တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

 245

ပြည့်ဖြိုး (NP News) - ဖေဖော်ဝါရီလ ၃

ကမ္ဘာ့ရွှေဈေးကွက်အတွင်း စံချိန်တင်ဈေးနှုန်းများမြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးကွက်သည် စံချိန် တင်ဈေးနှုန်းများဖြစ်ပေါ်နေသည်။ ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၅၀၇၀)အထိ ပေါက်ဈေးရှိနေရာ ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် (၁၀၆) သိန်းဝန်းကျင်အထိ ဈေးနှုန်း များမြင့်တက် နေကြောင်းသိရသည်။ ရွှေဈေးများ ဆက်တိုက်မြင့် တက်နေခြင်းကြောင့် ဈေးကွက်အတွင်း အခေါက် ရွှေ အ‌ရောင်းအဝယ် ရပ်နားထားရကြောင်း ရွှေဆိုင် ပိုင်ရှင်များထံမှသိရသည်။
အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ ပင်လယ်အတွင်း စစ်သင်္ဘောများစေလွှတ်ကာ အီရန် နိုင်ငံအပေါ် စစ်ရေးအရအရေးယူနိုင်သည့် သတင်းများထွက်ပေါ်လာခြင်းကြောင့် ကမ္ဘာ့ရွှေဈေးများ ဆက်တိုက်မြင့်တက်နေခြင်း ဖြစ်သည်။ ရွှေဈေးကွက် သမိုင်းအတွင်း အမြင့်ဆုံးသောဈေးဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံအများစုမှာ ‌ဒေါ်လာအစား ရွှေကိုသာ ပိုမို စုဆောင်းဝယ်ယူနေဆဲဖြစ်သည်။
နိုင်ငံတကာ ငွေကြေးအရန်ငွေအဖြစ် နိုင်ငံအများစုမှာ ယခင်က အမေရိကန်ဒေါ်လာကို စုဆောင်းခဲ့ ကြသော်လည်း လက်ရှိတွင် ရွှေကိုပြောင်းလဲဝယ်ယူ လာခြင်းသည် ကမ္ဘာ့ရွှေဈေးကိုဆက်တိုက်မြင့်တက်စေခြင်း ဖြစ်သည်။ ပြည်တွင်း ရွှေဈေးမှာ စံချိန်တင်အ မြင့်ဆုံးဈေးဖြစ်သော်လည်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာအကြား ငွေလဲနှုန်းမှာ ကျဆင်းသွားခြင်းမရှိဘဲ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ (၄၀၂၀) ကျပ်ဝန်းကျင်ဖြင့် ပေါက် ဈေးရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာရွှေဈေးကွက်ကျွမ်းကျင်သူ များ၏ခန့်မှန်းချက်အရ ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ (၆၀ဝဝ) ဝန်းကျင်အထိ ရောက်ရှိနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ပြည်တွင်း ဈေးကွက်အတွင်း စက်သုံးဆီ ဈေးနှင့် စားအုန်းဆီ ဈေးများ ကျဆင်းနေပြီး နှစ်နှစ်ခန့်အတွင်း အနိမ့်ဆုံး ဈေးများဖြင့်အရောင်းအဝယ်ဖြစ်နေကြသည်။ စက် သုံးဆီဈေးကျဆင်းသော်လည်း ပြည်တွင်းအထွေ ထွေကုန်ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချနေဆဲဖြစ်သည်။ အထွေထွေကုန်ဈေးနှုန်းမြင့်တက်သော်လည်း အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်ချက်မှာ အလုပ်သမား တစ်ဦးအတွက်တစ်ရက်လျှင် (၇၈၀ဝ) သတ်မှတ်ထားရာ တစ်လလျှင် (၂၃၄၀ဝဝ) သာရှိရာ အခြေခံအလုပ် သမားများအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ စက်ရုံအလုပ်ရုံများတွင် ကျွမ်းကျင်လုပ် သားများမှာ အထိုက်အလျောက် လစာကောင်းမွန် သော်လည်း လုပ်သက်အတွေ့အကြုံမရှိသေးသည့် လူငယ်များတွင်မူ လက်ရှိလုပ်ခလစာမှာ စားသောက် စရိတ်ပင်မကာမိကြောင်း သိရသည်။
လက်ရှိအချိန်တွင် နယ်မြို့များ၌ နယ်မြေမတည် ငြိမ်ခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် လူငယ် အများစုမှာ ရန်ကုန်အပါအဝင်မြို့ကြီးများသို့ အလုံးအရင်း ပြောင်းရွှေ့လာခြင်းကြောင့် မြို့ပေါ်တွင် အလုပ်အကိုင် ရှားပါးခြင်းများကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။ ပဲဈေးကွက်အတွင်း မြန်မာနိုင်ငံသည် စိတ်ချယုံကြည်ရသော ပဲထောက်ပံ့သူဟု အိန္ဒိယနိုင်ငံ၏ စားသုံးသူ အတွင်း ဝန်က တောင်အာရှစိုက်ပျိုးရေးဖိုရမ်တွင် ပြောကြားခဲ့ရာ ယခုနှစ်တွင်လည်း ပဲတင်ပို့မှုဆက်လက်ကောင်းမွန်နေနိုင်သည်။ မြန်မာနိုင်ငံ၏ ပဲဈေးကွက်တွင် အိန္ဒိယနိုင်ငံသို့ အခွန်လွတ်ဖြင့် ပဲတင်ပို့ခြင်းမှ အဓိကနေရာတွင် ဆက်လက်ရပ်တည်နေနိုင်ပြီး လတ်တ လောတွင် ပဲစင်းငုံနှင့် မတ်ပဲများဈေးမြင့်တက်နေ ကြောင်းသိရသည်။
