ရွေးကောက်ပွဲ အလွန် သမ္မတ ရှာပုံတော်

 881

သုတကျော် (NP News) - ဖေဖော်ဝါရီလ ၃

(၂၀၂၅ - ၂၀၂၆) ပါတီစုံအထွေထွေရွေး ကောက်ပွဲကြီးသည် အပိုင်း (၃)ပိုင်းဖြင့် ကျင်းပပြီးစီး သွားခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲ ပထမပိုင်းအဖြစ် မြို့နယ်ပေါင်း (၁၀၂) မြို့နယ်၊ ဒုတိယပိုင်းအဖြစ် မြို့နယ်ပေါင်း (၁၀ဝ) နှင့် တတိယ ပိုင်းအဖြစ် မြို့နယ် ပေါင်း (၆၁) မြို့နယ်၌ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မဲဆန္ဒနယ်များအနေဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၂၆၃) နယ်၊ အမျိုးသားလွှတ်တော်မဲ အများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၇၃) နယ်၊ အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် (၂၆) နယ်၊ တိုင်းဒေသကြီး လွှတ် တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၂၅၅) နယ်၊ တိုင်းဒေသကြီး လွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် PR မဲဆန္ဒနယ် (၄၂) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်း သားလူမျိုး မဲဆန္ဒနယ် (၂၉) နယ်တို့ကို ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသော ရလဒ်များအရ တစ်နိုင်ငံလုံး ယှဉ်ပြိုင်သည့်နိုင်ငံရေး ပါတီများအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော်တွင် (၂၃၁) ဦး၊ အမျိုးသားလွှတ်တော်တွင် (၁၀၈) ဦးအထိ ရရှိကာ လွှတ်တော်နှစ်ရပ်ပေါင်း (၃၃၉) ဦးအထိ အမြင့်ဆုံးနှင့် အပြတ်အသတ် အနိုင်ရရှိထားသည်။ ကျန် (၅) ပါတီတွင် အထက်ပါလွှတ်တော် နှစ်ရပ်ပေါင်းအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက (၂၀) ဦး၊ ရှမ်းနှင့်တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီက (၈) ဦး၊ ပြည်သူ့ပါတီက (၅) ဦး၊ ပြည်သူ့ရှေ့ ဆောင်ပါတီက (၁) ဦးနှင့် မြန်မာနိုင်ငံ တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက လုံးဝအနိုင်ရ ရှိခဲ့ခြင်းမရှိပေ။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးကောက်ပွဲဝင်ကြသည့်ပါတီများအနက် ပြည်သူ့လွှတ် တော်နှင့်အမျိုး သားလွှတ်တော် နှစ်ရပ်ပေါင်းတွင် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် (၁၀)ဦးအထိ ရရှိကာ ဒုတိယ အမြင့်ဆုံး ဖြစ်ခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ထင်ရှားသူများလည်း ရှုံးနိမ့်ခဲ့ကြောင်း တွေ့မြင်ရပြီး ယင်းထဲတွင် ပြည်သူ့ ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ တစ်သီးပုဂ္ဂလ ဒေါ်စန္ဒာမင်းတို့ ပါဝင်သည်။ ထို့ကြောင့် လာမည့်မတ်လအတွင်း ပြုလုပ်မည့် လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ် တော်ကိုယ်စားလှယ်အများဆုံးဖြင့် တက်ရောက်ရ တော့မည်ဖြစ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိမှုအနေအထားအရ အာဏာရပါတီဟု ပီပီပြင်ပြင် ပြောနိုင်သောအခြေအနေ ဖြစ်သည်။

