ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်ဖွဲ့စည်းမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အတွက် ဥပဒေ ပြဌာန်း

 692

သုတကျော် (NP News) - ဖေဖော်ဝါရီ ၃

ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်ဖွဲ့စည်းမည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အတွက် ဥပဒေ ကို ပြဋ္ဌာန်းကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးလျက်
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ဤ ဥပဒေသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊စားရေရိက္ခာပေါများရေး အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေက အာဏာခွဲဝေအပ်နှင်းထားသည့် အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို မထိခိုက်စေဘဲ ဤဥပဒေ၏ရည်ရွယ်ချက်များနှင့်အညီ ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များ ကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ကောင်စီကိုဖွဲ့စည်းရန် နိုင်ငံတော်သမ္မတအား အခွင့်အာဏာအပ်နှင်းထားကြောင်း ဥပဒေ အရ သိရသည်။

နိုင်ငံတော်သမ္မတသည် သင့်လျော်သည့်ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတသည် ကောင်စီကို ဖွဲ့စည်းသည့်အခါ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို သတ်မှတ်ပေးရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် ကောင်စီဝင်များ၏ လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင် အယောင်နှင့် ခံစားခွင့်များကို သတ်မှတ်ပေးရမည် ဖြစ်ပြီးကောင်စီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ကာကောင်စီ၏ ရုံးလုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သည့် နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်တို့ကို ထုတ်ပြန်နိုင်ကြောင်း ဥပဒေအရ သိရသည်။

zawgyi version
ဥကၠ႒ႏွင့္ အတြင္းေရးမႉး အပါအဝင္ အဖြဲ႕ဝင္ ၅ ဦးထက္မနည္း ပါဝင္ဖြဲ႕စည္းမည့္ ျပည္ေထာင္စုအတိုင္ပင္ခံေကာင္စီ အတြက္ ဥပေဒ ျပဌာန္း

သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၃

ဥကၠ႒ႏွင့္ အတြင္းေရးမႉး အပါအဝင္ အဖြဲ႕ဝင္ ၅ ဦးထက္မနည္း ပါဝင္ဖြဲ႕စည္းမည့္ ျပည္ေထာင္စုအတိုင္ပင္ခံေကာင္စီ အတြက္ ဥပေဒ ကို ျပ႒ာန္းေၾကာင္း ယေန႔ (ေဖေဖာ္ဝါရီလ ၃ ရက္) ညပိုင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၂၇ အရ ျပည္ေထာင္စုလႊတ္ေတာ္၏ ဥပေဒျပဳခြင့္အာဏာကို က်င့္သုံးလ်က္
ျပည္ေထာင္စုအတိုင္ပင္ခံေကာင္စီဥပေဒကို ျပ႒ာန္းခဲ့ျခင္း ျဖစ္သည္။

ဤ ဥပေဒသည္ စစ္မွန္၍ စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး၊ တိုင္းျပည္သာယာဝေျပာေရး၊စားေရရိကၡာေပါမ်ားေရး အတြက္ ရည္႐ြယ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုလႊတ္ေတာ္သည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒက အာဏာခြဲေဝအပ္ႏွင္းထားသည့္ အုပ္ခ်ဳပ္ေရးအာဏာႏွင့္ တရားစီရင္ေရးအာဏာတို႔ကို မထိခိုက္ေစဘဲ ဤဥပေဒ၏ရည္႐ြယ္ခ်က္မ်ားႏွင့္အညီ ျပည္ေထာင္စု၏ လုံၿခဳံေရးႏွင့္ တရားဥပေဒ စိုးမိုးေရးဆိုင္ရာကိစၥရပ္မ်ား၊ ႏိုင္ငံတကာဆက္ဆံေရးဆိုင္ရာကိစၥရပ္မ်ား၊ ၿငိမ္းခ်မ္းေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ဥပေဒျပ႒ာန္းေရးဆိုင္ရာကိစၥရပ္မ်ား ကို အႀကံေပးျခင္း၊ ညႇိႏႈိင္းေဆာင္႐ြက္ျခင္းတို႔ ျပဳႏိုင္ရန္အတြက္ ေကာင္စီကိုဖြဲ႕စည္းရန္ ႏိုင္ငံေတာ္သမၼတအား အခြင့္အာဏာအပ္ႏွင္းထားေၾကာင္း ဥပေဒ အရ သိရသည္။

ႏိုင္ငံေတာ္သမၼတသည္ သင့္ေလ်ာ္သည့္ပုဂၢိဳလ္မ်ားျဖင့္ ဥကၠ႒ႏွင့္ အတြင္းေရးမႉး အပါအဝင္ အဖြဲ႕ဝင္ ၅ ဦးထက္မနည္း ပါဝင္၍ ေကာင္စီကို ဖြဲ႕စည္းရမည္ ျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတသည္ ေကာင္စီကို ဖြဲ႕စည္းသည့္အခါ ဥကၠ႒ႏွင့္ အတြင္းေရးမႉးကို သတ္မွတ္ေပးရမည္ ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတသည္ ေကာင္စီ၏ တာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို သတ္မွတ္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုအစိုးရအဖြဲ႕သည္ ေကာင္စီဝင္မ်ား၏ လစဥ္ခ်ီးျမႇင့္ေငြ၊ စရိတ္၊ အေဆာင္ အေယာင္ႏွင့္ ခံစားခြင့္မ်ားကို သတ္မွတ္ေပးရမည္ ျဖစ္ၿပီးေကာင္စီ၏ သက္တမ္းသည္ ႏိုင္ငံေတာ္သမၼတ၏ သက္တမ္းအတိုင္းျဖစ္ကာေကာင္စီ၏ ႐ုံးလုပ္ငန္းမ်ားအတြက္ ႏိုင္ငံေတာ္သမၼတ႐ုံးက စီစဥ္ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ႐ုံးသည္ ဤဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ႏိုင္ရန္အတြက္ လိုအပ္သည့္ နည္းဥပေဒ၊ အမိန႔္၊ အမိန႔္ေၾကာ္ျငာစာႏွင့္ ၫႊန္ၾကားခ်က္တို႔ကို ထုတ္ျပန္ႏိုင္ေၾကာင္း ဥပေဒအရ သိရသည္။

Related news

© 2021. All rights reserved.