နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း

 525

သုတကျော် (NP News) - ဖေဖော်ဝါရီ ၃

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ် ပေးရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) ကို အစားထိုးခဲ့ရာ ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံ များအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်လိုလျှင် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ချက်မှတစ်ပါး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာ တာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦး အပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည် ဟု ​ဖော်ပြထားသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ် ပေးရေးဥပဒေပုဒ်မ ၈ ခြေဆင်းကို နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေး အလို့ငှာ ဥပဒေနှင့်အညီတာဝန်အရဆောင်ရွက်ရသည့် တာဝန်နှင့်လုပ်ပိုင် ခွင့်ရှိသူမှအပ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်း တစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ ဟု အစားထိုး ထားသည်။

zawgyi version

ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ေပးေရးဥပေဒကို ျပင္ဆင္သည့္ဥပေဒ ျပ႒ာန္း

သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၃

ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ေပးေရးဥပေဒကို ျပင္ဆင္သည့္ဥပေဒ ျပ႒ာန္းလိုက္ေၾကာင္း သိရသည္။

ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ ေပးေရးဥပေဒ ပုဒ္မ ၅၊ ပုဒ္မခြဲ (ခ) ကို အစားထိုးခဲ့ရာ ပုဂၢိဳလ္တစ္ဦးဦး၏ ေနအိမ္ႏွင့္ ေနအိမ္အျဖစ္အသုံးျပဳေသာ အခန္း၊ အေဆာက္အအုံ သို႔မဟုတ္ ပရဝဏ္ႏွင့္ ပရဝဏ္အတြင္းရွိ အေဆာက္အအုံ မ်ားအတြင္းသို႔ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ ဝင္ေရာက္ရွာေဖြျခင္း၊ သိမ္းဆည္းျခင္း သို႔မဟုတ္ သူတစ္ဦးဦးအား ရွာေဖြျခင္း၊ ဖမ္းဆီးျခင္း ျပဳလုပ္လိုလွ်င္ ႏိုင္ငံေတာ္ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ အမ်ားျပည္သူ ေအးခ်မ္းသာယာေရးအတြက္ အေရးႀကီးလိုအပ္ခ်က္မွတစ္ပါး သက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုရွိ အုပ္ခ်ဳပ္ေရးမႉးျဖစ္ေစ၊ ေက်း႐ြာ တာဝန္ခံ သို႔မဟုတ္ ရာအိမ္မႉးျဖစ္ေစ၊ ဆယ္အိမ္မႉးျဖစ္ေစ တစ္ဦးဦး အပါအဝင္ အနည္းဆုံးသက္ေသႏွစ္ဦးႏွင့္အတူ ေဆာင္႐ြက္ရမည္ ဟု ​ေဖာ္ျပထားသည္။

ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ ေပးေရးဥပေဒပုဒ္မ ၈ ေျခဆင္းကို ႏိုင္ငံေတာ္ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ အမ်ားျပည္သူေအးခ်မ္းသာယာေရး အလို႔ငွာ ဥပေဒႏွင့္အညီတာဝန္အရေဆာင္႐ြက္ရသည့္ တာဝန္ႏွင့္လုပ္ပိုင္ ခြင့္ရွိသူမွအပ မည္သူမွ် တည္ဆဲဥပေဒႏွင့္အညီ ခြင့္ျပဳမိန႔္၊ ခြင့္ျပဳခ်က္ သို႔မဟုတ္ ဝရမ္း တစ္စုံတစ္ရာမရွိဘဲျဖစ္ေစ၊ ႏိုင္ငံေတာ္သမၼတ သို႔မဟုတ္ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ခြင့္ျပဳခ်က္မရွိဘဲျဖစ္ေစ ဟု အစားထိုး ထားသည္။

လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)

Related news

© 2021. All rights reserved.