(ကမ္ဘာ့ရွှေဈေးစံချိန်တင်ပြီး ပြည်တွင်း ရွှေဈေးများလည်း မြင့်တက်နေ)
ပြည်တွင်း ရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးနှုန်းအပေါ် မူတည်ကာ ဆက်တိုက်မြင့်တက်နေပြီး စံချိန်တင် ရွှေဈေးနှုန်းများဖြစ်ပေါ်နေသည်။ ယခင်တစ်ပတ်အတွင်းက ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၇၀ဝ) ဝန်းကျင်ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် (၅၀ဝဝ)ကျော်သို့ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်း ငွေလဲ ဈေးနှုန်းများလည်း ယခု တစ်ပတ်အတွင်း ဆက်တိုက်ပြန်လည်မြင့်တက်နေရာ ပြည်တွင်းရွှေဈေးနှုန်းကို သက်ရောက်မှု ဖြစ်ပေါ်စေသည်။ ယခင်တစ်ပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းတစ်ရာ့ငါးသောင်း ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် (၁၀၆) သိန်းခန့်အထိ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံ ရေး စစ်ရေးအပြောင်းအလဲများမှာ ကမ္ဘာ့ရွှေဈေးနှုန်းကို အဓိက အပြောင်းအလဲဖြစ်ပေါ်စေခြင်းဖြစ်ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာအစား ရွှေဝယ်လို အားကောင်းမွန်နေခြင်းကြောင့်ဖြစ်သည်။
နိုင်ငံတကာ ဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်ကောင်းမွန် နိုင်မည်ဖြစ်ရာ လက်ရှိပေါက်ဈေးများမှာ အပြောင်းအလဲဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ နိုင်ငံတကာဈေး ကွက်အတွင်း ရွှေဈေးနှုန်းများမှာ ဆက်လက်မြင့်တက် နိုင်ခြေရှိရာ ပြည်တွင်းရွှေဈေးနှုန်းများ အပြောင်းအလဲ ဖြစ်ပေါ်နိုင်သည်။ ‌ရွှေဈေးအတက်အကျ ဈေးနှုန်းများ မြန်ဆန်နိုင်သောကြောင့် ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှား မဖြစ်စေရန် ဂရုစိုက်သင့်ကြောင်း ဝါရင့်ရွှေကုန်သည်များကပြောသည်။ ပြည်တွင်းရွှေ ဈေးနှုန်းများမှာ ငွေလဲဈေးနှုန်းများနှင့် တိုက်ရိုက် သက်ဆိုင်မှုရှိနေပြီး လတ်တလောတွင် အမေရိကန် ဒေါ်လာဈေးများ အနည်းငယ်ကျဆင်းလာခြင်းကြောင့် ရွှေဈေးနှုန်းများ အနည်းငယ် ဈေးတက်‌‌‌‌နှေးနေခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၂၀) ကျပ်ပေါက်ဈေးရှိနေရာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ် ကျဆင်းလာခြင်းဖြစ်သည်။ ပို့ကုန်/သွင်းကုန်မူဝါဒ အပြောင်းအလဲကြောင့် အမေရိကန်ဒေါ်လာဈေးများ အပြောင်းအလဲဖြစ်ပေါ်နေ ခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း အပြောင်းအလဲ မြန်ဆန်နေနိုင်သည်။ လက်ရှိ ငွေလဲဈေးနှုန်းများအနေဖြင့် တရုတ်ငွေတစ်ယွမ်လျှင် (၅၇၈) ကျပ်၊ ထိုင်းငွေတစ်ဘတ်လျှင် (၁၂၉) ကျပ်၊ အိန္ဒိယငွေ တစ်ရူးပီးလျှင် (၄၃)ကျပ် အသီးသီးပေါက်ဈေးရှိ ကြောင်းသိရသည်။
