ပါတီအတွင်း တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် PPP ပါတီ UEC တွင် တိုင်ကြားခံရ

668

Pearl (NP News) - ဖေဖော်ဝါရီ ၃
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဗဟို၏ ဆောင်ရွက်ချက်များသည် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း ပါတီဝင်အချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) သို့ တိုင်ကြားမှုများရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ်မြေအချို့၏ ဦးစားပေး ကိုယ်စားလှယ်အဖြစ် လျာထားသူများအား PPP ဗဟိုမှ ပါတီတွင်း ပွင့်လင်းမြင်သာစွာ ရွေးချယ်ထားခြင်း မရှိကြောင်း တိုင်းဒေသကြီး(FPTP) အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူ ပါတီကိုယ်စားလှယ်လောင်းတစ်ဦးက NP News သို့ ပြောသည်။
“နိုင်ငံတော်အကြီးအကဲတွေက တကယ်ပဲ ပါတီစုံဖော်ဆောင်ချင်တဲ့အတွက် PR စနစ်ဆိုတာ ထည့်ထားတယ်။ အခု ပါတီတွေက တကယ်အလုပ်လုပ်တဲ့လူကို မရွေးချယ်ဘဲနဲ့ သူတို့နဲ့ အကျွမ်းတဝင်ရှိတဲ့လူဟောင်းတွေကို ရွေးချယ်တဲ့ အတွက် ပါတီထဲမှာ ဂရက်ရိုက်နေကြတယ်။ PPP တစ်ခုတည်းတော့မဟုတ်ဘူး။ တခြားပါတီတွေလည်းဖြစ်တယ်။ အနည်းငယ်ပေါ့။ PPP ပါတီက ပိုဆိုးတယ်။ တကယ်အလုပ်လုပ်ပြီး ငွေရေးကြေးရေး တကယ်စိုက်ရတဲ့လူက မပါဘဲနဲ့ တကယ်လွှတ်တော်ထဲ ရောက်သင့်တဲ့လူက မရောက်ဘဲနဲ့ ရေသာခိုနေတဲ့လူက ပါသွားတယ်။ အဲဒီတော့ ရှေ့ကနေ တိုက်စစ်ဆင်ရတဲ့ FPTP တွေက မကျေနပ်ကြဘူးပေါ့။ Close List အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရတဲ့အခါ ပထမပိုင်းက ပါတီက FPTP တွေရယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ သူတို့ရဲ့ မြို့နယ် EC တွေ ရဲ့ သဘောတူညီချက်နဲ့ ရွေးမယ်ဆိုပြီးဖြစ်တယ်။ ကျေနပ်တဲ့အတွက် အရွေးခံတယ်။ ပိုက်ဆံ (၅) သိန်းလည်း သွင်းပြီး တခြားအတွက်ပိုက်ဆံတွေလည်း ထည့်ပြီးတော့မှ တိုင် (၉)တိုင်နဲ့ရွေးမယ်လို့ ဖြစ်ပြန်ရော။ အဲဒီတိုင် (၉)တိုင်ကို ဒီနေ့အထိမသိဘူး။ ချမပြထားဘူး။ ပွင့်လင်းမြင်သာစွာ မရှိဘူး” ဟု ပြောသည်။
လက်ရှိ ရွေးကောက်ပွဲ (၃) ပိုင်းပြီးချိန်တွင် ၎င်းတို့နှင့် နီးစပ်သည့်PR ကိုယ်စားလှယ်လောင်းများကိုသာ ဦးစားပေး(၁) အဖြစ် သတ်မှတ်ထားသည်ဟု တစ်ဆင့်စကားများဖြင့်သာ ကြားသိရကြောင်း၊ ထိုသို့သတ်မှတ် ရွေးချယ်ရာတွင် ၎င်းတို့ယှဉ်ပြိုင်ခဲ့သော တိုင်းဒေသကြီး(FPTP) ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံး ကာလတွင် အောင်နိုင်ရေးအတွက် ငွေအား၊ လူအားဖြင့် စိုက်ထုတ်ကူညီခြင်းမရှိဘဲ ကိုယ်စားလှယ်လောင်းများ၏ အခက်အခဲများကိုလည်း ကူညီလုပ်ကိုင်ဖြေရှင်းပေးခြင်းမရှိသည့် ကိုယ်စားလှယ်လောင်းများပါဝင်နေကြောင်း သိရသည်။
