ယူကရိန်းသမ္မတကို လက်ခံတွေ့ဆုံဖို့ ရုရှားဘက်က အဆင်သင့်ဖြစ်နေပြီဟုဆို

228

Pika (NP News) - ဖေဖော်ဝါရီ ၃
ရုရှားသမ္မတပူတင်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် ရုရှားသို့လာရောက်လည်ပတ်ရန် ယူကရိန်း သမ္မတဇယ်လန်စကီးကိုကြိုဆိုကြောင်း ရုရှားအစိုးရ အကြီးတန်းလက်ထောက်အရာရှိ ယူရီယူရှာကော့ဗ်က ထုတ်ပြန် ပြောကြားခဲ့သည်။ ပူတင်-ဇယ်လန်စကီး ထိပ်သီးအစည်းအဝေး၏အကြံအစည်ကို ရုရှားဘက်က အကြိမ်ပေါင်းများ စွာဆွေးနွေးခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဖုန်းခေါ်ဆိုမှုများအတွင်းလည်းဆွေးနွေးခဲ့ကြောင်း ယူရီယူရှာ ကော့ဗ်က ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါအကြံအစည်ကို ရုရှားဘက်က ဘယ်တုန်းကမှငြင်းပယ်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ယူရီယူရှာ ကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့သည်။ ယူရီယူရှာကော့ဗ်က ‘ဇယ်လန်စကီးက တွေ့ဆုံဖို့အတွက် အမှန်တကယ် အဆင်သင့်ဖြစ်ပြီဆိုရင် ရုရှားကို လာ ရောက်လည်ပတ်ဖို့အတွက် သူ့ကို ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်သွားမယ်ဆိုတာကို ပူတင်က အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။ ပြီးတော့ ဇယ်လန်စကီးရဲ့ ဘေးကင်းရေးနဲ့ လိုအပ်တဲ့ အခြေအနေတွေ အားလုံးကို ကျွန်တော်တို့ဘက်က လုံးဝအာမခံပါတယ်’ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရုရှား၊ အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့က ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုများကိုလုပ်ဆောင်ခဲ့ပြီး နောက် ယူရီယူရှာကော့ဗ်၏မှ တ်ချက်များ ထွက်ပေါ် လာခြင်းဖြစ်သည်။ ထို့ပြင် ပူတင်နှင့် ဇယ်လန်စကီးတို့ ကြား တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်လာရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်းနှင့် နောက်ထပ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများကို ပထမဦးစွာလုပ်ဆောင်ရန် လိုအပ် ကြောင်း အမည်မဖော်လိုသည့်အမေရိကန်အရာရှိ တစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version;
ယူကရိန္းသမၼတကို လက္ခံေတြ႕ဆုံဖို႔ ႐ုရွားဘက္က အဆင္သင့္ျဖစ္ေနၿပီဟုဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၃
႐ုရွားသမၼတပူတင္ႏွင့္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္အတြက္ ႐ုရွားသို႔လာေရာက္လည္ပတ္ရန္ ယူကရိန္း သမၼတဇယ္လန္စကီးကိုႀကိဳဆိုေၾကာင္း ႐ုရွားအစိုးရ အႀကီးတန္းလက္ေထာက္အရာရွိ ယူရီယူရွာေကာ့ဗ္က ထုတ္ျပန္ ေျပာၾကားခဲ့သည္။ ပူတင္-ဇယ္လန္စကီး ထိပ္သီးအစည္းအေဝး၏အႀကံအစည္ကို ႐ုရွားဘက္က အႀကိမ္ေပါင္းမ်ား စြာေဆြးေႏြးခဲ့ၿပီး အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ ဖုန္းေခၚဆိုမႈမ်ားအတြင္းလည္းေဆြးေႏြးခဲ့ေၾကာင္း ယူရီယူရွာ ေကာ့ဗ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ အဆိုပါအႀကံအစည္ကို ႐ုရွားဘက္က ဘယ္တုန္းကမွျငင္းပယ္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ယူရီယူရွာ ေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ယူရီယူရွာေကာ့ဗ္က ‘ဇယ္လန္စကီးက ေတြ႕ဆုံဖို႔အတြက္ အမွန္တကယ္ အဆင္သင့္ျဖစ္ၿပီဆိုရင္ ႐ုရွားကို လာ ေရာက္လည္ပတ္ဖို႔အတြက္ သူ႔ကို ဝမ္းေျမာက္ဝမ္းသာ ဖိတ္ေခၚသြားမယ္ဆိုတာကို ပူတင္က အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ဖူးပါတယ္။ ၿပီးေတာ့ ဇယ္လန္စကီးရဲ႕ ေဘးကင္းေရးနဲ႔ လိုအပ္တဲ့ အေျခအေနေတြ အားလုံးကို ကြၽန္ေတာ္တို႔ဘက္က လုံးဝအာမခံပါတယ္’ဟု ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္အတြင္း ႐ုရွား၊ အေမရိကန္ႏွင့္ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕တို႔က ယူေအအီးႏိုင္ငံ အဘူဒါဘီၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ သုံးပြင့္ဆိုင္ေတြ႕ဆုံေဆြးေႏြးမႈမ်ားကိုလုပ္ေဆာင္ခဲ့ၿပီး ေနာက္ ယူရီယူရွာေကာ့ဗ္၏မွ တ္ခ်က္မ်ား ထြက္ေပၚ လာျခင္းျဖစ္သည္။ ထို႔ျပင္ ပူတင္ႏွင့္ ဇယ္လန္စကီးတို႔ ၾကား ေတြ႕ဆုံေဆြးေႏြးမႈတစ္ခုျဖစ္လာရန္ အလြန္နီးကပ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ေနာက္ထပ္ သုံးပြင့္ဆိုင္ ေဆြးေႏြးပြဲမ်ားကို ပထမဦးစြာလုပ္ေဆာင္ရန္ လိုအပ္ ေၾကာင္း အမည္မေဖာ္လိုသည့္အေမရိကန္အရာရွိ တစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့သည္။