ရွေးကောက်ပွဲအပြီးတွင် အာဏာရပါတီကို လည်း သိရပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအသစ်တွင် မြင်ရမည့်၊ မြန်မာနိုင်ငံကို ဦးဆောင်မည့်သမ္မတက မည်သူဖြစ်လာမည်နည်း ဆိုသောအချက်ကို ယခင်သမိုင်းများနှင့် လက်ရှိ နိုင်ငံ ရေးအခြေအနေအရ နှိုင်းယှဉ်စဉ်းစားနိုင်မည့် အချက်များလည်း ထွက်ပေါ်ခဲ့ပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော် သို့မဟုတ် ပါဝါစုနေသော နေရာ

ယခု ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်အတွက် (၂၆၃) နေရာရှိသည့်အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက (၂၃၁) နေရာအထိ နိုင်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်များသည် ယင်းလွှတ် တော်သည် (၂၀၁၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှစတင်ကာ မြန်မာနိုင်ငံ၏သမိုင်းတစ် လျှောက်တွင် သမ္မတများသည် ပြည်သူ့လွှတ်တော် မှသာ ထွက်ပေါ်ခဲ့ကြောင်း တွေ့မြင်ရသည်။

ယခု ရွေးကောက်ပွဲ၏ထူးခြားချက်မှာ နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးညို စောနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီတို့သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ကြ ခြင်းဖြစ်သည်။ အာဏာရ ပါတီဥက္ကဋ္ဌကသမ္မတ ဖြစ်လေ့ရှိသည့်အတွက် ဦးခင်ရီက ပြည်ထောင်စုလွှတ် တော်မှတင် သွင်းသော သမ္မတလောင်း ဖြစ်လာမည်လောဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

သို့သော် ဦးခင်ရီက ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတနေရာအတွက် မျှော်မှန်းထားခြင်း မရှိကြောင်း ဖြေကြားထားသည်။ “ကျွန်တော်တို့ ဒီလိုတော့ မျှော်မှန်းထားတာမရှိပါဘူး။ ကျွန်တော်တို့နိုင်ငံ ရဲ့စနစ်က လည်း အဲဒီလိုမဟုတ်ဘူးလေ။ ကျွန်တော်တို့နိုင်ငံက အနိုင်ရလို့ရှိရင် ပထမလွှတ်တော်တွေ စဖွဲ့စည်းမယ်။ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေရွေးမယ်။ ပြီးတော့မှ သမ္မတ ရွေးချယ်ရေးအဖွဲ့ တွေရှိ တယ်လေ။ ပြည်သူ့လွှတ်တော်ဘက်က၊ အမျိုးသားလွှတ်တော် ဘက်က ၊ တပ်မတော်ဘက်က အဲဒီအစုအဖွဲ့ သုံးခုက ရွေးတာပေါ့။ ကျွန်တော်တို့နဲ့တပ်မတော်နဲ့ညှိနှိုင်းတာ ဘာမှမရှိပါဘူး။ ရွေးချယ်ရေးကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့အတိုင်းသွားမှာပဲ” ဟု ဖြေထား ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော် သို့မဟုတ် တိုင်းရင်းသား ဒုတိယသမ္မတ ထွက်ပေါ်တတ်သော နေရာ
အမျိုးသားလွှတ်တော်တွင် (၁၅၇) နေရာရှိ သည့်အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက (၁၀၈) နေရာအထိ အနိုင်ရရှိထားသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဒုတိယသမ္မတလောင်း တင်သွင်းရာ တွင် ယခင် အစိုးရ နှစ်ဆက်အနက် ဦးသိန်းစိန်အစိုးရလက် ထက်တွင် ရှမ်းတိုင်းရင်းသား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကိုတင်သွင်းခဲ့ပြီး NLD လက်ထက်တွင် ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူကို တင်သွင်းခဲ့သည်။

