လွှတ်တော်ပြင်ပမှနေ၍ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုထောက်ပြမှုများ ဆက်လုပ်သွားမည်ဟု ဦးကိုကိုကြီးပြော

 312

Pearl (NP News) - ဖေဖော်ဝါရီလ ၃

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ရသဖြင့် လွှတ်တော်အမတ်မဖြစ်ခဲ့ရသော်လည်း လွှတ်တော်ပြင်ပမှနေ၍ နိုင်ငံ ပြုပြင် ပြောင်းလဲရေးအတွက် အကြံပြုထောက်ပြမှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက NP News သို့ ပြောသည်။
ပြီးခဲ့သောကာလများအတွင်း နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် NSPNC အဖွဲ့တို့ကြား အခြေခံဥပဒေ (၂၀ဝ၈) ခုနှစ်ပါ ပုဒ်မ(၄၃)ချက်ကို ပြင်ဆင်ရန်သဘောတူထားပြီး ပြည်သူ့ပါတီအနေဖြင့် အနိုင်ရရှိထားသည့် ကိုယ်စားလှယ် လောင်းများက ပါတီ၏ သဘောထား၊ အကြံပြုချက်များ၊ လွှတ်တော်အတွင်း အသေးစိတ်ဆက်လက်ဆွေးနွေးရန် ပြုစု ထားသည့်ပုဒ်မများအတွက် ဆက်လက် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးကပြောသည်။
“ဖွဲ့စည်းပုံပြင်ဆင်ရေးကတော့ လွှတ်တော်ထဲမှာလုပ်ရမှာဆိုတော့ ရွေးကောက်ခံကိုယ်စား လှယ်တွေရဲ့ တာဝန်က အဓိကဖြစ်သွားပြီ။ နိုင်ငံရေး သမားဆိုတာတော့ လွှတ်တော်တွင်းပဲဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပပဲဖြစ်ဖြစ် သူရဲ့ အမြင် သဘောထားတွေ၊ အကြံပြုဝေဖန်ချက်တွေကတော့ ပြောဆိုထောက်ပြတာတွေ အကြံပေးတာတွေ လုပ်နေရ တာပဲ။ ကျွန်တော်တို့ပါတီကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်အနိုင်ရထားတာတွေရှိတယ်။ သူတို့က ပါတီကိုယ်စားပြု ပြီးတော့ ပါတီရဲ့သဘောထားအကြံပြုချက်တွေကို ဆက်ပြီးတော့ ဖော်ဆောင်သွားမှာပါ”ဟုပြောသည်။
ဦးကိုကိုကြီးအနေဖြင့် ၎င်းအနေဖြင့် အတွေ့အကြုံများစွာ၊ စိန်ခေါ်မှုများစွာ ရင်ဆိုင်ဖြတ်သန်း ခဲ့ပြီးဖြစ်ကာ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကောင်းဆုံး အကြံပြု ထောက်ပြမှုများကို ဆက် လက်ဆောင်ရွက်သွားဖြစ်ကြောင်းလည်းပြောသည်။
“ရွေးကောက်ပွဲ ကျင်းပရတဲ့ကာလမှာရှိတဲ့ ပြည်သူလူထုရဲ့စိတ်ခံစားမှု၊ ဆုံးဖြတ်ချက်၊ ရွေးချယ်မှု အဲဒါတွေ အားလုံးက ရလဒ်အပေါ်မှာသက်ရောက်တာ ပေါ့။ ကျန်တာကတော့ ရွေးကောက်ပွဲကျင်းပတဲ့အ ချိန်မှာရှိတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ယန္တရားပေါ့နော်၊ စနစ်ပေါ့နော်။ အဲဒါတွေအားလုံးပေါ်မှာ ထင်ဟပ်နေ တာပေါ့နော်။ ဘာပဲပြောပြော နိုင်ငံရေးရဲ့ သဘောသ ဘာဝကတော့ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်က စဉ်ဆက်မပြတ် ကြိုးစားနေရမှာပါပဲ။ ကျွန်တော့် အနေနဲ့လည်း စဉ်ဆက်မပြတ်ကြိုးစားသွားမယ်။ အနှစ်(၄၀)နီးပါး ကျွန်တော်တို့ အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးတော့ တကယ်တော့ ကျွန်တော်တို့အသက်အရွယ်ကတော့ လူကြီးပိုင်း ရောက်လာပြီ။ ပိုပြီးတော့လည်း တည်ငြိမ် ရင့်ကျက်တဲ့ကာလတစ်ခုကို ရောက်လာပြီဆိုတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး အကြံ ပြုထောက်ပြတာတွေဆက်လုပ်သွားမှာပါ”ဟု ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးကိုကိုကြီးအနေဖြင့်လည်း ကနဦးထွက်ပေါ်လာသည့်သတင်းများအရ မဲရလဒ်မှာ ဒုတိယ နေရာသာရသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ(၂၈)ရက်အထိ UEC မှ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ထို့ပြင် ရွေးကောက်ပွဲအပြီး ကနဦးအနေဖြင့် ပြည်သူ့ပါတီမှ မကွေးတိုင်းဒေသကြီးနှင့် စစ် ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်နေရာနှင့် စစ်ကိုင်းတိုင်းတွင် အမျိုးသားလွှတ် တော်အတွက် (၁)နေရာ အနိုင်ရရှိထား ကြောင်းလည်း သိရသည်။

