေကာင္း၊ စစ္ေရး ပဋိပကၡနည္းလမ္းျဖင့္လည္းေကာင္း အစဥ္တစိုက္လုပ္ေဆာင္ခဲ့ၾကသည္။ ေနာက္ဆုံး (၂၀၁၇)ခုႏွစ္အေရး အခင္းကို ဖန္တီးၿပီး ႏိုင္ငံတကာတရား႐ုံးေရာက္သည္အထိ လုပ္ေဆာင္လာခဲ့ျခင္းလည္းျဖစ္သည္။ ဆိုရ လွ်င္ ႏိုင္ငံေရးအသာစီးျဖင့္ ျမန္မာႏိုင္ငံသားျဖစ္ေရးသာမက၊ တိုင္းရင္းသားလူမ်ိဳးတစ္မ်ိဳးအျဖစ္ ပုံေဖာ္ ေဆာင္႐ြက္လာေနျဖင္းျဖစ္သည္။ ဤသို႔ေဆာင္႐ြက္ရာတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ျပည္တြင္းသို႔ ေရာက္ရွိကာ ကာလရွည္ၾကာေနထိုင္ၾကေသာ ခိုးဝင္ဘဂၤလီမ်ားသည္လည္းေကာင္း ပူးေပါင္း၍ေဆာင္ ႐ြက္ေနၾကျခင္းျဖစ္သည္ကိုေတြ႕ရမည္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏အေနာက္ဘက္တြင္ရွိေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ယင္းေဒသ၏လူဦးေရေပါက္ ကြဲေနမႈအတြက္ လူမ်ားကိုေနရာခ်ထားေပးႏိုင္ရန္ ျမန္မာႏိုင္ငံ၏အေနာက္ဘက္ေဒသကို စိတ္ပါဝင္စား လ်က္ရွိေနသည္။ လာမည့္ (၂၅) ႏွစ္၊ အႏွစ္ (၃၀) အတြင္း ပင္လယ္ေရျပင္ျမင့္တက္မႈေၾကာင့္ ေရ ေအာက္ေရာက္သြားႏိုင္သည့္ ၎တို႔၏နယ္ေျမေဒသ အခ်ိဳ႕မွလူအမ်ားကို ေ႐ႊ႕ေျပာင္းေနရာခ်ထားႏိုင္ ေရး ရခိုင္ျပည္နယ္ေျမာက္ပိုင္းေနရာမ်ားကို စိတ္ဝင္စားေနျခင္းျဖစ္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား မြတ္ စလင္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံအေနာက္ပိုင္းေဒသို႔ နည္းမ်ိဳးစုံျဖင့္က်ဴးေက်ာ္ျခင္း၊ ခိုးဝင္ျခင္းျဖင့္ ဝင္ ေရာက္ေနထိုင္ေနၾကသည္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ ၿမိဳ႕ နယ္တို႔သည္ ဘဂၤါလီလူမ်ိဳးမ်ားေနထိုင္ရာေဒသတစ္ခုျဖစ္သြားခဲ့ၿပီျဖစ္သည္။ ျမန္မာႏိုင္ငံ လြတ္လပ္ေရး မရရွိေသးမီကာလကပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ(အေရွ႕ပါကစၥတန္) သား ဘဂၤါလီမ်ားသည္ ရခိုင္ေဒသသို႔ ခိုးဝင္ေရာက္ရွိေနထိုင္ၾကေသာ ေဒသခံဘဂၤါလီမ်ားႏွင့္ပူးေပါင္းကာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသသို႔ က်ဴးေက်ာ္ခိုးဝင္ေနထိုင္ခဲ့ၾကသလို ေဒသခံမ်ားမေနရဲေအာင္ ရန္စက်ဴးေက်ာ္ျခင္းျဖင့္ ထြက္ခြာသြားၾက သည့္ ရခိုင္တိုင္းရင္းသားမ်ား၏ ေက်း႐ြာ၊ လယ္ေျမမ်ားကိုအပိုင္စီး အေျခခ်ေနထိုင္ခဲ့ၾကကာ နယ္ေျမ မ်ားကိုလုယက္ခဲ့ၾကသည္။