ယခုတစ်ကြိမ်တွင် ဒုတိယသမ္မတလောင်းအဖြစ် အမျိုးသားလွှတ်တော်မှ မည်သူ့ကိုတင်သွင်းမည် မသိရသေး ပေ။ တိုင်းရင်းသားများထဲမှ ရွေးချယ် မည်လောဟု စဉ်းစားကြည့်မည်ဆိုလျှင် အမျိုးသား လွှတ်တော်နေရာ ပါဝင်ယှဉ် ပြိုင်သည့် ဒေါက်တာ အေးမောင်၊ ဦးစိုင်းအိုက်ပေါင်းတို့မှာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ထားသည်။ သို့သော် ဝါရင့် နိုင်ငံရေးသမား ဒေါက်တာ တူးဂျာ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ စသည်ဖြင့် တိုင်းရင်းသားထဲက ထင်ရှားသူအချို့မှာ ရွေးကောက်ပွဲ နိုင်ထားသည်။ သို့မဟုတ်ပါက အခြား သူများကို သမ္မတလောင်းအဖြစ် တင်မည်လောဆိုသည့် ဘက်က စဉ်းစားလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်လင်းဒွေး၊ ဦးမြင့်ကြိုင်၊ ဦးလှသိန်း၊ ဦးတင်ဦးလွင် စသည်ဖြင့် ထင်ရှားသူများလည်း ရွေးကောက် ပွဲအနိုင် ရရှိထားသည်။ သို့သော် စောင့်ကြည့်ရမည့် အနေအထားဖြစ်ပြီး နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်များပင်လျှင် အမျိုးသား လွှတ်တော်မှ တင်မည့် သမ္မတလောင်း မည်သူဖြစ်မည်နည်းဆိုသော အချက် ကို အကဲခတ်နေကြကြောင်း သိရသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဘက်က တင်သွင်းမည့် သမ္မတလောင်း သည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပထမအကြိမ် အစိုးရကာလက သီဟသူရ ဦးတင်အောင်မြင့်ဦးကို သမ္မတလောင်းအဖြစ် တင်ခဲ့ပြီး NLD အစိုးရလက်ထက်တွင် ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခဲ့သော ယာယီသမ္မတ ဦးမြင့်ဆွေကို သမ္မတ လောင်းအဖြစ် တင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် တင်မည့်သမ္မတ လောင်းမှာ စောင့်ကြည့်ရမည့်အနေအထားဖြစ်ပြီး ယင်းမှာ မှန်းရခက်ခဲ လှသောကြောင့် မသိကိန်းအဖြစ် သမ္မတ ရွေးချယ်ရေးအဆင့် မတိုင်မီအချိန်အထိ ရှိနေလိမ့်မည် ဖြစ်သည်။ ပြည်သူ့လွှတ်တော်အစုအဖွဲ့နှင့်အမျိုးသား လွှတ်တော်အစုအဖွဲ့ထက် တပ်မတော်သားအစုအဖွဲ့မှ တင်သွင်း မည့် သမ္မတလောင်းသည် လူအများစိတ်ဝင်စားနေသည့် ကိစ္စဖြစ်သော်လည်း နိုင်ငံရေးမှာမှန်းဆရခက်သည် ဖြစ်သောကြောင့် သမ္မတလောင်း အမည်စာရင်း ထွက်ပေါ်လာမှသာလျှင် အဖြေထွက်ပေတော့မည်။

ပြည်ထောင်စုလွှတ်တော် သို့မဟုတ် အရေးပါသည့် (၂၉၄) မဲသမ္မတလောင်း သုံးဦးထွက်ပြီးသည့်နောက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၅၈၆) ဦး ရှိသည့် ပြည်ထောင်စု လွှတ်တော်တွင် သမ္မတ၊ ဒုတိယ သမ္မတ (၁) နှင့် ဒုတိယ သမ္မတ (၂) ကို ဆက်လက်ရွေးချယ်ကြမည် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် နှစ်ရပ်ပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၂၀) ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၆၆) ဦးရှိမည်ဖြစ်ကာ သမ္မတနေရာအတွက် မဲအားလုံး၏ ခိုင်လုံမဲ (၂၉၄) မဲလိုအပ်မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် (၃၃၉) ဦး ပါဝင်မည်ဖြစ်သည်။ သေချာသည်က လက်ရှိအနေ အထားအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း အများစုရထားသည့် အနေအထားတွင် အစိုးရလွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်မည်ဖြစ်သောကြောင့် ညွန့်ပေါင်းအစိုးရ တစ်ရပ် ပေါ်ပေါက်လာနိုင်ဖွယ် မရှိပေ။

