သမ္မတအမိန့်ပေးပါက အီရန်ကို ဘာမဆိုလုပ်ရန် ပြင်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

113

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
အမေရိကန်စစ်တပ်အနေဖြင့် အီရန်နိုင်ငံ နှင့်ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးမည်ဆိုလျှင် ဘာပဲ ဖြစ်ဖြစ်လုပ်ဆောင်ရန် အလုံးစုံပြင် ဆင်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီ ဟတ်ဆီက ထုတ်ဖော်ပြော ဆိုလိုက်သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ‘အမေရိကန်စစ်တပ်ဟာ လက်ရှိအချိန်မှာ ဘာပဲဖြစ် ဖြစ်လုပ် ဆောင်ဖို့အလုံးစုံပြင်ဆင်ထားတယ်’ ဟု ပြောသည်။ အီရန်နိုင်ငံတွင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး အမေရိ ကန်နှင့် အီရန်နိုင်ငံကြား တင်းမာမှုများဖြစ်ပွားခဲ့ရာ အမေရိကန်က အီရန်နိုင်ငံကို (၄၈) နာရီအတွင်း တိုက်ခိုက် ဖွယ်ရှိနေ သည်ဆိုသော သတင်းများလည်းထွက်ပေါ်လျက်ရှိနေသည်။ အမေရိကန်အစိုးရသည် ပါရှန်ပင်လယ်ကွေ့ဒေသအတွင်း စစ်အင်အားဖြည့်တင်းမှုများကို အပြီးသတ်လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်း ရပ်ကွက်များက အတည် ပြုထားသည်။ အမေရိကန်ရေတပ်၏ အဓိကအားထားရသော USS Abraham Lincoln လေယာဉ် တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်စုသည် ပင်လယ်ကွေ့ ရေပြင်ပိုင်နက်ထဲသို့ အလုံးစုံ ဝင်ရောက် နေရာယူထားပြီး အဆိုပါသင်္ဘောအုပ်စုတွင် အဆင့်မြင့် F-15 တိုက်လေယာဉ်များပါဝင်ပြီး အီရန်၏ မဟာဗျူဟာပစ် မှတ်များကို အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်အနေအထား ပြင်ဆင်ထား ကြောင်းသိရသည်။
ထို့ပြင် C-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်များသည်လည်းဒေသတွင်း အမေရိကန် အခြေ စိုက်စခန်းများသို့ လိုအပ်သော လက်နက်ခဲယမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆက်မပြတ် ပို့ဆောင်ခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတအနေဖြင့် အီရန်အပေါ် စစ်ရေးအရ အရေးယူမည့် အစီအစဉ်ကို စားပွဲပေါ်တင်စဉ်းစားနေကြောင်း The New York Times သတင်းစာက အိမ်ဖြူတော်အဆင့်မြင့် အရာ ရှိများ၏ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။ အထူးသဖြင့် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သော သဘောတူညီချက်များကို အီရန်နိုင်ငံက ငြင်းဆန်ပယ်ချမည်ဆိုလျှင် လာမည့်(၄၈) နာရီအတွင်း အမေရိကန်နိုင်ငံက အင်အားသုံးဖြေရှင်းမည့် နည်း လမ်းကို ရွေးချယ်ဖွယ်ရှိကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။
အီရန်နိုင်ငံ၏ ဝန်းကျင်နားကို အမေရိ ကန်စစ်သင်္ဘောများနှင့် စစ်လေယာဉ်အများအပြား ရောက်ရှိနေချိန်တွင် အီရန်နိုင်ငံ၏ အရေးပါသော အစိုးရလေယာဉ်တစ်စင်း ရုရှားနိုင်ငံသို့ကြိုတင် အစီအစဉ်မရှိဘဲ ရုတ်တရက် ဦးတည် ပျံသန်းနေသည်ဟူသော သတင်းများလည်းထွက်ပေါ်နေသည်။ အဆိုပါခရီးစဉ်သည် သာမန်သံတမန်ခရီးစဉ်တစ်ခု မဟုတ်ဘဲ၊ စစ်ပွဲမီးတောက်များ ဝန်းရံနေချိန်တွင် ပြုလုပ်သော ‘အသက်ကယ်’ ကြိုးပမ်းမှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရဂ်ချီက အီရန်အဓိပတိခေါင်းဆောင်ကြီး အလီခါမေနီ၏ ‘အထူးလျှို့ဝှက် သဝဏ်လွှာ’ ကို ရုရှားသမ္မတ ပူတင်ထံသို့ ကိုယ်တိုင်ပေးအပ်ရန် သွားရောက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