ပြည်ပမှတင်သွင်းနေသည့် စက်သုံးဆီဈေးကွက်တွင် ဈေးနှုန်းများ အပြောင်းအလဲနည်းပါးနေပြီး ဈေး နှုန်းများ လည်းကျဆင်းနေကြောင်း သိရသည်။ စက်သုံးဆီဈေးမှာ နှစ်နှစ်အတွင်း အနိမ့်ဆုံးဈေးများဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဗဟိုဘဏ်က လိုအပ်သော နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းကြောင့် ဈေးကွက်တည်ငြိမ်နေ ခြင်းဖြစ်သည်။ (၂၀၂၆) ခုနှစ်သည် နိုင်ငံရေးအပြောင်းအလဲများနှင့် စီးပွားရေးမူဝါဒအပြောင်းအလဲများ ဆက်တိုက်ဖြစ် ပေါ်လာနိုင်ခြင်းကြောင့် ငွေလဲနှုန်းနှင့် ရွှေဈေးကွက်များကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်း ရွှေ ဈေးကွက်များ နိုင်ငံတကာရွှေဈေးနှုန်းကို မူတည်ကာ အပြောင်းအလဲဖြစ်ပေါ်နေမည်ဖြစ်ပြီး လတ်တလောတွင် ရွှေဈေး များမြင့်တက်နေခြင်းကြောင့် အရောင်းအဝယ်အေးနေကြောင်းသိရသည်။ လာမည့်ရက်ပိုင်းအတွင်း ရွှေဈေးနှုန်းများ ဆက်လက် မြင့်တက်နိုင်ပြီး နိုင်ငံတကာရွှေဈေးအပြောင်းအလဲ ကိုသာ အဓိကစောင့်ကြည့်ရမည်ဖြစ်သည်။

(အခြေခံလုပ်ခလစာနှင့်အထွေထွေကုန်ဈေးနှုန်း)
အလုပ်သမားများအတွက် အခြေခံလုပ်ခလစာ မှာတစ်ရက်လျှင် (၇၈၀ဝ)သတ်မှတ်ထားရာ မြင့်တက် နေသည့် အထွေထွေကုန်ဈေးနှုန်းနှင့် လိုက်လျောညီ ထွေမှုမရှိကြောင်း အလုပ်သမားများကပြောကြား နေကြသည်။ ရန်ကုန်အပါ အဝင် မြို့ကြီးများတွင် စက်ရုံအလုပ်ရုံများ လည်ပတ်နေကြသော်လည်း အခြေခံဝန်ထမ်းများ၏လုပ်ခလစာ အပြောင်း အလဲမှာ နည်းပါးသဖြင့် အလုပ်သမားများ စား၊ ဝတ်၊ နေ၊ ရေး အခက်အခဲများကြုံတွေနေရခြင်းဖြစ်သည်။
ကျွမ်းကျင်လုပ်သားများ၏လစာမှာ အထိုက်အလျောက်မြင့်မားသော်လည်း လုပ်ငန်းအတွေ့ အကြုံမရှိသော လူငယ်များတွင်မူ တစ်ရက်လုပ်ခ (၇၈၀ဝ)ကျပ်နှင့် တစ်လလျှင် (၂၃၄၀ဝဝ)ကျပ်ခန့်မှာ လူနေမှုစရိတ်ကြီးမြင့်သော မြို့ကြီးများတွင် အဆင်မပြေနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိနယ်မြို့များတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေရာ လူငယ်အများစုမှာ တည်ငြိမ်မှုရှိသော ရန်ကုန်အပါအဝင် မြို့ကြီးများသို့ပြောင်းရွှေ့လာခြင်း ကြောင့် အလုပ်အကိုင်ရှားပါးမှုများလည်း ဖြစ်ပေါ်နေကြောင်းသိရသည်။ (၂၀၂၁) နိုင်ငံရေးအပြောင်းအလဲ နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းနေပြီး စက်ရုံအလုပ်ရုံအသစ် တည်ထောင်မှုနည်းပါးနေ ခြင်းသည်လည်း အလုပ် အကိုင်ရှားပါးမှုဖြစ်ပေါ်စေသည်။ လက်ရှိကာလတွင် ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ရန် အခက်အခဲများဖြစ်ပေါ်နေ ခြင်းကြောင့် ပြည်တွင်း၌အလုပ်လုပ်ရန်သာ လူငယ်များ ကြိုးပမ်းနေရသည်။ (၂၀၂၆) ခုနှစ်သည် နိုင်ငံရေးအပြောင်းအလဲ များနှင့် စီးပွားရေးမူဝါဒအပြောင်းအလဲများဖြစ်ပေါ် လာနိုင်သောကြောင့် အခြေခံလုပ်ခလစာ အပြောင်းအလဲဖြစ် ပေါ်လာနိုင်သည်။ အခြေခံလုပ်ခလစာသည် ပြင်ပငွေလဲနှုန်းဖြင့်နှိုင်းယှဉ်ပါက နှစ်ဒေါ်လာပင် မရှိသောကြောင့် အခြေခံ လုပ်သားများသည် ဝင်ငွေ အနိမ့်ဆုံး လူတန်းစားများအဖြစ်ရပ်တည်နေရသည်။
ကမ္ဘာ့ကုလသမဂ္ဂ စံသတ်မှတ်ချက်အရ တစ်ရက်လျှင် နှစ်ဒေါ်လာအောက်ဝင်ငွေရှိသော လူများကို ဆင်းရဲ မွဲတေသူများအဖြစ်သတ်မှတ်ထားရာ မြန်မာနိုင်ငံမှ အခြေခံလုပ်သားများသည် ယင်းသတ် မှတ်ချက်အတွင်းသို့ ရောက်ရှိ နေကြောင်းသိရသည်။ လတ်တလော မြင့်တက်နေသည့်ရွှေဈေးနှင့် အထွေထွေကုန်ဈေးနှုန်းများကြောင့် စက်ရုံ အလုပ်ရုံများမှ အခြေခံအလုပ်သမားများမှာ အခက်အခဲပိုမိုကြုံတွေ့ နေရသည်။ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း ကဏ္ဍတစ်ခုတည်းတွင် အလုပ်သမားပေါင်း ငါးသိန်းခန့်လုပ်ကိုင်နေကြကြောင်း သိရသည်။ အဆိုပါ အထည်ချုပ် လုပ်သားများမှာ လုပ်ခလစာနည်းပါးခြင်းကြောင့် မကြာခဏဆိုသလို သပိတ်မှောက် ဆန္ဒပြကာ လုပ်ခ လစာတိုးမြှင့် တောင်းခံမှုများဖြစ်ပေါ်နေသည်။ လုပ်ငန်းရှင်များဘက်မှ လုပ်ခလစာတိုးမြင့် ပေးခြင်းများရှိသော်လည်း ရေရှည် ကောင်းမွန်သော အစီအမံမှာ အနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်ချက်ကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်သတ်မှတ် ပေးခြင်း ဖြစ်သည်။