ဒုတိယသမ္မတလောင်း သုံးဦးအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မိမိတို့တင်သော ဒုတိယ သမ္မတ လောင်းကိုသာ မဲပေးကြမည်ဆိုလျှင် ပြည်သူ့ လွှတ်တော်မှ တင်သော ဒုတိယသမ္မတလောင်းသည် သေချာပေါက် သမ္မတ ဖြစ်လာပေလိမ့်မည်။ သို့မ ဟုတ် တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်းခြင်းမျိုးရှိခဲ့လျှင် မူ အစုအဖွဲ့(၃)ခုမှ တင်သွင်းလာသည့် ဒုတိယ သမ္မတလောင်း သုံးဦးအနက် တစ်ဦးဦးသည် သမ္မတအဖြစ်ကိုရောက်လိမ့်မည်ဖြစ်သည်။ ယင်းမှာ မှန်းဆရခက် သော အခြေအနေ ဖြစ်သည်။

မကြာမီအဖြေထွက်ပေလိမ့်မည်။ သေချာသည်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များမှ မဲ ပေးရွေး ကောက် တင်မြှောက်မည့် သမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိနှင့်အနာဂတ်ကံကြမ္မာကို ပဲ့ကိုင်ရမည် ဖြစ်ပေသည်။

zawgyi version

ေ႐ြးေကာက္ပြဲ အလြန္ သမၼတ ရွာပုံေတာ္

သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီလ ၃

(၂၀၂၅ - ၂၀၂၆) ပါတီစုံအေထြေထြေ႐ြး ေကာက္ပြဲႀကီးသည္ အပိုင္း (၃)ပိုင္းျဖင့္ က်င္းပၿပီးစီး သြားခဲ့ၿပီျဖစ္သည္။ ေ႐ြးေကာက္ပြဲ ပထမပိုင္းအျဖစ္ ၿမိဳ႕နယ္ေပါင္း (၁၀၂) ၿမိဳ႕နယ္၊ ဒုတိယပိုင္းအျဖစ္ ၿမိဳ႕နယ္ေပါင္း (၁၀ဝ) ႏွင့္ တတိယ ပိုင္းအျဖစ္ ၿမိဳ႕နယ္ ေပါင္း (၆၁) ၿမိဳ႕နယ္၌ ေ႐ြးေကာက္ပြဲ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
မဲဆႏၵနယ္မ်ားအေနျဖင့္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္(၂၆၃) နယ္၊ အမ်ိဳးသားလႊတ္ေတာ္မဲ အမ်ားဆုံးရသူ အႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ (၇၃) နယ္၊ အမ်ိဳးသားလႊတ္ေတာ္ PR မဲဆႏၵနယ္ (၂၆) နယ္၊ တိုင္းေဒသႀကီး လႊတ္ ေတာ္(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ (၂၅၅) နယ္၊ တိုင္းေဒသႀကီး လႊတ္ေတာ္(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ PR မဲဆႏၵနယ္ (၄၂) နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ (သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ တိုင္းရင္း သားလူမ်ိဳး မဲဆႏၵနယ္ (၂၉) နယ္တို႔ကို ေ႐ြးခ်ယ္ခဲ့ ျခင္းျဖစ္သည္။