ေလာေလာဆယ္တြင္လည္း ျမန္မာႏိုင္ငံမွထြက္ ခြာသြားသူမ်ားဟုဆိုသည့္ ဘဂၤါလီကုလားမ်ား အေရး ႏွင့္ပတ္သက္ၿပီး ကမာၻ႔ကုလသမဂၢအပါအဝင္ OIC ႏိုင္ငံမ်ားႏွင့္ပူးေပါင္းကာ ျမန္မာႏိုင္ငံအေပၚ ယိုးမယ္ ဖြဲ႕အျပစ္ရွာၿပီးေနသည္။ အထူးသျဖင့္ ဒုကၡသည္ ျပန္ လည္လက္ခံေရးဆိုသည္ကို ျမန္မာႏိုင္ငံမွ ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳေလဟန္ ယိုးမယ္ဖြဲ႕အျပစ္ဆိုၿပီး ႏိုင္ငံတကာတရား႐ုံးသို႔ေရာက္ေအာင္ ဆြဲ တင္ခဲ့ၾကသည္။ ဤသို႔လုပ္ေဆာင္ရာတြင္ ေနာက္ကြယ္မွလက္မည္းႀကီးမ်ားပါဝင္ေနသည္။ အထူး သ ျဖင့္ OIC ႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏိုင္ငံမွထြက္ေျပးသြားသည့္ ဘဂၤါလီမ်ားႏွင့္ဆက္စပ္ကာ ၎တို႔၏ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္း႐ိုးတန္း၊ ရခိုင္ကမ္း႐ိုးတန္း၊ ျမန္မာႏိုင္ငံကမ္း႐ိုးတန္းႏွင့္ဆက္စပ္ကာ ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံ စသည္မ်ားႏွင့္ခ်ိတ္ဆက္မည့္ မြတ္စလင္ခါးပတ္ထူေထာင္ေရးအတြက္ အေကာင္ အထည္ေဖာ္လုပ္ေဆာင္ေနသည္။
သတိထားကာကြယ္
ဘဂၤါလီကုလားမ်ား၏ နယ္ေျမက်ဴးေက်ာ္မႈမ်ား၊ နယ္ေျမသိမ္းယူေရးေဆာင္႐ြက္ခ်က္မ်ားကို ျမန္မာႏိုင္ငံအစိုးရအဆက္ဆက္မွ မ်က္ျခည္မျပတ္ ၾကည့္ရႈ စစ္ေဆးၿပီး တားဆီးကာကြယ္ခဲ့ရသည္။ မူဂ်ာဟစ္ ေသာင္းက်န္းသူမ်ား၏တိုက္ခိုက္က်ဴးေက်ာ္မႈေၾကာင့္ ေဒသေနရခိုင္မ်ား ထြက္ေျပးခဲ့ရသလို ဘဂၤါလီမ်ားသည္ အခြင့္အခါရလွ်င္ရသလို လူမ်ိဳးေရး၊ ဘာသာ ေရးပဋိပကၡမ်ားကိုဖန္တီးကာ ေဒသခံ ရခိုင္လူမ်ိဳးမ်ား မေနရဲေအာင္လုပ္ေဆာင္ခဲ့ၾကသည္။ ဤအေရးအခင္းမ်ားအနက္ (၂၀၁၇)ခုႏွစ္ ဩဂုတ္ လ (၂၅) ရက္ အေရးအခင္းတြင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွဘဂၤါလီမ်ားသည္ လူမ်ိဳးတုံး သတ္ျဖတ္ သည္ဟူသည့္အေၾကာင္းျပခ်က္ျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ၎တို႔သေဘာျဖင့္ ထြက္ခြာသြားခဲ့ၾကသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ဒုကၡသည္အျဖစ္ေနထိုင္ကာ ျမန္မာႏိုင္ငံအေပၚ ကမာၻ႔ႏိုင္ငံမ်ားမွ အထင္အျမင္ လြဲမွားေစရန္လုပ္ေဆာင္ခဲ့ၾကသည္။ ျမန္မာႏိုင္ငံကိုလည္း ႏိုင္ငံတကာ တရား႐ုံးသို႔ေရာက္သည္အထိ ဆြဲ ေခၚသြားခဲ့ၾကသည္။ ထြက္ခြာသြားသည့္ ဘဂၤါလီမ်ားကို ျပန္လည္လက္ခံေရး ျမန္မာႏိုင္ငံအစိုးရက ေဆာင္႐ြက္ခဲ့ေသာ္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္လည္းေကာင္း၊ ပါဝင္ပတ္သက္ေနသည့္ ကုလသမဂၢ ဆိုင္ရာအဖြဲ႕အစည္းတာ ဝန္ရွိသူမ်ားမွလည္းေကာင္း ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳဘဲ ျပန္လည္ပို႔ေဆာင္ ေရးလုပ္ငန္းမ်ား မေအာင္ျမင္ျဖစ္ေစရန္ လုပ္ေဆာင္ထားခဲ့ၾကသည္။
လက္ရွိ ရခိုင္ျပည္နယ္တြင္လည္း ေမာင္ေတာ၊ဘူးသီးေတာင္နယ္စပ္ေဒသတြင္ တစ္ဖက္ႏိုင္ငံမွ ခိုးဝင္ဘဂၤါလီမ်ားက ဝင္ေရာက္ေနထိုင္လ်က္ရွိၾကၿပီး အျခားေဒသမ်ားတြင္လည္း ေရာက္ရွိေနထိုင္ေန ၾကသည္။ ရခိုင္ျပည္နယ္တြင္ လူဦးေရ (၃)သန္းေက်ာ္ရွိသည့္အနက္ (၁)သန္းေက်ာ္မွာ ဘဂၤါလီလူမ်ိဳး မ်ားျဖစ္ၾကသည္။ (၁၉၄၂) ခုႏွစ္ အလယ္သံေက်ာ္အေရးအခင္းတြင္ ဘဂၤါလီမ်ား၏သတ္ျဖတ္ျခင္းကို ရခိုင္ျပည္သူ (၄)ေသာင္းေက်ာ္ခံခဲ့ရသည္။ လူအမ်ားအျပား ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရသည္။ လြတ္ လပ္ေရးရၿပီး (၁၉၅၀-၁၉၇၀)ဝန္းက်င္အထိ မူဂ်ာဟစ္အမည္ခံေသာင္းက်န္းသူမ်ားေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရျပန္သည္။ (၂၀၁၂-၂၀၁၆-၂၀၁၇) ခုႏွစ္၊ အေရးအခင္းတြင္လည္း ရခိုင္တိုင္းရင္းသားမ်ား ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရသည္မ်ား ရွိခဲ့ေသးသည္။ ယင္းတို႔ အနက္အမ်ားစုမွာ ေရာက္သည့္ေနရာေဒသ မ်ားတြင္ အေျခခ်ေနထိုင္ၾကရင္း ေမာင္ေတာေဒသတြင္ ဘဂၤါလီတို႔၏လႊမ္းမိုးျခင္းကိုခံလိုက္ရၿပီ။ (၂၀၁၂) ခုႏွစ္စာရင္းအရ ေမာင္ေတာၿမိဳ႕နယ္တြင္ လူဦးေရ (၅၂၉၆၆၁)ဦးရွိရာ ရခိုင္တိုင္းရင္းသားမ်ားႏွင့္ သက္၊ ဒိုင္းနက္၊ ၿမိဳ၊ ခမီး၊ မာရမာႀကီး၊ ဟိႏၵဴ စသည့္ လူမ်ိဳးမွာ (၃၃၇၄၈)ဦးသာရွိၿပီး ဘဂၤါလီလူဦးေရမွာ (၄၉၅ ၉၀၃)ဦးရွိေနၿပီျဖစ္သည္။ ရခိုင္အမ်ားအျပား ေနခဲ့ရာေက်း႐ြာမ်ားတြင္ ဘဂၤါလီမ်ား ဝင္ေရာက္ေနထိုင္ခဲ့ ရာ ဘဂၤါလီေက်း႐ြာ (၂၇၂)႐ြာရွိေနၿပီး ရခိုင္ တိုင္းရင္းသားမ်ိဳးႏြယ္စုေက်း႐ြာမ်ားမွာ (၆၃) ႐ြာသာ ရွိေတာ့ သည္။ ရခိုင္တိုင္းရင္းသားေက်း႐ြာမ်ားမွာ အိမ္ေျခ(၁၀ဝ)ပင္မျပည့္ေတာ့။ လူဦးေရအခ်ိဳးအစားအရ ဘဂၤါ လီမ်ား လူဦးေရ (၉၄)ရာခိုင္ႏႈန္းရွိၿပီး ရခိုင္ႏွင့္က်န္တိုင္းရင္းသားမ်ားမွာ (၆) ရာခိုင္ႏႈန္းသာ ရွိေတာ့သည္။ ဘာသာေရးအေနျဖင့္လည္း ဗုဒၶဘာ သာေက်ာင္း(၈၄)ေက်ာင္းသာရွိကာ ဗလီဝတ္ေက်ာင္း ေပါင္း (၈၃၆) ေက်ာင္းအထိရွိလာခဲ့သည္။ ထို႔အတူ အာရဗီစာသင္ေက်ာင္းေပါင္း (၇၄၅)ေက်ာင္းရွိသည္။ ႏိုင္ငံ တစ္ ႏိုင္ငံ၊ ေဒသတစ္ခုတြင္ ဘဂၤါလီဦးေရ (၁၅) ရာခိုင္ႏႈန္းထက္ပိုလာပါက ထိုႏိုင္ငံအတြက္အႏၲရာယ္ ရွိ ေၾကာင္း ပညာရွင္မ်ားကေထာက္ျပၾကသည္။ သတိထားစရာအခ်က္ျဖစ္သည္။ မၾကာေသးမီက ၿဗိတိန္ ႏိုင္ငံတြင္ျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားမွာ သင္ခန္းစာယူစရာျဖစ္သည္။ OIC ႏိုင္ငံမ်ားကလည္း ျမန္မာ ႏိုင္ငံမွ ထြက္ေျပးသြားသည့္ဘဂၤါလီမ်ားႏွင့္ဆက္စပ္ကာ ၎တို႔၏ ဘဂၤလားေဒ့ရွ္ႏိုင္ငံကမ္း႐ိုးတန္း၊ ရခိုင္ ကမ္း႐ိုးတန္း၊ ျမန္မာႏိုင္ငံကမ္း႐ိုးတန္းႏွင့္ဆက္စပ္ကာ ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံစသည္မ်ားႏွင့္ခ်ိတ္ ဆက္မည့္ မြတ္စလင္ခါးပတ္ထူေထာင္ေရးအတြက္ အေကာင္အထည္ေဖာ္လုပ္ေဆာင္ေနသည္။ အေမ ရိကန္ႏိုင္ငံကလည္း ရခိုင္ကမ္း႐ိုးတန္းႏွင့္နီးကပ္စြာတည္ရွိေနသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္ စိန႔္မာတင္ ကြၽန္း(ရခိုင္ အေခၚအုန္းကြၽန္း)စစ္စခန္းတည္ေဆာက္ေရး ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရႏွင့္ နီးကပ္စြာ ဆက္သြယ္လုပ္ေဆာင္လ်က္ရွိေနသည္။ ဤလုပ္ရပ္မ်ားေအာင္ျမင္ေစရန္အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ အေနာက္ ႏိုင္ငံ(အေမရိကန္ႏိုင္ငံ)၊ OIC ႏိုင္ငံမ်ားႏွင့္ပူးေပါင္း လႈပ္ရွားမႈမ်ား ခပ္စိပ္စိပ္ျပဳလုပ္လာေန သည္ကို ေတြ႕ေနရသည္။