(ပဲဈေးကွက်တွင် အိန္ဒိယဈေးကွက် ဆက်လက်ကောင်းမွန်နိုင်)
မြန်မာနိုင်ငံသည် အိန္ဒိယကို မတ်ပဲနှင့် ပဲစင်းငုံ အပါအဝင် ပဲမျိုးစုံထောက်ပံ့နေသည့် ယုံကြည်စိတ်ချ ရသော ဈေးကွက်ဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Nidhi Khare က ပြောကြားခဲ့သည်။ ဇန်နဝါရီလ (၂၂) ရက်မှစတင်ပြီး ရန်ကုန်မြို့တွင် နှစ်ရက်ကြာ ကျင်းပ နေသော(၄) ကြိမ်မြောက် တောင်အာရှစိုက်ပျိုး ရေး ဖိုရမ် (၂၀၂၆) (South Asia Agri Forum 2026) တွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
(၂၀၂၁) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ငါးနှစ်တာ နားလည်မှုစာချွန်လွှာအရ စိုက်ပျိုးရေး ထွက်ကုန်များ၊ အထူးသဖြင့် ပဲမျိုးစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအချက်အချာ ဖြစ်လာခဲ့ကြောင်းပြောကြား ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရ၏ ကုန်စည်တင်သွင်းမှုဆိုင်ရာမူဝါဒများ အပြောင်း အလဲရှိခဲ့သော်လည်း နှစ်စဉ်အနည်းဆုံး မတ်ပဲတန် ချိန် (၂၅၀,ဝဝဝ) နှင့် ပဲစင်းငုံတန်ချိန် (၁၀ဝ,ဝဝဝ) တင်သွင်းရန် သဘောတူညီချက်ရယူထားကြောင်း သိရသည်။ ယင်းအစီအစဉ်အရ အိန္ဒိယစားသုံးသူများအတွက် ပဲမျိုးစုံရရှိနိုင်မှုနှင့် မြင့်တက်နိုင်သည့် ဈေးနှုန်းကို သေချာစေခြင်းကြောင့် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အိန္ဒိယသို့ ပဲမျိုးစုံ တင်ပို့မှုအပြင် ပြောင်း၊ ရေထွက်ကုန်ပစ္စည်း၊ မြေပဲ၊ သစ်နှင့် ရော်ဘာစသော အခြား ထုတ်ကုန်များ တင်ပို့နေ ကြောင်းသိရသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏမှာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၂၉) ဘီလျံရှိနေရာမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၂.၁) ဘီလျံအထိ တိုးတက်လာခဲ့ ကြောင်းသိရသည်။ လာမည့် (၂၀၃၀) ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၅) ဘီလျံအထိ တိုးတက် လာရန် ရည်မှန်းထားကြောင်းသိရသည်။ ပြည်တွင်း ဈေးကွက်အတွင်း ပို့ကုန်ရငွေပြန်သွင်းရမည့် ရာခိုင်နှုန်း လျှော့ချသတ်မှတ်ပေးမှုကြောင့် လတ်တလော တွင် ပဲဈေးများပြန်လည်မြင့်တက်လာကြောင်း သိရသည်။
လက်ရှိကာလသည် ဆောင်းမတ်ပဲအသစ်နှင့် ပဲစင်းငုံနီအသစ်များ ဈေးကွက်အတွင်းဝင်ရောက်မှု နည်းပြီး ပြည်တွင်းရှိ လှောင်လက်ကုန်သည်နှင့် ပြည်ပက ဝယ်လိုအားရှိနေခြင်းကြောင့် ဈေးတက် ခြင်းဖြစ်သည်။ လက်ရှိတွင် မတ်ပဲ FAQ တစ်တန် လျှင်(၂၈၇၅၀ဝဝ)ကျပ်ပေါက်ဈေးရှိပြီး ပဲစင်းငုံနီ အဟောင်း (၂၀၂၅ ခုနှစ်) တစ်တန်လျှင် (၂၉၁၀ဝဝဝ)ကျပ်ပေါက်ဈေးရှိနေသည်။ (၂၀၂၆) ခုနှစ်အတွင်း ထွက်ရှိသော ပဲစင်းငုံနီ အသစ်များမှာ တစ်တန်လျှင် သိန်းသုံးဆယ့်သုံးသောင်းခုနစ်ထောင်ကျပ် ပေါက် ဈေးရှိကြောင်းသိရသည်။
ယခုနှစ်ဆောင်းရာသီတွင် မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းခြွေလှေ့မှု ကုန်ကျစရိတ်များ မြင့်တက်လာ သောကြောင့် တစ်တင်းလျှင် အနည်းဆုံး (၁) သိန်းကျပ်အထက်ရရန် လိုအပ်ကြောင်း တောင်သူများထံမှသိရသည်။ လက်ရှိတွင် မတ်ပဲနှင့် ပဲစင်းငုံကိုအခွန်ကင်းလွတ်ခွင့်ဖြင့် မတ်လ (၃၁) ရက်အထိ အိန္ဒိယနိုင်ငံသို့ အဓိကထား ဆက် လက်တင်ပို့နေကြောင်းသိရသည်။