ထိုကဲ့သို့ ကိုယ်စားလှယ်လောင်းများ ကိုဦးစားပေး(၁)အဖြစ် သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေရှိ တိုင်းဒေသကြီး (FPTP) အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူ ပါတီကိုယ်စားလှယ်လောင်းများက ပါတီဗဟိုဥက္ကဌ ဒေါက်တာ သက်သက်ခိုင် နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ထံသို့ အသိပေးကန့်ကွက်မှုများဆောင်ရွက်ခဲ့သည့်အပြင် လက်ရှိတွင် လည်း ပါတီတွင်းပွင့်လင်းမြင်သာစွာ ရွေးချယ်ထားခြင်းမရှိသည့်ကိစ္စအား UEC ထံ အသိပေးတိုင်ကြားမှုများ ရှိနေကြောင်းလည်း သိရသည်။
အလားတူ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်နှင့် ဧရာဝတီတိုင်းဒေသကြီး ရှိ မဲဆန္ဒနယ်မြေအချို့တွင် ဦးစားပေးကိုယ်စားလှယ်အဖြစ် လျာထားသူအား (PPP) ဗဟိုအနေဖြင့် ပါတီတွင်း ပွင့်လင်းမြင်သာစွာကြောင်းလည်း သိရသည်။

Zawgyi Version;
ပါတီအတြင္း တရားမွ်တမႈႏွင့္ ပြင့္လင္းျမင္သာမႈမရွိသည့္အတြက္ PPP ပါတီ UEC တြင္ တိုင္ၾကားခံရ
Pearl (NP News) - ေဖေဖာ္ဝါရီ ၃
ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ဗဟို၏ ေဆာင္႐ြက္ခ်က္မ်ားသည္ တရားမွ်တမႈႏွင့္ ပြင့္လင္းျမင္သာမႈ မရွိေၾကာင္း ပါတီဝင္အခ်ိဳ႕က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) သို႔ တိုင္ၾကားမႈမ်ားရွိေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အတြက္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) မဲဆႏၵနယ္ေျမအခ်ိဳ႕၏ ဦးစားေပး ကိုယ္စားလွယ္အျဖစ္ လ်ာထားသူမ်ားအား PPP ဗဟိုမွ ပါတီတြင္း ပြင့္လင္းျမင္သာစြာ ေ႐ြးခ်ယ္ထားျခင္း မရွိေၾကာင္း တိုင္းေဒသႀကီး(FPTP) အျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသူ ပါတီကိုယ္စားလွယ္ေလာင္းတစ္ဦးက NP News သို႔ ေျပာသည္။
