မတ္တရာကို တပ်မတော်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်

147

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ကို တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့်အတူ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလမှ စတင်၍ တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည့် မတ္တရာမြို့နယ်တွင်း၌လည်း ကျန်းမာရေးစောင့်ရှောက်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများစတင်ဆောင်ရွက်ခဲ့ရာ ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့နှင့် (၃)ရက်တို့တွင် မတ္တရာမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ အသက် (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးရုံအခြေပြုကာကွယ် ဆေးထိုးလုပ်ငန်းဆောင်ရွက်လျက်ရှိရာသို့ မတ္တရာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ နတ်ကြီးစင်ကျေးရွာ၊ ပတ်လည်အင်းကျေးရွာ၊ တံငါရွာ (တောင်)၊ တံငါရွာ(မြောက်)နှင့် ဆည်တော်ကျေးရွာ၊ စဥ့်ကူးမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များ၊ လက်ပံလှကျေးရွာ၊ ကျီတောက်ပေါက်ကျေးရွာများမှလာရောက်ကာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဒေသများမှ အသက် (၂) နှစ်အောက်ကလေးငယ် (၈၉၂) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၁၃)ဦးတို့ကို ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

Zawgyi Version;
မတၱရာကို တပ္မေတာ္က အျပည့္အဝထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား စတင္
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၃
မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္ကို တပ္မေတာ္မွ အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ ေဒသခံျပည္သူမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။
က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနအေနျဖင့္ ကာကြယ္ေဆးထိုးႏွံတိုက္ေကြၽးျခင္းလုပ္ငန္းမ်ားႏွင့္အတူ ေဆး႐ုံအေျချပဳကာကြယ္ေဆးထိုးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိရာ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ၊ ႏိုဝင္ဘာလမွ စတင္၍ တပ္မေတာ္မွ အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ မတၱရာၿမိဳ႕နယ္တြင္း၌လည္း က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားစတင္ေဆာင္႐ြက္ခဲ့ရာ ၿပီး ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂) ရက္ေန႔ႏွင့္ (၃)ရက္တို႔တြင္ မတၱရာၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံ၌ အသက္ (၂) ႏွစ္ ေအာက္ကေလးငယ္မ်ားႏွင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ားအား ကာကြယ္ေဆးထိုးႏွံတိုက္ေကြၽးျခင္းလုပ္ငန္းကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ေဆး႐ုံအေျချပဳကာကြယ္ ေဆးထိုးလုပ္ငန္းေဆာင္႐ြက္လ်က္ရွိရာသို႔ မတၱရာၿမိဳ႕နယ္ရွိ ၿမိဳ႕ေပၚရပ္ကြက္မ်ား၊ နတ္ႀကီးစင္ေက်း႐ြာ၊ ပတ္လည္အင္းေက်း႐ြာ၊ တံငါ႐ြာ (ေတာင္)၊ တံငါ႐ြာ(ေျမာက္)ႏွင့္ ဆည္ေတာ္ေက်း႐ြာ၊ စဥ့္ကူးၿမိဳ႕နယ္ရွိ ၿမိဳ႕ေပၚ ရပ္ကြက္မ်ား၊ လက္ပံလွေက်း႐ြာ၊ က်ီေတာက္ေပါက္ေက်း႐ြာမ်ားမွလာေရာက္ကာ ကာကြယ္ေဆးထိုးႏွံတိုက္ေကြၽးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ ေဒသမ်ားမွ အသက္ (၂) ႏွစ္ေအာက္ကေလးငယ္ (၈၉၂) ဦးႏွင့္ ကိုယ္ဝန္ေဆာင္မိခင္ (၁၁၃)ဦးတို႔ကို ကာကြယ္ေဆးမ်ား ထိုးႏွံတိုက္ေကြၽးႏိုင္ခဲ့ၿပီး ကာကြယ္ေဆးထိုးႏွံတိုက္ေကြၽးျခင္းလုပ္ငန္းကို ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထားသည္။