ကမ္ဘာ့ရေးရာပြဿနာများကို အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းဖြင့် ဖြေရှင်းရန် မဖြစ်နိုင်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြော

163

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေကြောင်း၊ အင်အားကြီးနိုင်ငံ များက ကမ္ဘာ့ရေးရာပြဿနာများကိုပူးပေါင်းဖြေရှင်းခြင်းများကို ထိခိုက်နစ်နာစေရန် လုပ်ဆောင်နေကြောင်း ကုလသ မဂ္ဂအဖွဲ့အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် နှစ်စဉ် ကျင်းပသောအစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာတွင် ယင်းကဲ့သို့ပြောဆိုလိုက်သည်။ လက်ရှိအချိန်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဦးဆောင်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းနှင့်အပြိုင် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ကို တည်ထောင်ရန် ကြိုးပမ်းလျက်ရှိနေ ကြောင်းသိရသည်။ ဂူတာရက်စ်က ကုလသမဂ္ဂအဖွဲ့ အနေဖြင့် ပဋိပက္ခများ၊ နည်းပညာ ကုမ္မဏီ များ၏ လွှမ်းမိုးမှုမြင့်တက်ခြင်းများ၊ မညီမျှမှုများနှင့် ရာသီဥတု ပြောင်းလဲမှုအပါအဝင် အခက်အခဲပြဿနာများနှင့် ပတ်သက်ပြီး ကု လသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ကူညီပေးရန် အဆင်သင့်ရှိနေကြောင်းပြောသည်။
ကုလသမဂ္ဂအဖွဲ့ အတွင်းရေးမှူးချုပ်က ‘ကမ္ဘာ့ရေးရာပြဿနာများကို အင်အားကြီးတစ်နိုင်ငံ၊ နှစ်နိုင်ငံတည်းနဲ့ ဖြေရှင်းလို့ရနိုင်မှာမဟုတ်ဘူး’ ဟု ပြောသည်။ လက်ရှိအချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဦးဆောင်ပြီး ဖွဲ့စည်းရန်ကြိုးပမ်း နေသော ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ကုလသမဂ္ဂအဖွဲ့၏ စနစ်များကိုဖျက်လိုဖျက်ဆီးဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ ယခုနှစ်အကုန်တွင် ရာထူးမှအနားယူမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုင်ငံများကြားဖြစ်ပွားလျက်ရှိနေသည့် အငြင်းပွားမှုများ၊ စာချုပ်များနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေရချိန်တွင် ကုလသမဂ္ဂအနေဖြင့် နိုင်ငံတကာဥပဒေများအတိုင်း ဆောင်ရွက်မည့်ကတိများကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်းပြောသည်။ အမေရိကန်နိုင်ငံက ဗင်နီဇွဲလားသမ္မတကို ဝင်ရောက်ဖမ်းဆီး ခြင်းအပြင် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေများက နင်းချေခံနေရသည်ဟု ဝေဖန်မှုများ လည်းရှိနေသည်။ သို့သော်လည်း ကုလသမဂ္ဂအဖွဲ့အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂသည် ‘ငြိမ်းချမ်းရေးအတွက် တွန်းအား ပေးနေ ဆဲဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွင် အခြေခံထားသော တရားမျှတပြီး ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး’ ဖြစ်ကြောင်း ပြောသည်။