“ႏိုင္ငံေတာ္အႀကီးအကဲေတြက တကယ္ပဲ ပါတီစုံေဖာ္ေဆာင္ခ်င္တဲ့အတြက္ PR စနစ္ဆိုတာ ထည့္ထားတယ္။ အခု ပါတီေတြက တကယ္အလုပ္လုပ္တဲ့လူကို မေ႐ြးခ်ယ္ဘဲနဲ႔ သူတို႔နဲ႔ အကြၽမ္းတဝင္ရွိတဲ့လူေဟာင္းေတြကို ေ႐ြးခ်ယ္တဲ့ အတြက္ ပါတီထဲမွာ ဂရက္႐ိုက္ေနၾကတယ္။ PPP တစ္ခုတည္းေတာ့မဟုတ္ဘူး။ တျခားပါတီေတြလည္းျဖစ္တယ္။ အနည္းငယ္ေပါ့။ PPP ပါတီက ပိုဆိုးတယ္။ တကယ္အလုပ္လုပ္ၿပီး ေငြေရးေၾကးေရး တကယ္စိုက္ရတဲ့လူက မပါဘဲနဲ႔ တကယ္လႊတ္ေတာ္ထဲ ေရာက္သင့္တဲ့လူက မေရာက္ဘဲနဲ႔ ေရသာခိုေနတဲ့လူက ပါသြားတယ္။ အဲဒီေတာ့ ေရွ႕ကေန တိုက္စစ္ဆင္ရတဲ့ FPTP ေတြက မေက်နပ္ၾကဘူးေပါ့။ Close List အေနနဲ႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို တင္ရတဲ့အခါ ပထမပိုင္းက ပါတီက FPTP ေတြရယ္၊ ျပည္သူ႔လႊတ္ေတာ္ရယ္၊ သူတို႔ရဲ႕ ၿမိဳ႕နယ္ EC ေတြ ရဲ႕ သေဘာတူညီခ်က္နဲ႔ ေ႐ြးမယ္ဆိုၿပီးျဖစ္တယ္။ ေက်နပ္တဲ့အတြက္ အေ႐ြးခံတယ္။ ပိုက္ဆံ (၅) သိန္းလည္း သြင္းၿပီး တျခားအတြက္ပိုက္ဆံေတြလည္း ထည့္ၿပီးေတာ့မွ တိုင္ (၉)တိုင္နဲ႔ေ႐ြးမယ္လို႔ ျဖစ္ျပန္ေရာ။ အဲဒီတိုင္ (၉)တိုင္ကို ဒီေန႔အထိမသိဘူး။ ခ်မျပထားဘူး။ ပြင့္လင္းျမင္သာစြာ မရွိဘူး” ဟု ေျပာသည္။
လက္ရွိ ေ႐ြးေကာက္ပြဲ (၃) ပိုင္းၿပီးခ်ိန္တြင္ ၎တို႔ႏွင့္ နီးစပ္သည့္PR ကိုယ္စားလွယ္ေလာင္းမ်ားကိုသာ ဦးစားေပး(၁) အျဖစ္ သတ္မွတ္ထားသည္ဟု တစ္ဆင့္စကားမ်ားျဖင့္သာ ၾကားသိရေၾကာင္း၊ ထိုသို႔သတ္မွတ္ ေ႐ြးခ်ယ္ရာတြင္ ၎တို႔ယွဥ္ၿပိဳင္ခဲ့ေသာ တိုင္းေဒသႀကီး(FPTP) ကိုယ္စားလွယ္ေလာင္းမ်ားအား မဲဆြယ္စည္း႐ုံး ကာလတြင္ ေအာင္ႏိုင္ေရးအတြက္ ေငြအား၊ လူအားျဖင့္ စိုက္ထုတ္ကူညီျခင္းမရွိဘဲ ကိုယ္စားလွယ္ေလာင္းမ်ား၏ အခက္အခဲမ်ားကိုလည္း ကူညီလုပ္ကိုင္ေျဖရွင္းေပးျခင္းမရွိသည့္ ကိုယ္စားလွယ္ေလာင္းမ်ားပါဝင္ေနေၾကာင္း သိရသည္။
ထိုကဲ့သို႔ ကိုယ္စားလွယ္ေလာင္းမ်ား ကိုဦးစားေပး(၁)အျဖစ္ သတ္မွတ္ထားသည့္ မဲဆႏၵနယ္ေျမရွိ တိုင္းေဒသႀကီး (FPTP) အျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသူ ပါတီကိုယ္စားလွယ္ေလာင္းမ်ားက ပါတီဗဟိုဥကၠဌ ေဒါက္တာ သက္သက္ခိုင္ ႏွင့္ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ထံသို႔ အသိေပးကန႔္ကြက္မႈမ်ားေဆာင္႐ြက္ခဲ့သည့္အျပင္ လက္ရွိတြင္ လည္း ပါတီတြင္းပြင့္လင္းျမင္သာစြာ ေ႐ြးခ်ယ္ထားျခင္းမရွိသည့္ကိစၥအား UEC ထံ အသိေပးတိုင္ၾကားမႈမ်ား ရွိေနေၾကာင္းလည္း သိရသည္။
အလားတူ မႏၲေလးတိုင္း ေဒသႀကီးလႊတ္ေတာ္ ၊ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး ရွိ မဲဆႏၵနယ္ေျမအခ်ိဳ႕တြင္ ဦးစားေပးကိုယ္စားလွယ္အျဖစ္ လ်ာထားသူအား (PPP) ဗဟိုအေနျဖင့္ ပါတီတြင္း ပြင့္လင္းျမင္သာစြာ ေ႐ြးခ်ယ္ထားျခင္းမရွိသည့္အတြက္တိုင္ၾကားမႈမ်ားရွိေနၿပီး ပါတီဝင္အျဖစ္ႏႈတ္ထြက္သူမ်ားရွိ ေနေၾကာင္းလည္း သိရသည္။