စီးပွားရေးမြို့တော် ရန်ကုန်တွင် ညမထွက်ရအမိန့် မရှိတော့သော်လည်း ပြည်သူအများစု လိုက်နာနေဆဲ

 256

စိမ့်စမ်းရေ (NP News) - ဖေ‌ဖော်ဝါရီလ ၄

မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန် တွင် ညမထွက်ရအမိန့်ကို ညွှန်ကြားချက်ထုတ်ကာ တရားဝင် ပယ်ဖျက်ပြီးဖြစ်သော်လည်း ပြည်သူအများ စုမှာ ယခင်အတိုင်း ကန့်သတ်ချိန်တွင် အပြင်ထွက် သွားလာခြင်းကို ဆင်ခြင်နေကြဆဲဖြစ်ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုး ကျွန်းမြို့နယ်မှ လွဲ၍ ကျန် (၄၄) မြို့နယ်တွင် နံနက် (၁) နာရီမှ နံနက် (၃) နာရီအတွင်း ညမထွက်ရ ထုတ်ပြန်ထားသော အမိန့်ကို ဒီဇင်ဘာလ (၂၇) ရက် က ရုပ်သိမ်းထားခြင်းဖြစ်သည်။ ယင်းသို့ ရုပ်သိမ်း ခြင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သော ကြောင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အများ ပြည်သူသွားလာမှုလွယ်ကူရေးနှင့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ကြောင်း သိရသည်။
NP News က ရန်ကုန်မြို့ ရှိ လူငယ်နှင့် လူလတ်ပိုင်းအရွယ်ရှိသူများကို စစ် တမ်းတစ်ခုသဖွယ် ညမထွက်ရအမိန့် ရုပ်သိမ်း ကြောင်းကို သိပါသလားဟုမေးမြန်းကြည့်ရာ အချို့ က သိသော်လည်း အချိုက လုံးဝမသိဘဲ အချို့ကမူ မဖြေကြားနိုင်သောအခြေအနေရှိကြောင်း တွေ့ရ သည်။ “ညမထွက်ရအမိန့်ရှိသေးလား၊ မရှိတော့ဘူး လား မသိဘူး” ဟု လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက ပြောသည်။
ယင်းနှင့် ပတ်သက်၍ အချို့မှာ ဥပဒေ ကို ရုပ်သိမ်းခြင်း၊ မရုပ်သိမ်းခြင်းထက် ညပိုင်းတွင် အပြင်ထွက် သွားလာခြင်းကို ဆင်ခြင်ကြောင်း နိုင်ငံ ရေး နယ်ပယ်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ “ကျွန်တော်လည်း အဲဒါက ဖြေ ရခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီ မှာက အဓိကညထွက်တယ် ဆိုတာက သွားစရာလာ စရာရှိတဲ့လူတွေလောက်ပဲ အခုက ညထွက်တာလေ။ ထွက်စရာအကြောင်းအရာက ဘာကိစ္စမှမှ မရှိတော့ တဲ့ဟာ။ ညဘက်သွားရမယ့်အလုပ်ကိစ္စလည်း မရှိဘူး။ လုပ်ကိုင်ဆောင်ရွက်ရမယ့်အခြေအနေလည်း ဘာမှ မရှိတဲ့အခါကျတော့ ကိုယ့်အိမ်ပဲကိုယ်နေကြတာပေါ့ ဗျာ။ ဘာလို့လဲဆိုတော့ တောက်လျှောက်ကလည်း ညမထွက်ရအမိန့်တွေက ထုတ်လာတဲ့အခါကျတော့ ညထွက်တဲ့အလုပ်ကို ဘယ်သူမှ မလုပ်ကြတော့ဘူး လေ။ အဲဒီအခြေအနေအတိုင်းပဲ ဆက်လာတဲ့အခါ ကျတော့ ညထွက်ရမယ့်အကြောင်းအရာက ပေါ်မှ ပေါ်မလာတော့တာ” ဟု ၎င်းကဆိုသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကမူ ညမ ထွက်ရအမိန့်ကို ရုပ်သိမ်းပြီးဖြစ်ကြောင်း သိသော် လည်း လုံခြုံရေးအရ စိုးရိမ်၍အပြင်မထွက်ခြင်း ဖြစ် သည်ဟု ပြောသည်။ “ညမထွက်ရအမိန့်မရှိ တော့ တာသိတယ်။ ဒါပေမဲ့ မထွက်ဖြစ်ဘူး။ လုံခြုံရေးအခြေ အနေအရ စိုးရိမ်စိတ်ရှိနေသေးလို့ပါ”ဟု တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။ ယင်းသို့ ညမ ထွက်ရအမိန့် ရုပ်သိမ်းသော်လည်း ယင်းကို အ ကြောင်းပြကာ ညပိုင်း အငှားယာဉ်များအနေဖြင့် ငွေကြေး မတန်တဆ တောင်းခံခြင်းမျိုးလည်း ရှိနေ သည်။
“ကျွန်တော် တစ်ခါ ကားစီးတုန်းက ဆိုရင် ည (၁၂) နာရီလောက်ပေါ့။ ကျွန်တော်က ပြောတယ် ညမထွက်ရအမိန့် မရှိတော့ဘူး ဆိုပေမယ့် ကားသမား က ငြင်းတာ။ အဲဒါနဲ့ အင်တာနက်ကရှာပြီး အ ထောက်အထား ပြလိုက်ရတယ်။ အဲဒီအခါကျတော့ လည်း ညလုံခြုံရေးအတွက် ကားခကို ပိုပေးရမယ် ဆိုပြီး ပြောပြန်ရော။ တကယ်လည်း အဲဒီအချိန်မှာ တက္ကစီက ရှားတယ်လေ” ဟု အငှားယာဉ် အသုံးပြု သွားလာလေ့ရှိသူ တစ်ဦးကဆိုသည်။
လက်ရှိ အခြေအနေအရ ခရီးသည်နှင့် ယာဉ်မောင်းအကြား အချင်းချင်း သတိထားနေရသော အခြေအနေဖြစ်ကြောင်း ရန်ကုန်မြို့မှ အငှားကား ယာဉ်မောင်းတစ်ဦးက ဆိုသည်။ “ခရီးသည်ကလည်း ကိုယ့်ကြောက် ကိုယ်ကလည်း သူ့ကိုကြောက်ပြီး တော့ ညပိုင်းဆို သိပ်ပြီးဝေးဝေးလံလံလည်း မလိုက် ရဲဘူး။ Downtown (၆) မြို့နယ် မြို့ထဲလောက်ပဲပေါ့။ ကိုယ်သိတဲ့နေရာလောက်ပဲ အဲဒီလိုမျိုး သွားကြတယ်။ အခုနောက်ပိုင်း ခရီးသည်တွေက ဘယ်လိုဖြစ်လဲဆို kilo တွေ အဓိကငှားတာပေါ့။ kilo taxi လေးတွေ သူတို့အတွက် safety ဖြစ်တဲ့ဟာလေးတွေပေါ့။ လက်တားတွေတော့ မစီးတော့ဘူးပေါ့။ အခု kilo လေးတွေရှိတယ်။ kilo လေးတွေပဲ လူတိုင်းစီးကြ တယ်။ အဲဒီလိုမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