Zawgyi Version;
ကမာၻ႔ေရးရာျပႆနာမ်ားကို အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံတည္းျဖင့္ ေျဖရွင္းရန္ မျဖစ္ႏိုင္ဟု ကုလသမဂၢ အတြင္းေရးမႉး ခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ တျဖည္းျဖည္း ယိုယြင္းပ်က္စီးလာေနေၾကာင္း၊ အင္အားႀကီးႏိုင္ငံ မ်ားက ကမာၻ႔ေရးရာျပႆနာမ်ားကိုပူးေပါင္းေျဖရွင္းျခင္းမ်ားကို ထိခိုက္နစ္နာေစရန္ လုပ္ေဆာင္ေနေၾကာင္း ကုလသ မဂၢအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္သည္ ႏွစ္စဥ္ က်င္းပေသာအစည္းအေဝးအတြင္း မိန႔္ခြန္းေျပာဆိုရာတြင္ ယင္းကဲ့သို႔ေျပာဆိုလိုက္သည္။ လက္ရွိအခ်ိန္တြင္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ဦးေဆာင္ၿပီး ကုလသမဂၢအဖြဲ႕အစည္းႏွင့္အၿပိဳင္ ၿငိမ္းခ်မ္းေရး ဘုတ္အဖြဲ႕ကို တည္ေထာင္ရန္ ႀကိဳးပမ္းလ်က္ရွိေန ေၾကာင္းသိရသည္။ ဂူတာရက္စ္က ကုလသမဂၢအဖြဲ႕ အေနျဖင့္ ပဋိပကၡမ်ား၊ နည္းပညာ ကုမၼဏီ မ်ား၏ လႊမ္းမိုးမႈျမင့္တက္ျခင္းမ်ား၊ မညီမွ်မႈမ်ားႏွင့္ ရာသီဥတု ေျပာင္းလဲမႈအပါအဝင္ အခက္အခဲျပႆနာမ်ားႏွင့္ ပတ္သက္ၿပီး ကု လသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ကူညီေပးရန္ အဆင္သင့္ရွိေနေၾကာင္းေျပာသည္။
ကုလသမဂၢအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္က ‘ကမာၻ႔ေရးရာျပႆနာမ်ားကို အင္အားႀကီးတစ္ႏိုင္ငံ၊ ႏွစ္ႏိုင္ငံတည္းနဲ႔ ေျဖရွင္းလို႔ရႏိုင္မွာမဟုတ္ဘူး’ ဟု ေျပာသည္။ လက္ရွိအခ်ိန္တြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဦးေဆာင္ၿပီး ဖြဲ႕စည္းရန္ႀကိဳးပမ္း ေနေသာ ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕သည္ ကုလသမဂၢအဖြဲ႕၏ စနစ္မ်ားကိုဖ်က္လိုဖ်က္ဆီးျဖစ္ေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္မႈမ်ားလည္းရွိေနသည္။ ယခုႏွစ္အကုန္တြင္ ရာထူးမွအနားယူမည့္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ႏိုင္ငံမ်ားၾကားျဖစ္ပြားလ်က္ရွိေနသည့္ အျငင္းပြားမႈမ်ား၊ စာခ်ဳပ္မ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈျမင့္တက္ေနရခ်ိန္တြင္ ကုလသမဂၢအေနျဖင့္ ႏိုင္ငံတကာဥပေဒမ်ားအတိုင္း ေဆာင္႐ြက္မည့္ကတိမ်ားကို ဆက္လက္ထိန္းသိမ္းမည္ျဖစ္ေၾကာင္းေျပာသည္။ အေမရိကန္ႏိုင္ငံက ဗင္နီဇြဲလားသမၼတကို ဝင္ေရာက္ဖမ္းဆီး ျခင္းအျပင္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာ ဥပေဒမ်ားက နင္းေခ်ခံေနရသည္ဟု ေဝဖန္မႈမ်ား လည္းရွိေနသည္။ သို႔ေသာ္လည္း ကုလသမဂၢအဖြဲ႕အတြင္းေရးမႉးခ်ဳပ္က ကုလသမဂၢသည္ ‘ၿငိမ္းခ်မ္းေရးအတြက္ တြန္းအား ေပးေန ဆဲျဖစ္ၿပီး ႏိုင္ငံတကာ ဥပေဒတြင္ အေျခခံထားေသာ တရားမွ်တၿပီး ေရရွည္ တည္တံ့ေသာ ၿငိမ္းခ်မ္းေရး’ ျဖစ္ေၾကာင္း ေျပာသည္။