zawgyi version

လႊတ္ေတာ္ျပင္ပမွေန၍ ႏိုင္ငံျပဳျပင္ေျပာင္းလဲေရးအတြက္ အႀကံျပဳေထာက္ျပမႈမ်ား ဆက္လုပ္သြားမည္ဟု ဦးကိုကိုႀကီးေျပာ

Pearl (NP News) - ေဖေဖာ္ဝါရီလ ၃

ေ႐ြးေကာက္ပြဲရႈံးနိမ့္ခဲ့ရသျဖင့္ လႊတ္ေတာ္အမတ္မျဖစ္ခဲ့ရေသာ္လည္း လႊတ္ေတာ္ျပင္ပမွေန၍ ႏိုင္ငံ ျပဳျပင္ ေျပာင္းလဲေရးအတြက္ အႀကံျပဳေထာက္ျပမႈမ်ား ဆက္လုပ္သြားမည္ျဖစ္ေၾကာင္း ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးက NP News သို႔ ေျပာသည္။
ၿပီးခဲ့ေသာကာလမ်ားအတြင္း ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ႏွင့္ NSPNC အဖြဲ႕တို႔ၾကား အေျခခံဥပေဒ (၂၀ဝ၈) ခုႏွစ္ပါ ပုဒ္မ(၄၃)ခ်က္ကို ျပင္ဆင္ရန္သေဘာတူထားၿပီး ျပည္သူ႔ပါတီအေနျဖင့္ အႏိုင္ရရွိထားသည့္ ကိုယ္စားလွယ္ ေလာင္းမ်ားက ပါတီ၏ သေဘာထား၊ အႀကံျပဳခ်က္မ်ား၊ လႊတ္ေတာ္အတြင္း အေသးစိတ္ဆက္လက္ေဆြးေႏြးရန္ ျပဳစု ထားသည့္ပုဒ္မမ်ားအတြက္ ဆက္လက္ ေဖာ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း ဦးကိုကိုႀကီးကေျပာသည္။
“ဖြဲ႕စည္းပုံျပင္ဆင္ေရးကေတာ့ လႊတ္ေတာ္ထဲမွာလုပ္ရမွာဆိုေတာ့ ေ႐ြးေကာက္ခံကိုယ္စား လွယ္ေတြရဲ႕ တာဝန္က အဓိကျဖစ္သြားၿပီ။ ႏိုင္ငံေရး သမားဆိုတာေတာ့ လႊတ္ေတာ္တြင္းပဲျဖစ္ျဖစ္၊ လႊတ္ေတာ္ျပင္ပပဲျဖစ္ျဖစ္ သူရဲ႕ အျမင္ သေဘာထားေတြ၊ အႀကံျပဳေဝဖန္ခ်က္ေတြကေတာ့ ေျပာဆိုေထာက္ျပတာေတြ အႀကံေပးတာေတြ လုပ္ေနရ တာပဲ။ ကြၽန္ေတာ္တို႔ပါတီကလည္းပဲ လႊတ္ေတာ္ကိုယ္စားလွယ္အႏိုင္ရထားတာေတြရွိတယ္။ သူတို႔က ပါတီကိုယ္စားျပဳ ၿပီးေတာ့ ပါတီရဲ႕သေဘာထားအႀကံျပဳခ်က္ေတြကို ဆက္ၿပီးေတာ့ ေဖာ္ေဆာင္သြားမွာပါ”ဟုေျပာသည္။
ဦးကိုကိုႀကီးအေနျဖင့္ ၎အေနျဖင့္ အေတြ႕အႀကဳံမ်ားစြာ၊ စိန္ေခၚမႈမ်ားစြာ ရင္ဆိုင္ျဖတ္သန္း ခဲ့ၿပီးျဖစ္ကာ ႏိုင္ငံျပဳျပင္ေျပာင္းလဲေရးအတြက္ စဥ္ဆက္မျပတ္ ႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အေကာင္းဆုံး အႀကံျပဳ ေထာက္ျပမႈမ်ားကို ဆက္ လက္ေဆာင္႐ြက္သြားျဖစ္ေၾကာင္းလည္းေျပာသည္။
