MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွား ချိတ်ဆက်မှုပြခန်း ပါဝင်မည်

113

Pearl (NP News) - ဖေဖော်ဝါရီ ၃
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“အဓိကတော့ နိုင်ငံတော်က MSME လုပ်ငန်းရှင်တွေကို ပြည်တွင်းပြည်ပ ဈေးကွက် အခွင့်အလမ်းတွေ ရရှိစေဖို့ ရည်ရွယ်တာပါ။ ဒီပြပွဲနဲ့အတူ ပြည်တွင်းဈေးကွက် ချိတ်ဆက်မှု၊ ပြည်ပဈေးကွက် ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေရရှိရေးအတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာအစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအနေနဲ့ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ Modern စတိုးတွေ၊ လက်လီ/လက်ကားဆိုင်တွေဖြစ်တဲ့ City Mart၊ AERON၊ Makro၊ G and G စတဲ့ ဆိုင်တွေမှာ ရောင်းချနိုင်ရေးအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်းကနေတစ်ဆင့် မျက်နှာချင်းဆိုင် တွေ့ဆုံပေးသွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။
MSME လုပ်ငန်းရှင်များအနေဖြင့် ပြပွဲမှတစ်ဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ လက်လီ/လက်ကား ရောင်းချသူများနှင့် အချင်းချင်းချိတ်ဆက်နိုင်မည့် လုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အချိတ်အဆက်များ ရရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့အတူ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တွင် ဝန်ကြီးဌာန ၉ ခုမှ MSME လုပ်ငန်းရှင်များအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းရှင်များ ပြည်ပဈေးကွက်ဝင်ရောက်နိုင်ရေးလိုအပ်သည့် Certificate ရရှိရေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် MSME ထုတ်ကုန်များစွာ ပါဝင်ပြသနိုင်ရေး နှင့် Online E-Commerce Platform မှတဆင့် MSME ထုတ်ကုန်များကို နိုင်ငံတကာ ဝယ်လက်များသို့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း ပြည်ပဈေးကွက် ချိတ်ဆက်မှုအနေဖြင့် MSME လုပ်ငန်းရှင်များ ပြည်ပသို့ တင်ပို့မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေ ရရှိရေး၊ စီးပွားရေးသံမှူးများ နှင့် ချိတ်ဆက်၍ အသိပညာမျှဝေပေးနိုင်ရန်အတွက် လည်းကောင်း၊ ရင်းနှီးမတည်ငွေရှိရေး ချိတ်ဆက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ်များမှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်များ၏ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိနိုင်ရန်အတွက်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