zawgyi version

တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္

ျပည့္ၿဖိဳး (NP News) - ေဖေဖာ္ဝါရီလ ၃

ကမာၻ႔ေ႐ႊေဈးကြက္အတြင္း စံခ်ိန္တင္ေဈးႏႈန္းမ်ားျမင့္တက္ျခင္းႏွင့္အတူ ျပည္တြင္းေ႐ႊေဈးကြက္သည္ စံခ်ိန္ တင္ေဈးႏႈန္းမ်ားျဖစ္ေပၚေနသည္။ ကမာၻ႔ေ႐ႊေဈးကြက္အတြင္း ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၅၀၇၀)အထိ ေပါက္ေဈးရွိေနရာ ျပည္တြင္းေ႐ႊေဈးသည္ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၁၀၆) သိန္းဝန္းက်င္အထိ ေဈးႏႈန္း မ်ားျမင့္တက္ ေနေၾကာင္းသိရသည္။ ေ႐ႊေဈးမ်ား ဆက္တိုက္ျမင့္ တက္ေနျခင္းေၾကာင့္ ေဈးကြက္အတြင္း အေခါက္ ေ႐ႊ အ‌ေရာင္းအဝယ္ ရပ္နားထားရေၾကာင္း ေ႐ႊဆိုင္ ပိုင္ရွင္မ်ားထံမွသိရသည္။
အေမရိကန္ႏိုင္ငံသည္ အေရွ႕အလယ္ပိုင္းရွိ ပင္လယ္အတြင္း စစ္သေဘၤာမ်ားေစလႊတ္ကာ အီရန္ ႏိုင္ငံအေပၚ စစ္ေရးအရအေရးယူႏိုင္သည့္ သတင္းမ်ားထြက္ေပၚလာျခင္းေၾကာင့္ ကမာၻ႔ေ႐ႊေဈးမ်ား ဆက္တိုက္ျမင့္တက္ေနျခင္း ျဖစ္သည္။ ေ႐ႊေဈးကြက္ သမိုင္းအတြင္း အျမင့္ဆုံးေသာေဈးျဖစ္ေသာ္လည္း ကမာၻ႔ႏိုင္ငံအမ်ားစုမွာ ‌ေဒၚလာအစား ေ႐ႊကိုသာ ပိုမို စုေဆာင္းဝယ္ယူေနဆဲျဖစ္သည္။
ႏိုင္ငံတကာ ေငြေၾကးအရန္ေငြအျဖစ္ ႏိုင္ငံအမ်ားစုမွာ ယခင္က အေမရိကန္ေဒၚလာကို စုေဆာင္းခဲ့ ၾကေသာ္လည္း လက္ရွိတြင္ ေ႐ႊကိုေျပာင္းလဲဝယ္ယူ လာျခင္းသည္ ကမာၻ႔ေ႐ႊေဈးကိုဆက္တိုက္ျမင့္တက္ေစျခင္း ျဖစ္သည္။ ျပည္တြင္း ေ႐ႊေဈးမွာ စံခ်ိန္တင္အ ျမင့္ဆုံးေဈးျဖစ္ေသာ္လည္း ျမန္မာက်ပ္ေငြႏွင့္ အေမရိကန္ေဒၚလာအၾကား ေငြလဲႏႈန္းမွာ က်ဆင္းသြားျခင္းမရွိဘဲ အေမရိကန္တစ္ေဒၚလာလွ်င္ ျမန္မာေငြ (၄၀၂၀) က်ပ္ဝန္းက်င္ျဖင့္ ေပါက္ ေဈးရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံတကာေ႐ႊေဈးကြက္ကြၽမ္းက်င္သူ မ်ား၏ခန႔္မွန္းခ်က္အရ ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ ေဒၚလာ (၆၀ဝဝ) ဝန္းက်င္အထိ ေရာက္ရွိႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ျပည္တြင္း ေဈးကြက္အတြင္း စက္သုံးဆီ ေဈးႏွင့္ စားအုန္းဆီ ေဈးမ်ား က်ဆင္းေနၿပီး ႏွစ္ႏွစ္ခန႔္အတြင္း အနိမ့္ဆုံး ေဈးမ်ားျဖင့္အေရာင္းအဝယ္ျဖစ္ေနၾကသည္။ စက္ သုံးဆီေဈးက်ဆင္းေသာ္လည္း ျပည္တြင္းအေထြ ေထြကုန္ေဈးႏႈန္းမွာ က်ဆင္းျခင္းမရွိဘဲ အျမင့္ေဈးႏႈန္းမ်ားျဖင့္ ဆက္လက္ေရာင္းခ်ေနဆဲျဖစ္သည္။ အေထြေထြကုန္ေဈးႏႈန္းျမင့္တက္ေသာ္လည္း အနိမ့္ဆုံး အေျခခံလုပ္ခလစာ သတ္မွတ္ခ်က္မွာ အလုပ္သမား တစ္ဦးအတြက္တစ္ရက္လွ်င္ (၇၈၀ဝ) သတ္မွတ္ထားရာ တစ္လလွ်င္ (၂၃၄၀ဝဝ) သာရွိရာ အေျခခံအလုပ္ သမားမ်ားအတြက္ အခက္အခဲျဖစ္ေပၚေနေၾကာင္း သိရသည္။ စက္႐ုံအလုပ္႐ုံမ်ားတြင္ ကြၽမ္းက်င္လုပ္ သားမ်ားမွာ အထိုက္အေလ်ာက္ လစာေကာင္းမြန္ ေသာ္လည္း လုပ္သက္အေတြ႕အႀကဳံမရွိေသးသည့္ လူငယ္မ်ားတြင္မူ လက္ရွိလုပ္ခလစာမွာ စားေသာက္ စရိတ္ပင္မကာမိေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ နယ္ၿမိဳ႕မ်ား၌ နယ္ေျမမတည္ ၿငိမ္ျခင္းႏွင့္ အလုပ္အကိုင္ရွားပါးျခင္းတို႔ေၾကာင့္ လူငယ္ အမ်ားစုမွာ ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးမ်ားသို႔ အလုံးအရင္း ေျပာင္းေ႐ႊ႕လာျခင္းေၾကာင့္ ၿမိဳ႕ေပၚတြင္ အလုပ္အကိုင္ ရွားပါးျခင္းမ်ားႀကဳံေတြ႕ေနရေၾကာင္း လုပ္ငန္းရွင္အသိုင္းအဝိုင္းမွသိရသည္။ ပဲေဈးကြက္အတြင္း ျမန္မာႏိုင္ငံသည္ စိတ္ခ်ယုံၾကည္ရေသာ ပဲေထာက္ပံ့သူဟု အိႏၵိယႏိုင္ငံ၏ စားသုံးသူ အတြင္း ဝန္က ေတာင္အာရွစိုက္ပ်ိဳးေရးဖိုရမ္တြင္ ေျပာၾကားခဲ့ရာ ယခုႏွစ္တြင္လည္း ပဲတင္ပို႔မႈဆက္လက္ေကာင္းမြန္ေနႏိုင္သည္။ ျမန္မာႏိုင္ငံ၏ ပဲေဈးကြက္တြင္ အိႏၵိယႏိုင္ငံသို႔ အခြန္လြတ္ျဖင့္ ပဲတင္ပို႔ျခင္းမွ အဓိကေနရာတြင္ ဆက္လက္ရပ္တည္ေနႏိုင္ၿပီး လတ္တ ေလာတြင္ ပဲစင္းငုံႏွင့္ မတ္ပဲမ်ားေဈးျမင့္တက္ေန ေၾကာင္းသိရသည္။
