အခမဲ့ ပို့ဆောင်ပေးသောကားများရှိနေသဖြင့် မိုးကုတ်သို့ မြို့ခံ (၃၀) ရာခိုင်နှုန်းကျော် ပြန်လည်ဝင်ရောက်နေ

 192

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၃

တပ်မတော်ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ပတ္တမြားမြေ မိုးကုတ်မြို့သို့ ပြန်ဝင်မည့် ဒေသခံများကို အခမဲ့ပို့ ဆောင်ပေးသည့် ကားများလည်း ရှိရာ မြို့ခံ (၃၀) ရာခိုင်နှုန်းကျော် ပြန်လည်ဝင်ရောက် နေပြီဖြစ်ကြောင်း ဒေသခံများထံ NP News သို့ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့သို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများပြန်လည် ဝင် ရောက်နေပြီး အများစုမှာ အစိုးရဝန်ထမ်း အကြီးပိုင်း များဖြစ်ကြောင်း သိရသည်။
“သက်ဆိုင်ရာ အကြီးပိုင်းလောက်ပဲပြန်ဝင် သေးတာ။ ရုံးတွေကတော့ ပြန်မဝင်သေးဘူး။ ပျက်စီးတာတွေ ဘာတွေနဲ့။ အကုန်ယူသွားတာ။ ဘာမှမရှိတော့ဘူး။ ခုတင်ကအစ TNLA ကယူ သွားတာ။ ဝန်ထမ်းတွေလည်း အလုပ်မလုပ်ရသေးဘူး။ အကုန်လုံး မိုးကုတ်ချမ်းသာကြည်ဘုရားမှာပဲ စုနေနေကြတာ။ ဝန်ထမ်းတွေအဲဒီမှာ စုထားပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
ထို့ပြင် မြို့တွင်းပြန်လည်ဝင်ရောက်ရန် ငွေကြေးအခက်အခဲရှိသူများအား အခမဲ့ပြန်လည် ခေါ်ဆောင်ပေးသည့် ပရဟိတ အကျိုးဆောင်များ လည်းရှိရာ မြို့ခံ (၃၀) ရာခိုင်နှုန်းကျော်ပြန်လည်ဝင် ရောက်နေပြီဖြစ်ကြောင်းလည်း ၎င်း ကဆိုသည်။
“တချို့ကလည်း အလုပ်အကိုင်မရှိတော့ ပြန်ဝင်ကြ။ ကျောက်ဝိုင်းမှာပဲ ပြန်ရောင်းကြပေါ့။ တချို့ကလည်း မရောင်းဘဲ စုထားတာတွေ ရှိတယ်။ မန္တလေးကျောက်ဝိုင်းမှာ အရောင်းအဝယ်ပြန်လုပ် ကြတာပေါ့။ မိုးကုတ်ကိုတော့ တော်တော်များများ တော့ပြန်ကြတာပဲ။ အဲဒီမှာ ပြန်ဝင်တဲ့လူတွေကို အခမဲ့ ပြန်ဆွဲပေးတဲ့ကားတွေလည်းရှိတယ်။ အဲဒီ ကားတွေက အခမဲ့တင်ပြီး အစားအသောက်တောင် ကျွေးတယ် ပြောတယ်။ မိုးကုတ်မြို့ခံတွေက အဲဒီလိုပဲ အဆင်မပြေတဲ့လူတွေရှိရင် လှူကြတာလေ။ အဲဒီမှာ ခွေးဘီလူးတို့နဲ့လိုက်ကြတာလည်း ရှိတာပေါ့။ လမ်းမှာလည်း ထမင်းကျွေးတယ်။ အခုတော့ မြို့ရဲ့ (၃) ပုံ (၁) ပုံ (၃၀) ရာခိုင်နှုန်းကျော်တော့ ပြန်ဝင်နေ ပြီ”ဟု ၎င်းက ဆိုသည်။
သို့သော် မိုးကုတ်မြို့ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် TNLA မှ ယူနီဖောင်းပြောင်း PDF များကလည်း မြို့တွင်းပစ်ခတ်မှုများရှိနေသော ကြောင့် စိုးရိမ်ကာ ပြန်လည်မဝင်ရောက်သေးသည့် မြို့ခံများလည်းရှိနေသေးကြောင်း အထက်ပါ ဒေသခံကဆိုသည်။
“အခုက လှမ်းပစ်နေတာ။ တောတွေက ပတ်ပတ်လည်လေ။ TNLA ကမရှိတော့ဘူး ဆိုပေမယ့် ယူနီဖောင်း ပြောင်းပြီးပြန်ဝင်နေကြတယ်လို့ပြောကြတာပဲ။ PDF တွေကတော့ရှိတာပဲ။ ပြန်ဝင်မယ်ဆိုပြီးတော့လည်းပြောနေကြ တယ်။ အဲဒါကို စိုးရိမ်နေကြတာ။ တချို့လည်း ပြန်ဝင်ချင်ကြတယ်။ တချို့ကလည်း မပြန်ဝင်ကြဘူး။ ပြန်ပြီး ကျောက် ဝယ်ပြီးတော့မှ အဲဒီမှာ မြတ်ရင်လည်းပြန်ရောင်းပေါ့။ မရောင်းရင်လည်း မန္တလေးမှာပြန်ရောင်းပေါ့”ဟု ၎င်းက ပြောသည်။
မြောက်ပိုင်း (၃)ဖွဲ့က ဖော်ဆောင်ခဲ့သည့် (၁၀၂၇) စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့ကို TNLA နှင့် ပူးပေါင်း အဖွဲ့များက (၂၀၂၄) ခုနှစ် ဇူလိုင်လ (၂၄) ရက်တွင် ထိန်းချုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကြား ဝင်ညှိနှိုင်းမှုများကြောင့် (၂၀၂၅) ခုနှစ် နိုဝင်ဘာလ တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
TNLA အဖွဲ့ထိန်းချုပ်ခဲ့သည့် (၁) နှစ်ခွဲ ကာလတွင် မိုးကုတ်မြို့ရှိ သဘာဝသယံဇာတများစွာ ဆုံးရှုံးခဲ့ရကာ အစိုးရပိုင် အဆောက်အအုံများလည်း များစွာပျက်စီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် တပ်မတော် ပြန်လည်ထိန်း ချုပ်ထားသည့် မိုးကုတ်မြို့တွင် စစ်လွန်ကာလ ပြန်လည်ထူထောင်ရေးများလုပ် ဆောင်နေပြီး တပ်မတော်စစ်ကြောင်း များကလည်း မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း- မိုးကုတ်လမ်းကြောင်းတစ်လျှောက်ကို နယ်မြေရှင်းလင်းရေးများ လုပ် ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