ေ႐ြးေကာက္ပြဲအၿပီး ထြက္ေပၚလာေသာ ရလဒ္မ်ားအရ တစ္ႏိုင္ငံလုံး ယွဥ္ၿပိဳင္သည့္ႏိုင္ငံေရး ပါတီမ်ားအနက္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီက ျပည္သူ႔လႊတ္ေတာ္တြင္ (၂၃၁) ဦး၊ အမ်ိဳးသားလႊတ္ေတာ္တြင္ (၁၀၈) ဦးအထိ ရရွိကာ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း (၃၃၉) ဦးအထိ အျမင့္ဆုံးႏွင့္ အျပတ္အသတ္ အႏိုင္ရရွိထားသည္။ က်န္ (၅) ပါတီတြင္ အထက္ပါလႊတ္ေတာ္ ႏွစ္ရပ္ေပါင္းအတြက္ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီက (၂၀) ဦး၊ ရွမ္းႏွင့္တိုင္း ရင္းသားမ်ား ဒီမိုကရက္တစ္ပါတီက (၈) ဦး၊ ျပည္သူ႔ပါတီက (၅) ဦး၊ ျပည္သူ႔ေရွ႕ ေဆာင္ပါတီက (၁) ဦးႏွင့္ ျမန္မာႏိုင္ငံ ေတာင္သူ လယ္သမားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက လုံးဝအႏိုင္ရ ရွိခဲ့ျခင္းမရွိေပ။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ေ႐ြးေကာက္ပြဲဝင္ၾကသည့္ပါတီမ်ားအနက္ ျပည္သူ႔လႊတ္ ေတာ္ႏွင့္အမ်ိဳး သားလႊတ္ေတာ္ ႏွစ္ရပ္ေပါင္းတြင္ မြန္ညီၫြတ္ေရးပါတီက ကိုယ္စားလွယ္ (၁၀)ဦးအထိ ရရွိကာ ဒုတိယ အျမင့္ဆုံး ျဖစ္ခဲ့သည္။

ယခု ေ႐ြးေကာက္ပြဲတြင္ ထင္ရွားသူမ်ားလည္း ရႈံးနိမ့္ခဲ့ေၾကာင္း ေတြ႕ျမင္ရၿပီး ယင္းထဲတြင္ ျပည္သူ႔ ပါတီ ဥကၠ႒ ဦးကိုကိုႀကီး၊ ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးစိုင္းအိုက္ေပါင္း၊ ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာ ေအးေမာင္၊ တစ္သီးပုဂၢလ ေဒၚစႏၵာမင္းတို႔ ပါဝင္သည္။ ထို႔ေၾကာင့္ လာမည့္မတ္လအတြင္း ျပဳလုပ္မည့္ လႊတ္ေတာ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ ေတာ္ကိုယ္စားလွယ္အမ်ားဆုံးျဖင့္ တက္ေရာက္ရ ေတာ့မည္ျဖစ္သည့္အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အႏိုင္ရရွိမႈအေနအထားအရ အာဏာရပါတီဟု ပီပီျပင္ျပင္ ေျပာႏိုင္ေသာအေျခအေန ျဖစ္သည္။

ေ႐ြးေကာက္ပြဲအၿပီးတြင္ အာဏာရပါတီကို လည္း သိရၿပီျဖစ္သည္။ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းအသစ္တြင္ ျမင္ရမည့္၊ ျမန္မာႏိုင္ငံကို ဦးေဆာင္မည့္သမၼတက မည္သူျဖစ္လာမည္နည္း ဆိုေသာအခ်က္ကို ယခင္သမိုင္းမ်ားႏွင့္ လက္ရွိ ႏိုင္ငံ ေရးအေျခအေနအရ ႏႈိင္းယွဥ္စဥ္းစားႏိုင္မည့္ အခ်က္မ်ားလည္း ထြက္ေပၚခဲ့ၿပီ ျဖစ္သည္။
ျပည္သူ႔လႊတ္ေတာ္ သို႔မဟုတ္ ပါဝါစုေနေသာ ေနရာ