(ကမာၻ႔ေ႐ႊေဈးစံခ်ိန္တင္ၿပီး ျပည္တြင္း ေ႐ႊေဈးမ်ားလည္း ျမင့္တက္ေန)
ျပည္တြင္း ေ႐ႊေဈးကြက္သည္ ကမာၻ႔ေ႐ႊေဈးႏႈန္းအေပၚ မူတည္ကာ ဆက္တိုက္ျမင့္တက္ေနၿပီး စံခ်ိန္တင္ ေ႐ႊေဈးႏႈန္းမ်ားျဖစ္ေပၚေနသည္။ ယခင္တစ္ပတ္အတြင္းက ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၄၇၀ဝ) ဝန္းက်င္ရွိခဲ့ေသာ္လည္း ယခုတစ္ပတ္တြင္ (၅၀ဝဝ)ေက်ာ္သို႔ ျမင့္တက္လာျခင္းေၾကာင့္ျဖစ္သည္။ ျပည္တြင္း ေငြလဲ ေဈးႏႈန္းမ်ားလည္း ယခု တစ္ပတ္အတြင္း ဆက္တိုက္ျပန္လည္ျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈးႏႈန္းကို သက္ေရာက္မႈ ျဖစ္ေပၚေစသည္။ ယခင္တစ္ပတ္က အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ သိန္းတစ္ရာ့ငါးေသာင္း ဝန္းက်င္သာ ရွိခဲ့ေသာ္လည္း လက္ရွိတြင္ (၁၀၆) သိန္းခန႔္အထိ ဆက္တိုက္ ျမင့္တက္လာျခင္းျဖစ္သည္။ အေမရိကန္ႏိုင္ငံ၏ ႏိုင္ငံ ေရး စစ္ေရးအေျပာင္းအလဲမ်ားမွာ ကမာၻ႔ေ႐ႊေဈးႏႈန္းကို အဓိက အေျပာင္းအလဲျဖစ္ေပၚေစျခင္းျဖစ္ၿပီး လက္ရွိတြင္ အေမရိကန္ေဒၚလာအစား ေ႐ႊဝယ္လို အားေကာင္းမြန္ေနျခင္းေၾကာင့္ျဖစ္သည္။
ႏိုင္ငံတကာ ေဈးကြက္ကြၽမ္းက်င္သူမ်ား၏ သုံးသပ္ခ်က္အရ ကမာၻ႔ေ႐ႊေဈးမွာ ဆက္လက္ေကာင္းမြန္ ႏိုင္မည္ျဖစ္ရာ လက္ရွိေပါက္ေဈးမ်ားမွာ အေျပာင္းအလဲျဖစ္ေပၚေနဦးမည္ျဖစ္သည္။ ႏိုင္ငံတကာေဈး ကြက္အတြင္း ေ႐ႊေဈးႏႈန္းမ်ားမွာ ဆက္လက္ျမင့္တက္ ႏိုင္ေျခရွိရာ ျပည္တြင္းေ႐ႊေဈးႏႈန္းမ်ား အေျပာင္းအလဲ ျဖစ္ေပၚႏိုင္သည္။ ‌ေ႐ႊေဈးအတက္အက် ေဈးႏႈန္းမ်ား ျမန္ဆန္ႏိုင္ေသာေၾကာင့္ ေ႐ႊေဈးကြက္အတြင္း ေရာင္းမွားဝယ္မွား မျဖစ္ေစရန္ ဂ႐ုစိုက္သင့္ေၾကာင္း ဝါရင့္ေ႐ႊကုန္သည္မ်ားကေျပာသည္။ ျပည္တြင္းေ႐ႊ ေဈးႏႈန္းမ်ားမွာ ေငြလဲေဈးႏႈန္းမ်ားႏွင့္ တိုက္႐ိုက္ သက္ဆိုင္မႈရွိေနၿပီး လတ္တေလာတြင္ အေမရိကန္ ေဒၚလာေဈးမ်ား အနည္းငယ္က်ဆင္းလာျခင္းေၾကာင့္ ေ႐ႊေဈးႏႈန္းမ်ား အနည္းငယ္ ေဈးတက္‌‌‌‌ေႏွးေနျခင္းျဖစ္သည္။ လက္ရွိတြင္ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၂၀) က်ပ္ေပါက္ေဈးရွိေနရာ ယခင္တစ္ပတ္ကထက္ ေဈးအနည္းငယ္ က်ဆင္းလာျခင္းျဖစ္သည္။ ပို႔ကုန္/သြင္းကုန္မူဝါဒ အေျပာင္းအလဲေၾကာင့္ အေမရိကန္ေဒၚလာေဈးမ်ား အေျပာင္းအလဲျဖစ္ေပၚေန ျခင္းျဖစ္ၿပီး လာမည့္ရက္ပိုင္းအတြင္း အေျပာင္းအလဲ ျမန္ဆန္ေနႏိုင္သည္။ လက္ရွိ ေငြလဲေဈးႏႈန္းမ်ားအေနျဖင့္ တ႐ုတ္ေငြတစ္ယြမ္လွ်င္ (၅၇၈) က်ပ္၊ ထိုင္းေငြတစ္ဘတ္လွ်င္ (၁၂၉) က်ပ္၊ အိႏၵိယေငြ တစ္႐ူးပီးလွ်င္ (၄၃)က်ပ္ အသီးသီးေပါက္ေဈးရွိ ေၾကာင္းသိရသည္။
ျပည္ပမွတင္သြင္းေနသည့္ စက္သုံးဆီေဈးကြက္တြင္ ေဈးႏႈန္းမ်ား အေျပာင္းအလဲနည္းပါးေနၿပီး ေဈး ႏႈန္းမ်ား လည္းက်ဆင္းေနေၾကာင္း သိရသည္။ စက္သုံးဆီေဈးမွာ ႏွစ္ႏွစ္အတြင္း အနိမ့္ဆုံးေဈးမ်ားျဖင့္ ေရာင္းခ်ေနျခင္းျဖစ္ၿပီး ဗဟိုဘဏ္က လိုအပ္ေသာ ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေပးေနျခင္းေၾကာင့္ ေဈးကြက္တည္ၿငိမ္ေန ျခင္းျဖစ္သည္။ (၂၀၂၆) ခုႏွစ္သည္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားႏွင့္ စီးပြားေရးမူဝါဒအေျပာင္းအလဲမ်ား ဆက္တိုက္ျဖစ္ ေပၚလာႏိုင္ျခင္းေၾကာင့္ ေငြလဲႏႈန္းႏွင့္ ေ႐ႊေဈးကြက္မ်ားကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ျပည္တြင္း ေ႐ႊ ေဈးကြက္မ်ား ႏိုင္ငံတကာေ႐ႊေဈးႏႈန္းကို မူတည္ကာ အေျပာင္းအလဲျဖစ္ေပၚေနမည္ျဖစ္ၿပီး လတ္တေလာတြင္ ေ႐ႊေဈး မ်ားျမင့္တက္ေနျခင္းေၾကာင့္ အေရာင္းအဝယ္ေအးေနေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္းအတြင္း ေ႐ႊေဈးႏႈန္းမ်ား ဆက္လက္ ျမင့္တက္ႏိုင္ၿပီး ႏိုင္ငံတကာေ႐ႊေဈးအေျပာင္းအလဲ ကိုသာ အဓိကေစာင့္ၾကည့္ရမည္ျဖစ္သည္။