zawgyi version

အခမဲ့ ပို႔ေဆာင္ေပးေသာကားမ်ားရွိေနသျဖင့္ မိုးကုတ္သို႔ ၿမိဳ႕ခံ (၃၀) ရာခိုင္ႏႈန္းေက်ာ္ ျပန္လည္ဝင္ေရာက္ေန

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၃

တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္သည့္ ပတၱျမားေျမ မိုးကုတ္ၿမိဳ႕သို႔ ျပန္ဝင္မည့္ ေဒသခံမ်ားကို အခမဲ့ပို႔ ေဆာင္ေပးသည့္ ကားမ်ားလည္း ရွိရာ ၿမိဳ႕ခံ (၃၀) ရာခိုင္ႏႈန္းေက်ာ္ ျပန္လည္ဝင္ေရာက္ ေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News သို႔ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕သို႔ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေဒသခံမ်ားျပန္လည္ ဝင္ ေရာက္ေနၿပီး အမ်ားစုမွာ အစိုးရဝန္ထမ္း အႀကီးပိုင္း မ်ားျဖစ္ေၾကာင္း သိရသည္။
“သက္ဆိုင္ရာ အႀကီးပိုင္းေလာက္ပဲျပန္ဝင္ ေသးတာ။ ႐ုံးေတြကေတာ့ ျပန္မဝင္ေသးဘူး။ ပ်က္စီးတာေတြ ဘာေတြနဲ႔။ အကုန္ယူသြားတာ။ ဘာမွမရွိေတာ့ဘူး။ ခုတင္ကအစ TNLA ကယူ သြားတာ။ ဝန္ထမ္းေတြလည္း အလုပ္မလုပ္ရေသးဘူး။ အကုန္လုံး မိုးကုတ္ခ်မ္းသာၾကည္ဘုရားမွာပဲ စုေနေနၾကတာ။ ဝန္ထမ္းေတြအဲဒီမွာ စုထားေပါ့” ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးကဆိုသည္။
ထို႔ျပင္ ၿမိဳ႕တြင္းျပန္လည္ဝင္ေရာက္ရန္ ေငြေၾကးအခက္အခဲရွိသူမ်ားအား အခမဲ့ျပန္လည္ ေခၚေဆာင္ေပးသည့္ ပရဟိတ အက်ိဳးေဆာင္မ်ား လည္းရွိရာ ၿမိဳ႕ခံ (၃၀) ရာခိုင္ႏႈန္းေက်ာ္ျပန္လည္ဝင္ ေရာက္ေနၿပီျဖစ္ေၾကာင္းလည္း ၎ ကဆိုသည္။
“တခ်ိဳ႕ကလည္း အလုပ္အကိုင္မရွိေတာ့ ျပန္ဝင္ၾက။ ေက်ာက္ဝိုင္းမွာပဲ ျပန္ေရာင္းၾကေပါ့။ တခ်ိဳ႕ကလည္း မေရာင္းဘဲ စုထားတာေတြ ရွိတယ္။ မႏၲေလးေက်ာက္ဝိုင္းမွာ အေရာင္းအဝယ္ျပန္လုပ္ ၾကတာေပါ့။ မိုးကုတ္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ား ေတာ့ျပန္ၾကတာပဲ။ အဲဒီမွာ ျပန္ဝင္တဲ့လူေတြကို အခမဲ့ ျပန္ဆြဲေပးတဲ့ကားေတြလည္းရွိတယ္။ အဲဒီ ကားေတြက အခမဲ့တင္ၿပီး အစားအေသာက္ေတာင္ ေကြၽးတယ္ ေျပာတယ္။ မိုးကုတ္ၿမိဳ႕ခံေတြက အဲဒီလိုပဲ အဆင္မေျပတဲ့လူေတြရွိရင္ လႉၾကတာေလ။ အဲဒီမွာ ေခြးဘီလူးတို႔နဲ႔လိုက္ၾကတာလည္း ရွိတာေပါ့။ လမ္းမွာလည္း ထမင္းေကြၽးတယ္။ အခုေတာ့ ၿမိဳ႕ရဲ႕ (၃) ပုံ (၁) ပုံ (၃၀) ရာခိုင္ႏႈန္းေက်ာ္ေတာ့ ျပန္ဝင္ေန ၿပီ”ဟု ၎က ဆိုသည္။