Zawgyi Version;
သမၼတအမိန႔္ေပးပါက အီရန္ကို ဘာမဆိုလုပ္ရန္ ျပင္ထားေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
အေမရိကန္စစ္တပ္အေနျဖင့္ အီရန္ႏိုင္ငံ ႏွင့္ပတ္သက္ၿပီး သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးမည္ဆိုလွ်င္ ဘာပဲ ျဖစ္ျဖစ္လုပ္ေဆာင္ရန္ အလုံးစုံျပင္ ဆင္ထားေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး ပီတီ ဟတ္ဆီက ထုတ္ေဖာ္ေျပာ ဆိုလိုက္သည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ‘အေမရိကန္စစ္တပ္ဟာ လက္ရွိအခ်ိန္မွာ ဘာပဲျဖစ္ ျဖစ္လုပ္ ေဆာင္ဖို႔အလုံးစုံျပင္ဆင္ထားတယ္’ ဟု ေျပာသည္။ အီရန္ႏိုင္ငံတြင္ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားႏွင့္ပတ္သက္ၿပီး အေမရိ ကန္ႏွင့္ အီရန္ႏိုင္ငံၾကား တင္းမာမႈမ်ားျဖစ္ပြားခဲ့ရာ အေမရိကန္က အီရန္ႏိုင္ငံကို (၄၈) နာရီအတြင္း တိုက္ခိုက္ ဖြယ္ရွိေန သည္ဆိုေသာ သတင္းမ်ားလည္းထြက္ေပၚလ်က္ရွိေနသည္။ အေမရိကန္အစိုးရသည္ ပါရွန္ပင္လယ္ေကြ႕ေဒသအတြင္း စစ္အင္အားျဖည့္တင္းမႈမ်ားကို အၿပီးသတ္လုပ္ေဆာင္လိုက္ၿပီျဖစ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္ႏွင့္ နီးစပ္သည့္ သတင္း ရပ္ကြက္မ်ားက အတည္ ျပဳထားသည္။ အေမရိကန္ေရတပ္၏ အဓိကအားထားရေသာ USS Abraham Lincoln ေလယာဥ္ တင္သေဘၤာဦးေဆာင္သည့္ တိုက္ခိုက္ေရးအုပ္စုသည္ ပင္လယ္ေကြ႕ ေရျပင္ပိုင္နက္ထဲသို႔ အလုံးစုံ ဝင္ေရာက္ ေနရာယူထားၿပီး အဆိုပါသေဘၤာအုပ္စုတြင္ အဆင့္ျမင့္ F-15 တိုက္ေလယာဥ္မ်ားပါဝင္ၿပီး အီရန္၏ မဟာဗ်ဴဟာပစ္ မွတ္မ်ားကို အခ်ိန္မေ႐ြး တိုက္ခိုက္ႏိုင္ရန္ အသင့္အေနအထား ျပင္ဆင္ထား ေၾကာင္းသိရသည္။
ထို႔ျပင္ C-17 စစ္ဘက္ဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးေလယာဥ္မ်ားသည္လည္းေဒသတြင္း အေမရိကန္ အေျခ စိုက္စခန္းမ်ားသို႔ လိုအပ္ေသာ လက္နက္ခဲယမ္းမ်ားႏွင့္ ေထာက္ပံ့ေရးပစၥည္းမ်ားကို ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း အဆက္မျပတ္ ပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္သမၼတအေနျဖင့္ အီရန္အေပၚ စစ္ေရးအရ အေရးယူမည့္ အစီအစဥ္ကို စားပြဲေပၚတင္စဥ္းစားေနေၾကာင္း The New York Times သတင္းစာက အိမ္ျဖဴေတာ္အဆင့္ျမင့္ အရာ ရွိမ်ား၏ေျပာဆိုခ်က္ကို ကိုးကားေဖာ္ျပထားသည္။ အထူးသျဖင့္ န်ဴကလီးယားအစီအစဥ္ႏွင့္ ပတ္သက္ေသာ သေဘာတူညီခ်က္မ်ားကို အီရန္ႏိုင္ငံက ျငင္းဆန္ပယ္ခ်မည္ဆိုလွ်င္ လာမည့္(၄၈) နာရီအတြင္း အေမရိကန္ႏိုင္ငံက အင္အားသုံးေျဖရွင္းမည့္ နည္း လမ္းကို ေ႐ြးခ်ယ္ဖြယ္ရွိေၾကာင္း သတိေပးခ်က္မ်ား ထြက္ေပၚေနသည္။
အီရန္ႏိုင္ငံ၏ ဝန္းက်င္နားကို အေမရိ ကန္စစ္သေဘၤာမ်ားႏွင့္ စစ္ေလယာဥ္အမ်ားအျပား ေရာက္ရွိေနခ်ိန္တြင္ အီရန္ႏိုင္ငံ၏ အေရးပါေသာ အစိုးရေလယာဥ္တစ္စင္း ႐ုရွားႏိုင္ငံသို႔ႀကိဳတင္ အစီအစဥ္မရွိဘဲ ႐ုတ္တရက္ ဦးတည္ ပ်ံသန္းေနသည္ဟူေသာ သတင္းမ်ားလည္းထြက္ေပၚေနသည္။ အဆိုပါခရီးစဥ္သည္ သာမန္သံတမန္ခရီးစဥ္တစ္ခု မဟုတ္ဘဲ၊ စစ္ပြဲမီးေတာက္မ်ား ဝန္းရံေနခ်ိန္တြင္ ျပဳလုပ္ေသာ ‘အသက္ကယ္’ ႀကိဳးပမ္းမႈတစ္ခု ျဖစ္လာႏိုင္ဖြယ္ရွိေနၿပီး အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အဘတ္စ္ အာရဂ္ခ်ီက အီရန္အဓိပတိေခါင္းေဆာင္ႀကီး အလီခါေမနီ၏ ‘အထူးလွ်ိဳ႕ဝွက္ သဝဏ္လႊာ’ ကို ႐ုရွားသမၼတ ပူတင္ထံသို႔ ကိုယ္တိုင္ေပးအပ္ရန္ သြားေရာက္ျခင္းျဖစ္ႏိုင္ေၾကာင္း သုံးသပ္ေနၾကသည္။