KIA က ပစ်ခတ်သည့် လက်နက်ကြီးကျည် ဖားကန့်မြို့အတွင်း ကျရောက်ပေါက်ကွဲကာ ကလေးငယ် (၂) ဦးသေဆုံး

 181

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကာလီချောင်ကျေးရွာတွင် KIA က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ကလေးငယ် (၂) ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၃ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ဖားကန့်မြို့နယ်၊ ကာလီချောင်ကျေးရွာ အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၁၀)နှစ်အရွယ် နှင့် (၁၃) နှစ်အရွယ်ဝန်းကျင် ကလေးငယ်(၂) ဦး သေဆုံးသွားခဲ့ပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“KIA က ပစ်တာပါ။ ဖားကန့်၊ ကာလီချောင်နားကိုကျပြီး ထိခိုက်တဲ့လူက (၁၃) ယောက်ဖြစ်တယ်လို့ သိရပါတယ်။ (၂) ဦးသေဆုံး က (၂)ယောက်ပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
KIA ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသည့်နေရာသည် ယခင်ကလည်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ဖူးသည့်နေရာဖြစ်ပြီး ဖားကန့်မြို့ရှိ တပ်မကုန်း၏ အနောက်ဘက်ဖြစ်ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ KIA အဖွဲ့ဝင်နှင့် နီးစပ်သူဟု ယူဆရသော Wia Yan Phyo ဆိုသည့် ဖေ့ဘွတ်စ် အကောင့်တွင်လည်း” လက်နက်ကြီး Skill ဆိုတာ အဲဒါပဲ။ ဖားကန့်တပ်မကုန်းကို ပေးတဲ့လက်ဆောင် #မုဆိုး” ဟု ဖားကန့်ဘက်သို့ပစ်ခတ်အပြီး အမျိုးသားတစ်ဦးကြည့်နေသည့် ပုံနှင့်တကွ ဖော်ပြရေးသားထားသည်ကို တွေ့ရ သည်။
အလားတူ ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက် ၉ နာရီကျော်ဝန်းကျင်အချိန်ခန့်ကလည်း KIA က ပစ်ခတ် လိုက်သည့် လက်နက်ကြီးတစ်လုံး ဖားကန့်မြို့၊ အထက (၁) ကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ KG ကျောင်းသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
KIA က ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္ ဖားကန႔္ၿမိဳ႕အတြင္း က်ေရာက္ေပါက္ကြဲကာ ကေလးငယ္ (၂) ဦးေသဆုံး
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၃
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕၊ ကာလီေခ်ာင္ေက်း႐ြာတြင္ KIA က ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲကာ ကေလးငယ္ (၂) ဦးေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၃ ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္အခ်ိန္ခန႔္က ဖားကန႔္ၿမိဳ႕နယ္၊ ကာလီေခ်ာင္ေက်း႐ြာ အတြင္းျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အသက္(၁၀)ႏွစ္အ႐ြယ္ ႏွင့္ (၁၃) ႏွစ္အ႐ြယ္ဝန္းက်င္ ကေလးငယ္(၂) ဦး ေသဆုံးသြားခဲ့ၿပီး (၁၃) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“KIA က ပစ္တာပါ။ ဖားကန႔္၊ ကာလီေခ်ာင္နားကိုက်ၿပီး ထိခိုက္တဲ့လူက (၁၃) ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။ (၂) ဦးေသဆုံး က (၂)ေယာက္ပါ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
KIA ကပစ္ခတ္သည့္ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲသည့္ေနရာသည္ ယခင္ကလည္း လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲခဲ့ဖူးသည့္ေနရာျဖစ္ၿပီး ဖားကန႔္ၿမိဳ႕ရွိ တပ္မကုန္း၏ အေနာက္ဘက္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္၍ KIA အဖြဲ႕ဝင္ႏွင့္ နီးစပ္သူဟု ယူဆရေသာ Wia Yan Phyo ဆိုသည့္ ေဖ့ဘြတ္စ္ အေကာင့္တြင္လည္း” လက္နက္ႀကီး Skill ဆိုတာ အဲဒါပဲ။ ဖားကန႔္တပ္မကုန္းကို ေပးတဲ့လက္ေဆာင္ #မုဆိုး” ဟု ဖားကန႔္ဘက္သို႔ပစ္ခတ္အၿပီး အမ်ိဳးသားတစ္ဦးၾကည့္ေနသည့္ ပုံႏွင့္တကြ ေဖာ္ျပေရးသားထားသည္ကို ေတြ႕ရ သည္။
အလားတူ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂ ရက္) နံနက္ ၉ နာရီေက်ာ္ဝန္းက်င္အခ်ိန္ခန႔္ကလည္း KIA က ပစ္ခတ္ လိုက္သည့္ လက္နက္ႀကီးတစ္လုံး ဖားကန႔္ၿမိဳ႕၊ အထက (၁) ေက်ာင္းအတြင္း က်ေရာက္ေပါက္ကြဲကာ KG ေက်ာင္းသား (၂) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.