Grammys ပွဲစီစဉ်သူကို အမေရိကန်သမ္မတ စိတ်ဆိုးဒေါသဖြစ်နေ

431

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
မကြာသေးမီက ကျင်းပပြီးစီးသွားတဲ့ Grammys ဆုပေးပွဲကြီးမှာ အစီအစဉ်မှူးရဲ့နောက်ပြောင်မှုတစ်ခုက သမ္မတ ဒေါနယ်ထရမ့်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့တယ်လို့ သတင်များထွက်နေပါတယ်။ အစီအစဥ်မှူး Trevor Noah က Trump ကို Jeffrey Epstein ရဲ့ကျွန်းမှာ အချိန်ဖြုန်းခဲ့တယ်ဆိုပြီး စနောက်ခဲ့တာနဲ့ပတ်သက်လို့ သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှုကို အမေရိကန်သမ္မတက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ က ဒီနှစ် Grammys ဆုပေးပွဲဟာ အလွန်ဆိုးရွားပြီး ကြည့်လို့တောင်မရနိုင်လောက်အောင် ပျင်းစရာကောင်းတယ်လို့ ဝေဖန်လိုက်ပါတယ်။ အမေရိကန်သမ္မတ "ကျွန်တော် တစ်စိတ်တစ်ပိုင်းလောက်ပဲ ကြည့်လိုက်ရတယ်။ ဆက်ကြည့်လို့ မရနိုင်လောက်အောင်ပါပဲ" လို့ ပြောဆိုခဲ့သလို၊ အစီအစဉ်မှူး Trevor Noah ကို လည်း "အစီအစဉ်မှူးကို လူညံ" တစ်ယောက်အဖြစ် ဝေဖန်ခဲ့ပါတယ်။
အမေရိကန်သမ္မတက "ကျွန်တော် အဲဒီကိစ္စနဲ့ဘာမှမသက်ဆိုင်ဘူး။ Jeffrey Epstein နဲ့လည်း ဘာမှပတ်သက်စရာ မရှိဘူး" လို့တုံ့ပြန်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး သတင်းထောက်များက တရားစွဲမှာလားလို့ မေးမြန်းတဲ့ အခါ အမေရိကန်သမ္မတက ငြင်းဆန်ခြင်းမရှိဘဲ Trevor Noah ရဲ့ပြောဆိုမှုတွေအပေါ် မကျေနပ်ကြောင်း ပြသခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ဟောလိဝုဒ်အနုပညာလောကနဲ့ သမ္မတထရမ့်ကြားက တင်းမာမှုကို ပိုမိုကြီးထွားစေခဲ့ပြီး ပရိသတ်တွေကြားမှာလည်း အကြီးအကျယ်ဆွေးနွေးစရာဖြစ်လာခဲ့ပါတယ်။

Zawgyi Version;
Grammys ပြဲစီစဥ္သူကို အေမရိကန္သမၼတ စိတ္ဆိုးေဒါသျဖစ္ေန
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
မၾကာေသးမီက က်င္းပၿပီးစီးသြားတဲ့ Grammys ဆုေပးပြဲႀကီးမွာ အစီအစဥ္မႉးရဲ႕ေနာက္ေျပာင္မႈတစ္ခုက သမၼတ ေဒါနယ္ထရမ့္ကို အႀကီးအက်ယ္ ေဒါသထြက္ေစခဲ့တယ္လို႔ သတင္မ်ားထြက္ေနပါတယ္။ အစီအစဥ္မႉး Trevor Noah က Trump ကို Jeffrey Epstein ရဲ႕ကြၽန္းမွာ အခ်ိန္ျဖဳန္းခဲ့တယ္ဆိုၿပီး စေနာက္ခဲ့တာနဲ႔ပတ္သက္လို႔ သတင္းေထာက္တစ္ဦးရဲ႕ေမးျမန္းမႈကို အေမရိကန္သမၼတက ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
အေမရိကန္သမၼတ က ဒီႏွစ္ Grammys ဆုေပးပြဲဟာ အလြန္ဆိုး႐ြားၿပီး ၾကည့္လို႔ေတာင္မရႏိုင္ေလာက္ေအာင္ ပ်င္းစရာေကာင္းတယ္လို႔ ေဝဖန္လိုက္ပါတယ္။ အေမရိကန္သမၼတ "ကြၽန္ေတာ္ တစ္စိတ္တစ္ပိုင္းေလာက္ပဲ ၾကည့္လိုက္ရတယ္။ ဆက္ၾကည့္လို႔ မရႏိုင္ေလာက္ေအာင္ပါပဲ" လို႔ ေျပာဆိုခဲ့သလို၊ အစီအစဥ္မႉး Trevor Noah ကို လည္း "အစီအစဥ္မႉးကို လူညံ" တစ္ေယာက္အျဖစ္ ေဝဖန္ခဲ့ပါတယ္။
အေမရိကန္သမၼတက "ကြၽန္ေတာ္ အဲဒီကိစၥနဲ႔ဘာမွမသက္ဆိုင္ဘူး။ Jeffrey Epstein နဲ႔လည္း ဘာမွပတ္သက္စရာ မရွိဘူး" လို႔တုံ႔ျပန္ခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သတင္းေထာက္မ်ားက တရားစြဲမွာလားလို႔ ေမးျမန္းတဲ့ အခါ အေမရိကန္သမၼတက ျငင္းဆန္ျခင္းမရွိဘဲ Trevor Noah ရဲ႕ေျပာဆိုမႈေတြအေပၚ မေက်နပ္ေၾကာင္း ျပသခဲ့ပါတယ္။ အဲဒီအျဖစ္အပ်က္ဟာ ေဟာလိဝုဒ္အႏုပညာေလာကနဲ႔ သမၼတထရမ့္ၾကားက တင္းမာမႈကို ပိုမိုႀကီးထြားေစခဲ့ၿပီး ပရိသတ္ေတြၾကားမွာလည္း အႀကီးအက်ယ္ေဆြးေႏြးစရာျဖစ္လာခဲ့ပါတယ္။