ယခု ေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔ လႊတ္ေတာ္အတြက္ (၂၆၃) ေနရာရွိသည့္အနက္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ ၿဖိဳးေရးပါတီက (၂၃၁) ေနရာအထိ ႏိုင္ခဲ့ျခင္းျဖစ္သည္။ လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္မ်ားသည္ ယင္းလႊတ္ ေတာ္သည္ (၂၀၁၀) ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲမွစတင္ကာ ျမန္မာႏိုင္ငံ၏သမိုင္းတစ္ ေလွ်ာက္တြင္ သမၼတမ်ားသည္ ျပည္သူ႔လႊတ္ေတာ္ မွသာ ထြက္ေပၚခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။

ယခု ေ႐ြးေကာက္ပြဲ၏ထူးျခားခ်က္မွာ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ ဦးညိဳ ေစာႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီတို႔သည္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ အႏိုင္ရခဲ့ၾက ျခင္းျဖစ္သည္။ အာဏာရ ပါတီဥကၠ႒ကသမၼတ ျဖစ္ေလ့ရွိသည့္အတြက္ ဦးခင္ရီက ျပည္ေထာင္စုလႊတ္ ေတာ္မွတင္ သြင္းေသာ သမၼတေလာင္း ျဖစ္လာမည္ေလာဆိုသည့္အခ်က္မွာ စိတ္ဝင္စားဖြယ္ေကာင္းသည္။

သို႔ေသာ္ ဦးခင္ရီက ဘီဘီစီသတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ သမၼတေနရာအတြက္ ေမွ်ာ္မွန္းထားျခင္း မရွိေၾကာင္း ေျဖၾကားထားသည္။ “ကြၽန္ေတာ္တို႔ ဒီလိုေတာ့ ေမွ်ာ္မွန္းထားတာမရွိပါဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံ ရဲ႕စနစ္က လည္း အဲဒီလိုမဟုတ္ဘူးေလ။ ကြၽန္ေတာ္တို႔ႏိုင္ငံက အႏိုင္ရလို႔ရွိရင္ ပထမလႊတ္ေတာ္ေတြ စဖြဲ႕စည္းမယ္။ လႊတ္ေတာ္မွာ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ေတြေ႐ြးမယ္။ ၿပီးေတာ့မွ သမၼတ ေ႐ြးခ်ယ္ေရးအဖြဲ႕ ေတြရွိ တယ္ေလ။ ျပည္သူ႔လႊတ္ေတာ္ဘက္က၊ အမ်ိဳးသားလႊတ္ေတာ္ ဘက္က ၊ တပ္မေတာ္ဘက္က အဲဒီအစုအဖြဲ႕ သုံးခုက ေ႐ြးတာေပါ့။ ကြၽန္ေတာ္တို႔နဲ႔တပ္မေတာ္နဲ႔ညႇိႏႈိင္းတာ ဘာမွမရွိပါဘူး။ ေ႐ြးခ်ယ္ေရးကလည္း ဖြဲ႕စည္းပုံ အေျခခံ ဥပေဒမွာပါတဲ့အတိုင္းသြားမွာပဲ” ဟု ေျဖထား ျခင္းျဖစ္သည္။
အမ်ိဳးသားလႊတ္ေတာ္ သို႔မဟုတ္ တိုင္းရင္းသား ဒုတိယသမၼတ ထြက္ေပၚတတ္ေသာ ေနရာ
အမ်ိဳးသားလႊတ္ေတာ္တြင္ (၁၅၇) ေနရာရွိ သည့္အနက္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရး ပါတီက (၁၀၈) ေနရာအထိ အႏိုင္ရရွိထားသည္။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕မွ ဒုတိယသမၼတေလာင္း တင္သြင္းရာ တြင္ ယခင္ အစိုးရ ႏွစ္ဆက္အနက္ ဦးသိန္းစိန္အစိုးရလက္ ထက္တြင္ ရွမ္းတိုင္းရင္းသား ဒုတိယသမၼတ ေဒါက္တာ စိုင္းေမာက္ခမ္းကိုတင္သြင္းခဲ့ၿပီး NLD လက္ထက္တြင္ ခ်င္းတိုင္းရင္းသား ဦးဟင္နရီ ဗန္ထီးယူကို တင္သြင္းခဲ့သည္။