ဘဂၤလီမ်ား၏ နယ္ေျမက်ဴးေက်ာ္မႈမ်ား၊နယ္ေျမသိမ္းယူေရးေဆာင္႐ြက္ခ်က္မ်ားကား အေတာ မသတ္ႏိုင္ေသး။အထူးသျဖင့္ ေဖေဖာ္ဝါရီလတြင္က်င္းပေတာ့မည့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေ႐ြးေကာက္ပြဲ၏ အႏိုင္ ရပါတီကိုၾကည့္၍ သုံးသပ္ရမည္ျဖစ္သည္။ ျဖဳတ္ခ်ခံလိုက္ရေသာ ရွိတ္ဟာစီနာေခါင္းေဆာင္ သည့္ အဝါမီ လိခ္ပါတီအစိုးရသည္ ေပ်ာ့ေပ်ာင္းေသာသေဘာထားရွိခဲ့သာ္လည္း၊ ကြယ္လြန္သြားသူ အလီ ဒါဇီယာခါတူ ဦးေဆာင္ခဲ့သည့္ ဂ်မားအစၥလာမၼစ္ပါတီမွာ ဘာသာေရးအစြန္းေရာက္မ်ားျဖင့္ ဖြဲ႕စည္းထား ျခင္းျဖစ္သည္။ ယခုေ႐ြးေကာက္ပြဲတြင္ အဆိုပါပါတီအေနျဖင့္ အႏိုင္ရရန္အခြင့္အေရးမ်ားရွိေနေၾကာင္း လည္း သတင္းမ်ားအရသိရသည္။
ယခုအခါ နယ္စပ္ေဒသတြင္ ဘဂၤါလီအစြန္းေရာက္လက္နက္ကိုင္အဖြဲ႕မ်ား၏ ဝင္ေရာက္တိုက္ ခိုက္မႈမ်ားကို ခပ္စိပ္စိပ္ၾကားလာရသည္။ အဆိုပါ တိုက္ခိုက္မႈမ်ားကို ေနာက္ကြယ္မွ ဘဂၤလားေဒ့ရွ္နယ္ ျခားေစာင့္တပ္ဖြဲ႕မ်ားက အကူအညီေပးေနေၾကာင္း လည္း သတင္းမ်ားကဆိုသည္။ အကယ္၍ လာမည့္ ေဖေဖာ္ဝါရီလတြင္က်င္းပမည့္ေ႐ြးေကာက္ပြဲတြင္ သေဘာထားတင္းမာသည့္ ဂ်မားအစၥလာမၼစ္ပါတီ အႏိုင္ရသြားပါက ျမန္မာႏိုင္ငံအေပၚသေဘာထားလည္း ေျပာင္းလဲလာႏိုင္မည္ျဖစ္သလို ျမန္မာႏိုင္ငံမွ ထြက္ေျပးသြားသည္ဆိုသည့္ ဘဂၤါလီမ်ားအေရးမွာလည္း ေရွ႕တန္းသို႔ ျပန္လည္ေရာက္ရွိလာမည္ျဖစ္ သည္။ ထို႔အတူ နယ္ျခားတြင္တိုက္ခိုက္ေနသည့္ ARSA အဖြဲ႕ကဲ့သို႔ လက္နက္ကိုင္မ်ားကိုလည္း တိုက္ ႐ိုက္မဟုတ္သည့္တိုင္ သြယ္ဝိုက္သည့္နည္းျဖင့္ အကာအကြယ္ေပးျခင္း၊ ေထာက္ပံ့ျခင္းမ်ား ပိုမိုျပဳ လုပ္ လာႏိုင္သည္ဆိုျခင္းကို သတိထားၾကရမည္ျဖစ္သည္။ ထို႔ေၾကာင့္ ICJ တြင္ ျမန္မာႏိုင္ငံအေနျဖင့္ ရႈံးသည္ ျဖစ္ေစ၊ ႏိုင္သည္ျဖစ္ေစ ဘဂၤါလီမ်ား၏ နယ္ေျမသိမ္းပိုက္ေရးလုပ္ေဆာင္ခ်က္မ်ားကို အစဥ္အၿမဲ သတိ ထားကာကြယ္ရန္လိုအပ္ျဖစ္ေၾကာင္း ေရးသားသတိေပးလိုက္ရေပသည္။