Zawgyi Version;
MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္တြင္ လုပ္ငန္းရွင္မ်ားအတြက္ လုပ္ငန္းစီးပြား ခ်ိတ္ဆက္မႈ ျပခန္း ပါဝင္မည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၃
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ (ေနျပည္ေတာ္) တြင္ MSME လုပ္ငန္းရွင္မ်ားအတြက္ လုပ္ငန္းစီးပြားခ်ိတ္ဆက္မႈျပခန္း (Business Matching Hall) ပါဝင္မည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
“အဓိကေတာ့ ႏိုင္ငံေတာ္က MSME လုပ္ငန္းရွင္ေတြကို ျပည္တြင္းျပည္ပ ေဈးကြက္ အခြင့္အလမ္းေတြ ရရွိေစဖို႔ ရည္႐ြယ္တာပါ။ ဒီျပပြဲနဲ႔အတူ ျပည္တြင္းေဈးကြက္ ခ်ိတ္ဆက္မႈ၊ ျပည္ပေဈးကြက္ ခ်ိတ္ဆက္မႈ၊ ရင္းႏွီးမတည္ေငြရရွိေရးအတြက္ ခ်ိတ္ဆက္မႈအျပင္ သက္ဆိုင္ရာအစိုးရဌာနေတြကေန သတင္းအခ်က္အလက္ေတြကို မွ်ေဝေပးမယ့္ အစီအစဥ္ေတြ ပါဝင္ပါတယ္။ ျပည္တြင္းေဈးကြက္ခ်ိတ္ဆက္မႈအေနနဲ႔ MSME လုပ္ငန္းေတြက ထုတ္လုပ္ထားတဲ့ထုတ္ကုန္ပစၥည္းေတြကို ျပည္တြင္းမွာရွိတဲ့ Modern စတိုးေတြ၊ လက္လီ/လက္ကားဆိုင္ေတြျဖစ္တဲ့ City Mart၊ AERON၊ Makro၊ G and G စတဲ့ ဆိုင္ေတြမွာ ေရာင္းခ်ႏိုင္ေရးအတြက္ လုပ္ငန္းစီးပြားခ်ိတ္ဆက္မႈျပခန္းကေနတစ္ဆင့္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေပးသြားမွာျဖစ္ပါတယ္” ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ ၫႊန္ၾကားေရးမႉး ေဒါက္တာသက္လြင္ဦးက ေျပာသည္။
MSME လုပ္ငန္းရွင္မ်ားအေနျဖင့္ ျပပြဲမွတစ္ဆင့္ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းရွင္တစ္ဦးျဖစ္ေစမည့္ လုပ္ငန္းစဥ္မ်ား၊ သီလဝါ SEZ ၏ Promotion Zone အတြင္း ထုတ္လုပ္ေရးလုပ္ငန္းမ်ား၊ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းရွင္မ်ား၊ လက္လီ/လက္ကား ေရာင္းခ်သူမ်ားႏွင့္ အခ်င္းခ်င္းခ်ိတ္ဆက္ႏိုင္မည့္ လုပ္ငန္းစဥ္မ်ား၊ ဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ရမည့္လုပ္ငန္းစဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ အခ်ိတ္အဆက္မ်ား ရရွိေစရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔အတူ ဝန္ႀကီးဌာနမ်ားႏွင့္ ခ်ိတ္ဆက္ေရးလုပ္ငန္းအဖြဲ႕တြင္ ဝန္ႀကီးဌာန ၉ ခုမွ MSME လုပ္ငန္းရွင္မ်ားအတြက္ ပို႔ကုန္/သြင္းကုန္ဆိုင္ရာလုပ္ငန္းရွင္မ်ား ျပည္ပေဈးကြက္ဝင္ေရာက္ႏိုင္ေရးလိုအပ္သည့္ Certificate ရရွိေရးႏွင့္ မွတ္ပုံတင္ျခင္းဆိုင္ရာမ်ား၊ ႏိုင္ငံတကာကုန္စည္ျပပြဲမ်ားတြင္ MSME ထုတ္ကုန္မ်ားစြာ ပါဝင္ျပသႏိုင္ေရး ႏွင့္ Online E-Commerce Platform မွတဆင့္ MSME ထုတ္ကုန္မ်ားကို ႏိုင္ငံတကာ ဝယ္လက္မ်ားသို႔ တိုက္႐ိုက္ခ်ိတ္ဆက္ဝယ္ယူႏိုင္ေရးကိုလည္း ေဆာင္႐ြက္ေပး မည္ျဖစ္ေၾကာင္း သိရသည္။
ျပပြဲအတြင္း ျပည္ပေဈးကြက္ ခ်ိတ္ဆက္မႈအေနျဖင့္ MSME လုပ္ငန္းရွင္မ်ား ျပည္ပသို႔ တင္ပို႔မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရးအတြက္ ရင္းႏွီးမတည္ေငြ ရရွိေရး၊ စီးပြားေရးသံမႉးမ်ား ႏွင့္ ခ်ိတ္ဆက္၍ အသိပညာမွ်ေဝေပးႏိုင္ရန္အတြက္ လည္းေကာင္း၊ ရင္းႏွီးမတည္ေငြရွိေရး ခ်ိတ္ဆက္မႈအေနျဖင့္ ပုဂၢလိကဘဏ္မ်ားမွ ဘဏ္ေခ်းေငြရရွိေရး၊ ဘဏ္မ်ား၏ ဝန္ေဆာင္မႈႏွင့္ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ား ရရွိႏိုင္ရန္အတြက္လည္းေကာင္း ခ်ိတ္ဆက္ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ျပပြဲကာလအတြင္း လုပ္ငန္း/စီးပြားခ်ိတ္ဆက္မႈျပခန္းတြင္ သက္ဆိုင္ရာက႑အလိုက္ လာေရာက္ေလ့လာျခင္း၊ ေဆြးေႏြးျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ အသိေပးေၾကညာထားသည္။
(၇၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ (ေနျပည္ေတာ္) ကို ေနျပည္ေတာ္ရင္ျပင္၌ ေဖေဖာ္ဝါရီ ၈ ရက္မွ ၁၃ ရက္အထိ က်င္းပသြားမည္ျဖစ္သည္။