ယခုတစ္ႀကိမ္တြင္ ဒုတိယသမၼတေလာင္းအျဖစ္ အမ်ိဳးသားလႊတ္ေတာ္မွ မည္သူ႔ကိုတင္သြင္းမည္ မသိရေသး ေပ။ တိုင္းရင္းသားမ်ားထဲမွ ေ႐ြးခ်ယ္ မည္ေလာဟု စဥ္းစားၾကည့္မည္ဆိုလွ်င္ အမ်ိဳးသား လႊတ္ေတာ္ေနရာ ပါဝင္ယွဥ္ ၿပိဳင္သည့္ ေဒါက္တာ ေအးေမာင္၊ ဦးစိုင္းအိုက္ေပါင္းတို႔မွာ ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ထားသည္။ သို႔ေသာ္ ဝါရင့္ ႏိုင္ငံေရးသမား ေဒါက္တာ တူးဂ်ာ၊ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံ ေရးေကာင္စီ၏ ဗဟိုအႀကံေပးအဖြဲ႕ဝင္ ေဒၚဒြဲဘူ စသည္ျဖင့္ တိုင္းရင္းသားထဲက ထင္ရွားသူအခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲ ႏိုင္ထားသည္။ သို႔မဟုတ္ပါက အျခား သူမ်ားကို သမၼတေလာင္းအျဖစ္ တင္မည္ေလာဆိုသည့္ ဘက္က စဥ္းစားလွ်င္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးေအာင္လင္းေဒြး၊ ဦးျမင့္ႀကိဳင္၊ ဦးလွသိန္း၊ ဦးတင္ဦးလြင္ စသည္ျဖင့္ ထင္ရွားသူမ်ားလည္း ေ႐ြးေကာက္ ပြဲအႏိုင္ ရရွိထားသည္။ သို႔ေသာ္ ေစာင့္ၾကည့္ရမည့္ အေနအထားျဖစ္ၿပီး ႏိုင္ငံေရး ေလာကမွ ပုဂၢိဳလ္မ်ားပင္လွ်င္ အမ်ိဳးသား လႊတ္ေတာ္မွ တင္မည့္ သမၼတေလာင္း မည္သူျဖစ္မည္နည္းဆိုေသာ အခ်က္ ကို အကဲခတ္ေနၾကေၾကာင္း သိရသည္။

တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္

တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႕ဘက္က တင္သြင္းမည့္ သမၼတေလာင္း သည္လည္း စိတ္ဝင္စားဖြယ္ျဖစ္သည္။ ပထမအႀကိမ္ အစိုးရကာလက သီဟသူရ ဦးတင္ေအာင္ျမင့္ဦးကို သမၼတေလာင္းအျဖစ္ တင္ခဲ့ၿပီး NLD အစိုးရလက္ထက္တြင္ ၿပီးခဲ့သည့္ႏွစ္က ကြယ္လြန္သြားခဲ့ေသာ ယာယီသမၼတ ဦးျမင့္ေဆြကို သမၼတ ေလာင္းအျဖစ္ တင္ခဲ့သည္။ ယခုတစ္ႀကိမ္တြင္ တင္မည့္သမၼတ ေလာင္းမွာ ေစာင့္ၾကည့္ရမည့္အေနအထားျဖစ္ၿပီး ယင္းမွာ မွန္းရခက္ခဲ လွေသာေၾကာင့္ မသိကိန္းအျဖစ္ သမၼတ ေ႐ြးခ်ယ္ေရးအဆင့္ မတိုင္မီအခ်ိန္အထိ ရွိေနလိမ့္မည္ ျဖစ္သည္။ ျပည္သူ႔လႊတ္ေတာ္အစုအဖြဲ႕ႏွင့္အမ်ိဳးသား လႊတ္ေတာ္အစုအဖြဲ႕ထက္ တပ္မေတာ္သားအစုအဖြဲ႕မွ တင္သြင္း မည့္ သမၼတေလာင္းသည္ လူအမ်ားစိတ္ဝင္စားေနသည့္ ကိစၥျဖစ္ေသာ္လည္း ႏိုင္ငံေရးမွာမွန္းဆရခက္သည္ ျဖစ္ေသာေၾကာင့္ သမၼတေလာင္း အမည္စာရင္း ထြက္ေပၚလာမွသာလွ်င္ အေျဖထြက္ေပေတာ့မည္။