သို႔ေသာ္ မိုးကုတ္ၿမိဳ႕ဝန္းက်င္တြင္ က်န္ရွိေနေသးသည့္ TNLA မွ ယူနီေဖာင္းေျပာင္း PDF မ်ားကလည္း ၿမိဳ႕တြင္းပစ္ခတ္မႈမ်ားရွိေနေသာ ေၾကာင့္ စိုးရိမ္ကာ ျပန္လည္မဝင္ေရာက္ေသးသည့္ ၿမိဳ႕ခံမ်ားလည္းရွိေနေသးေၾကာင္း အထက္ပါ ေဒသခံကဆိုသည္။
“အခုက လွမ္းပစ္ေနတာ။ ေတာေတြက ပတ္ပတ္လည္ေလ။ TNLA ကမရွိေတာ့ဘူး ဆိုေပမယ့္ ယူနီေဖာင္း ေျပာင္းၿပီးျပန္ဝင္ေနၾကတယ္လို႔ေျပာၾကတာပဲ။ PDF ေတြကေတာ့ရွိတာပဲ။ ျပန္ဝင္မယ္ဆိုၿပီးေတာ့လည္းေျပာေနၾက တယ္။ အဲဒါကို စိုးရိမ္ေနၾကတာ။ တခ်ိဳ႕လည္း ျပန္ဝင္ခ်င္ၾကတယ္။ တခ်ိဳ႕ကလည္း မျပန္ဝင္ၾကဘူး။ ျပန္ၿပီး ေက်ာက္ ဝယ္ၿပီးေတာ့မွ အဲဒီမွာ ျမတ္ရင္လည္းျပန္ေရာင္းေပါ့။ မေရာင္းရင္လည္း မႏၲေလးမွာျပန္ေရာင္းေပါ့”ဟု ၎က ေျပာသည္။
ေျမာက္ပိုင္း (၃)ဖြဲ႕က ေဖာ္ေဆာင္ခဲ့သည့္ (၁၀၂၇) စစ္ဆင္ေရးအတြင္း မိုးကုတ္ၿမိဳ႕ကို TNLA ႏွင့္ ပူးေပါင္း အဖြဲ႕မ်ားက (၂၀၂၄) ခုႏွစ္ ဇူလိုင္လ (၂၄) ရက္တြင္ ထိန္းခ်ဳပ္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံ၏ ၾကား ဝင္ညႇိႏႈိင္းမႈမ်ားေၾကာင့္ (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာလ တြင္ တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
TNLA အဖြဲ႕ထိန္းခ်ဳပ္ခဲ့သည့္ (၁) ႏွစ္ခြဲ ကာလတြင္ မိုးကုတ္ၿမိဳ႕ရွိ သဘာဝသယံဇာတမ်ားစြာ ဆုံးရႈံးခဲ့ရကာ အစိုးရပိုင္ အေဆာက္အအုံမ်ားလည္း မ်ားစြာပ်က္စီးခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ တပ္မေတာ္ ျပန္လည္ထိန္း ခ်ဳပ္ထားသည့္ မိုးကုတ္ၿမိဳ႕တြင္ စစ္လြန္ကာလ ျပန္လည္ထူေထာင္ေရးမ်ားလုပ္ ေဆာင္ေနၿပီး တပ္မေတာ္စစ္ေၾကာင္း မ်ားကလည္း မတၱရာ-စဥ့္ကူး-သပိတ္က်င္း- မိုးကုတ္လမ္းေၾကာင္းတစ္ေလွ်ာက္ကို နယ္ေျမရွင္းလင္းေရးမ်ား လုပ္ ေဆာင္ထားၿပီးျဖစ္ေၾကာင္း သိရသည္။




လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)

Related news

© 2021. All rights reserved.