(အေျခခံလုပ္ခလစာႏွင့္အေထြေထြကုန္ေဈးႏႈန္း)
အလုပ္သမားမ်ားအတြက္ အေျခခံလုပ္ခလစာ မွာတစ္ရက္လွ်င္ (၇၈၀ဝ)သတ္မွတ္ထားရာ ျမင့္တက္ ေနသည့္ အေထြေထြကုန္ေဈးႏႈန္းႏွင့္ လိုက္ေလ်ာညီ ေထြမႈမရွိေၾကာင္း အလုပ္သမားမ်ားကေျပာၾကား ေနၾကသည္။ ရန္ကုန္အပါ အဝင္ ၿမိဳ႕ႀကီးမ်ားတြင္ စက္႐ုံအလုပ္႐ုံမ်ား လည္ပတ္ေနၾကေသာ္လည္း အေျခခံဝန္ထမ္းမ်ား၏လုပ္ခလစာ အေျပာင္း အလဲမွာ နည္းပါးသျဖင့္ အလုပ္သမားမ်ား စား၊ ဝတ္၊ ေန၊ ေရး အခက္အခဲမ်ားႀကဳံေတြေနရျခင္းျဖစ္သည္။
ကြၽမ္းက်င္လုပ္သားမ်ား၏လစာမွာ အထိုက္အေလ်ာက္ျမင့္မားေသာ္လည္း လုပ္ငန္းအေတြ႕ အႀကဳံမရွိေသာ လူငယ္မ်ားတြင္မူ တစ္ရက္လုပ္ခ (၇၈၀ဝ)က်ပ္ႏွင့္ တစ္လလွ်င္ (၂၃၄၀ဝဝ)က်ပ္ခန႔္မွာ လူေနမႈစရိတ္ႀကီးျမင့္ေသာ ၿမိဳ႕ႀကီးမ်ားတြင္ အဆင္မေျပႏိုင္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ တစ္ဝန္းရွိနယ္ၿမိဳ႕မ်ားတြင္ လက္နက္ကိုင္ ပဋိပကၡမ်ား ျဖစ္ပြားေနရာ လူငယ္အမ်ားစုမွာ တည္ၿငိမ္မႈရွိေသာ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးမ်ားသို႔ေျပာင္းေ႐ႊ႕လာျခင္း ေၾကာင့္ အလုပ္အကိုင္ရွားပါးမႈမ်ားလည္း ျဖစ္ေပၚေနေၾကာင္းသိရသည္။ (၂၀၂၁) ႏိုင္ငံေရးအေျပာင္းအလဲ ေနာက္ပိုင္းတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက်ဆင္းေနၿပီး စက္႐ုံအလုပ္႐ုံအသစ္ တည္ေထာင္မႈနည္းပါးေန ျခင္းသည္လည္း အလုပ္ အကိုင္ရွားပါးမႈျဖစ္ေပၚေစသည္။ လက္ရွိကာလတြင္ ျပည္ပသို႔ထြက္ခြာ အလုပ္လုပ္ရန္ အခက္အခဲမ်ားျဖစ္ေပၚေန ျခင္းေၾကာင့္ ျပည္တြင္း၌အလုပ္လုပ္ရန္သာ လူငယ္မ်ား ႀကိဳးပမ္းေနရသည္။ (၂၀၂၆) ခုႏွစ္သည္ ႏိုင္ငံေရးအေျပာင္းအလဲ မ်ားႏွင့္ စီးပြားေရးမူဝါဒအေျပာင္းအလဲမ်ားျဖစ္ေပၚ လာႏိုင္ေသာေၾကာင့္ အေျခခံလုပ္ခလစာ အေျပာင္းအလဲျဖစ္ ေပၚလာႏိုင္သည္။ အေျခခံလုပ္ခလစာသည္ ျပင္ပေငြလဲႏႈန္းျဖင့္ႏႈိင္းယွဥ္ပါက ႏွစ္ေဒၚလာပင္ မရွိေသာေၾကာင့္ အေျခခံ လုပ္သားမ်ားသည္ ဝင္ေငြ အနိမ့္ဆုံး လူတန္းစားမ်ားအျဖစ္ရပ္တည္ေနရသည္။
ကမာၻ႔ကုလသမဂၢ စံသတ္မွတ္ခ်က္အရ တစ္ရက္လွ်င္ ႏွစ္ေဒၚလာေအာက္ဝင္ေငြရွိေသာ လူမ်ားကို ဆင္းရဲ မြဲေတသူမ်ားအျဖစ္သတ္မွတ္ထားရာ ျမန္မာႏိုင္ငံမွ အေျခခံလုပ္သားမ်ားသည္ ယင္းသတ္ မွတ္ခ်က္အတြင္းသို႔ ေရာက္ရွိ ေနေၾကာင္းသိရသည္။ လတ္တေလာ ျမင့္တက္ေနသည့္ေ႐ႊေဈးႏွင့္ အေထြေထြကုန္ေဈးႏႈန္းမ်ားေၾကာင့္ စက္႐ုံ အလုပ္႐ုံမ်ားမွ အေျခခံအလုပ္သမားမ်ားမွာ အခက္အခဲပိုမိုႀကဳံေတြ႕ ေနရသည္။ ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္လုပ္ငန္း က႑တစ္ခုတည္းတြင္ အလုပ္သမားေပါင္း ငါးသိန္းခန႔္လုပ္ကိုင္ေနၾကေၾကာင္း သိရသည္။ အဆိုပါ အထည္ခ်ဳပ္ လုပ္သားမ်ားမွာ လုပ္ခလစာနည္းပါးျခင္းေၾကာင့္ မၾကာခဏဆိုသလို သပိတ္ေမွာက္ ဆႏၵျပကာ လုပ္ခ လစာတိုးျမႇင့္ ေတာင္းခံမႈမ်ားျဖစ္ေပၚေနသည္။ လုပ္ငန္းရွင္မ်ားဘက္မွ လုပ္ခလစာတိုးျမင့္ ေပးျခင္းမ်ားရွိေသာ္လည္း ေရရွည္ ေကာင္းမြန္ေသာ အစီအမံမွာ အနိမ့္ဆုံးလုပ္ခ လစာသတ္မွတ္ခ်က္ကို ေခတ္ႏွင့္အညီ ျပန္လည္ျပင္ဆင္သတ္မွတ္ ေပးျခင္း ျဖစ္သည္။