ျပည္ေထာင္စုလႊတ္ေတာ္ သို႔မဟုတ္ အေရးပါသည့္ (၂၉၄) မဲသမၼတေလာင္း သုံးဦးထြက္ၿပီးသည့္ေနာက္တြင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္၊ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ (၅၈၆) ဦး ရွိသည့္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ သမၼတ၊ ဒုတိယ သမၼတ (၁) ႏွင့္ ဒုတိယ သမၼတ (၂) ကို ဆက္လက္ေ႐ြးခ်ယ္ၾကမည္ ျဖစ္သည္။ ျပည္ေထာင္စု လႊတ္ေတာ္တြင္ လႊတ္ေတာ္ ႏွစ္ရပ္ေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ (၄၂၀) ဦး၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ (၁၆၆) ဦးရွိမည္ျဖစ္ကာ သမၼတေနရာအတြက္ မဲအားလုံး၏ ခိုင္လုံမဲ (၂၉၄) မဲလိုအပ္မည္ျဖစ္သည္။ ျပည္ေထာင္စု လႊတ္ေတာ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳး ေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ (၃၃၉) ဦး ပါဝင္မည္ျဖစ္သည္။ ေသခ်ာသည္က လက္ရွိအေန အထားအရ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ေလာင္း အမ်ားစုရထားသည့္ အေနအထားတြင္ အစိုးရလြတ္လြတ္ကြၽတ္ကြၽတ္ ဖြဲ႕ႏိုင္မည္ျဖစ္ေသာေၾကာင့္ ၫြန႔္ေပါင္းအစိုးရ တစ္ရပ္ ေပၚေပါက္လာႏိုင္ဖြယ္ မရွိေပ။

ဒုတိယသမၼတေလာင္း သုံးဦးအတြက္ သက္ဆိုင္ရာ လႊတ္ေတာ္အလိုက္ မိမိတို႔တင္ေသာ ဒုတိယ သမၼတ ေလာင္းကိုသာ မဲေပးၾကမည္ဆိုလွ်င္ ျပည္သူ႔ လႊတ္ေတာ္မွ တင္ေသာ ဒုတိယသမၼတေလာင္းသည္ ေသခ်ာေပါက္ သမၼတ ျဖစ္လာေပလိမ့္မည္။ သို႔မ ဟုတ္ တစ္စုံတစ္ရာ ေဆြးေႏြးညႇိႏႈိင္းျခင္းမ်ိဳးရွိခဲ့လွ်င္ မူ အစုအဖြဲ႕(၃)ခုမွ တင္သြင္းလာသည့္ ဒုတိယ သမၼတေလာင္း သုံးဦးအနက္ တစ္ဦးဦးသည္ သမၼတအျဖစ္ကိုေရာက္လိမ့္မည္ျဖစ္သည္။ ယင္းမွာ မွန္းဆရခက္ ေသာ အေျခအေန ျဖစ္သည္။

မၾကာမီအေျဖထြက္ေပလိမ့္မည္။ ေသခ်ာသည္က ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွ မဲ ေပးေ႐ြး ေကာက္ တင္ေျမႇာက္မည့္ သမၼတသည္ ျမန္မာႏိုင္ငံ၏ လက္ရွိႏွင့္အနာဂတ္ကံၾကမၼာကို ပဲ့ကိုင္ရမည္ ျဖစ္ေပသည္။

Related news

© 2021. All rights reserved.