“ေ႐ြးေကာက္ပြဲ က်င္းပရတဲ့ကာလမွာရွိတဲ့ ျပည္သူလူထုရဲ႕စိတ္ခံစားမႈ၊ ဆုံးျဖတ္ခ်က္၊ ေ႐ြးခ်ယ္မႈ အဲဒါေတြ အားလုံးက ရလဒ္အေပၚမွာသက္ေရာက္တာ ေပါ့။ က်န္တာကေတာ့ ေ႐ြးေကာက္ပြဲက်င္းပတဲ့အ ခ်ိန္မွာရွိတဲ့ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး ယႏၲရားေပါ့ေနာ္၊ စနစ္ေပါ့ေနာ္။ အဲဒါေတြအားလုံးေပၚမွာ ထင္ဟပ္ေန တာေပါ့ေနာ္။ ဘာပဲေျပာေျပာ ႏိုင္ငံေရးရဲ႕ သေဘာသ ဘာဝကေတာ့ ႏိုင္ငံျပဳျပင္ေျပာင္းလဲေရးအတြက္က စဥ္ဆက္မျပတ္ ႀကိဳးစားေနရမွာပါပဲ။ ကြၽန္ေတာ့္ အေနနဲ႔လည္း စဥ္ဆက္မျပတ္ႀကိဳးစားသြားမယ္။ အႏွစ္(၄၀)နီးပါး ကြၽန္ေတာ္တို႔ အခက္အခဲအမ်ိဳးမ်ိဳး၊ စိန္ေခၚမႈအမ်ိဳးမ်ိဳး ရင္ဆိုင္ျဖတ္သန္းခဲ့ၿပီးေတာ့ တကယ္ေတာ့ ကြၽန္ေတာ္တို႔အသက္အ႐ြယ္ကေတာ့ လူႀကီးပိုင္း ေရာက္လာၿပီ။ ပိုၿပီးေတာ့လည္း တည္ၿငိမ္ ရင့္က်က္တဲ့ကာလတစ္ခုကို ေရာက္လာၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံး၊ အေကာင္းဆုံး အႀကံ ျပဳေထာက္ျပတာေတြဆက္လုပ္သြားမွာပါ”ဟု ေျပာသည္။
ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ရန္ကုန္တိုင္းေဒသႀကီး၊ လမ္းမေတာ္မဲဆႏၵနယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ဦးကိုကိုႀကီးအေနျဖင့္လည္း ကနဦးထြက္ေပၚလာသည့္သတင္းမ်ားအရ မဲရလဒ္မွာ ဒုတိယ ေနရာသာရေသာ္လည္း ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၈)ရက္အထိ UEC မွ တရားဝင္ သတင္းထုတ္ျပန္ျခင္းမရွိေသးေပ။
ထို႔ျပင္ ေ႐ြးေကာက္ပြဲအၿပီး ကနဦးအေနျဖင့္ ျပည္သူ႔ပါတီမွ မေကြးတိုင္းေဒသႀကီးႏွင့္ စစ္ ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ေနရာႏွင့္ စစ္ကိုင္းတိုင္းတြင္ အမ်ိဳးသားလႊတ္ ေတာ္အတြက္ (၁)ေနရာ အႏိုင္ရရွိထား ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.