(ပဲေဈးကြက္တြင္ အိႏၵိယေဈးကြက္ ဆက္လက္ေကာင္းမြန္ႏိုင္)
ျမန္မာႏိုင္ငံသည္ အိႏၵိယကို မတ္ပဲႏွင့္ ပဲစင္းငုံ အပါအဝင္ ပဲမ်ိဳးစုံေထာက္ပံ့ေနသည့္ ယုံၾကည္စိတ္ခ် ရေသာ ေဈးကြက္ျဖစ္ေၾကာင္း အိႏၵိယအစိုးရ၏ စားသုံးသူေရးရာဝန္ႀကီးဌာနမွ အတြင္းဝန္ Nidhi Khare က ေျပာၾကားခဲ့သည္။ ဇန္နဝါရီလ (၂၂) ရက္မွစတင္ၿပီး ရန္ကုန္ၿမိဳ႕တြင္ ႏွစ္ရက္ၾကာ က်င္းပ ေနေသာ(၄) ႀကိမ္ေျမာက္ ေတာင္အာရွစိုက္ပ်ိဳး ေရး ဖိုရမ္ (၂၀၂၆) (South Asia Agri Forum 2026) တြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
(၂၀၂၁) ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့သည့္ ငါးႏွစ္တာ နားလည္မႈစာခြၽန္လႊာအရ စိုက္ပ်ိဳးေရး ထြက္ကုန္မ်ား၊ အထူးသျဖင့္ ပဲမ်ိဳးစုံမွာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈ၏ အဓိကအခ်က္အခ်ာ ျဖစ္လာခဲ့ေၾကာင္းေျပာၾကား ျခင္းျဖစ္သည္။ အိႏၵိယအစိုးရ၏ ကုန္စည္တင္သြင္းမႈဆိုင္ရာမူဝါဒမ်ား အေျပာင္း အလဲရွိခဲ့ေသာ္လည္း ႏွစ္စဥ္အနည္းဆုံး မတ္ပဲတန္ ခ်ိန္ (၂၅၀,ဝဝဝ) ႏွင့္ ပဲစင္းငုံတန္ခ်ိန္ (၁၀ဝ,ဝဝဝ) တင္သြင္းရန္ သေဘာတူညီခ်က္ရယူထားေၾကာင္း သိရသည္။ ယင္းအစီအစဥ္အရ အိႏၵိယစားသုံးသူမ်ားအတြက္ ပဲမ်ိဳးစုံရရွိႏိုင္မႈႏွင့္ ျမင့္တက္ႏိုင္သည့္ ေဈးႏႈန္းကို ေသခ်ာေစျခင္းေၾကာင့္ ႏွစ္ႏိုင္ငံစလုံးအတြက္ အက်ိဳးရွိေစခဲ့ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံသည္ အိႏၵိယသို႔ ပဲမ်ိဳးစုံ တင္ပို႔မႈအျပင္ ေျပာင္း၊ ေရထြက္ကုန္ပစၥည္း၊ ေျမပဲ၊ သစ္ႏွင့္ ေရာ္ဘာစေသာ အျခား ထုတ္ကုန္မ်ား တင္ပို႔ေန ေၾကာင္းသိရသည္။
အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈ ပမာဏမွာ (၂၀၂၀-၂၀၂၁) ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၁.၂၉) ဘီလ်ံရွိေနရာမွ (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၂.၁) ဘီလ်ံအထိ တိုးတက္လာခဲ့ ေၾကာင္းသိရသည္။ လာမည့္ (၂၀၃၀) ျပည့္ႏွစ္တြင္ ႏွစ္ႏိုင္ငံကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ (၅) ဘီလ်ံအထိ တိုးတက္ လာရန္ ရည္မွန္းထားေၾကာင္းသိရသည္။ ျပည္တြင္း ေဈးကြက္အတြင္း ပို႔ကုန္ရေငြျပန္သြင္းရမည့္ ရာခိုင္ႏႈန္း ေလွ်ာ့ခ်သတ္မွတ္ေပးမႈေၾကာင့္ လတ္တေလာ တြင္ ပဲေဈးမ်ားျပန္လည္ျမင့္တက္လာေၾကာင္း သိရသည္။
လက္ရွိကာလသည္ ေဆာင္းမတ္ပဲအသစ္ႏွင့္ ပဲစင္းငုံနီအသစ္မ်ား ေဈးကြက္အတြင္းဝင္ေရာက္မႈ နည္းၿပီး ျပည္တြင္းရွိ ေလွာင္လက္ကုန္သည္ႏွင့္ ျပည္ပက ဝယ္လိုအားရွိေနျခင္းေၾကာင့္ ေဈးတက္ ျခင္းျဖစ္သည္။ လက္ရွိတြင္ မတ္ပဲ FAQ တစ္တန္ လွ်င္(၂၈၇၅၀ဝဝ)က်ပ္ေပါက္ေဈးရွိၿပီး ပဲစင္းငုံနီ အေဟာင္း (၂၀၂၅ ခုႏွစ္) တစ္တန္လွ်င္ (၂၉၁၀ဝဝဝ)က်ပ္ေပါက္ေဈးရွိေနသည္။ (၂၀၂၆) ခုႏွစ္အတြင္း ထြက္ရွိေသာ ပဲစင္းငုံနီ အသစ္မ်ားမွာ တစ္တန္လွ်င္ သိန္းသုံးဆယ့္သုံးေသာင္းခုနစ္ေထာင္က်ပ္ ေပါက္ ေဈးရွိေၾကာင္းသိရသည္။
ယခုႏွစ္ေဆာင္းရာသီတြင္ မတ္ပဲႏွင့္ ပဲစင္းငုံ စိုက္ပ်ိဳးမႈႏွင့္ ရိတ္သိမ္းေႁခြေလွ႔မႈ ကုန္က်စရိတ္မ်ား ျမင့္တက္လာ ေသာေၾကာင့္ တစ္တင္းလွ်င္ အနည္းဆုံး (၁) သိန္းက်ပ္အထက္ရရန္ လိုအပ္ေၾကာင္း ေတာင္သူမ်ားထံမွသိရသည္။ လက္ရွိတြင္ မတ္ပဲႏွင့္ ပဲစင္းငုံကိုအခြန္ကင္းလြတ္ခြင့္ျဖင့္ မတ္လ (၃၁) ရက္အထိ အိႏၵိယႏိုင္ငံသို႔ အဓိကထား ဆက္ လက္တင္ပို႔ေနေၾကာင္းသိရသည္။



လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)

Related news

© 2021. All rights reserved.