zawgyi version

စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္တြင္ ညမထြက္ရအမိန႔္ မရွိေတာ့ေသာ္လည္း ျပည္သူအမ်ားစု လိုက္နာေနဆဲ

စိမ့္စမ္းေရ (NP News) - ေဖ‌ေဖာ္ဝါရီလ ၄

ျမန္မာႏိုင္ငံ၏စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ တြင္ ညမထြက္ရအမိန႔္ကို ၫႊန္ၾကားခ်က္ထုတ္ကာ တရားဝင္ ပယ္ဖ်က္ၿပီးျဖစ္ေသာ္လည္း ျပည္သူအမ်ား စုမွာ ယခင္အတိုင္း ကန႔္သတ္ခ်ိန္တြင္ အျပင္ထြက္ သြားလာျခင္းကို ဆင္ျခင္ေနၾကဆဲျဖစ္ေၾကာင္း သိရ သည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ကိုကိုး ကြၽန္းၿမိဳ႕နယ္မွ လြဲ၍ က်န္ (၄၄) ၿမိဳ႕နယ္တြင္ နံနက္ (၁) နာရီမွ နံနက္ (၃) နာရီအတြင္း ညမထြက္ရ ထုတ္ျပန္ထားေသာ အမိန႔္ကို ဒီဇင္ဘာလ (၂၇) ရက္ က ႐ုပ္သိမ္းထားျခင္းျဖစ္သည္။ ယင္းသို႔ ႐ုပ္သိမ္း ျခင္းမွာ နယ္ေျမတည္ၿငိမ္ေအးခ်မ္းလာၿပီျဖစ္ေသာ ေၾကာင့္ စီးပြားေရး၊ လူမႈေရး၊ ဘာသာေရး၊ အမ်ား ျပည္သူသြားလာမႈလြယ္ကူေရးႏွင့္လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျဖစ္ေၾကာင္း သိရသည္။
NP News က ရန္ကုန္ၿမိဳ႕ ရွိ လူငယ္ႏွင့္ လူလတ္ပိုင္းအ႐ြယ္ရွိသူမ်ားကို စစ္ တမ္းတစ္ခုသဖြယ္ ညမထြက္ရအမိန႔္ ႐ုပ္သိမ္း ေၾကာင္းကို သိပါသလားဟုေမးျမန္းၾကည့္ရာ အခ်ိဳ႕ က သိေသာ္လည္း အခ်ိဳက လုံးဝမသိဘဲ အခ်ိဳ႕ကမူ မေျဖၾကားႏိုင္ေသာအေျခအေနရွိေၾကာင္း ေတြ႕ရ သည္။ “ညမထြက္ရအမိန႔္ရွိေသးလား၊ မရွိေတာ့ဘူး လား မသိဘူး” ဟု လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသား တစ္ဦးက ေျပာသည္။
ယင္းႏွင့္ ပတ္သက္၍ အခ်ိဳ႕မွာ ဥပေဒ ကို ႐ုပ္သိမ္းျခင္း၊ မ႐ုပ္သိမ္းျခင္းထက္ ညပိုင္းတြင္ အျပင္ထြက္ သြားလာျခင္းကို ဆင္ျခင္ေၾကာင္း ႏိုင္ငံ ေရး နယ္ပယ္မွ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။ “ကြၽန္ေတာ္လည္း အဲဒါက ေျဖ ရခက္တယ္ဗ်။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဆီ မွာက အဓိကညထြက္တယ္ ဆိုတာက သြားစရာလာ စရာရွိတဲ့လူေတြေလာက္ပဲ အခုက ညထြက္တာေလ။ ထြက္စရာအေၾကာင္းအရာက ဘာကိစၥမွမွ မရွိေတာ့ တဲ့ဟာ။ ညဘက္သြားရမယ့္အလုပ္ကိစၥလည္း မရွိဘူး။ လုပ္ကိုင္ေဆာင္႐ြက္ရမယ့္အေျခအေနလည္း ဘာမွ မရွိတဲ့အခါက်ေတာ့ ကိုယ့္အိမ္ပဲကိုယ္ေနၾကတာေပါ့ ဗ်ာ။ ဘာလို႔လဲဆိုေတာ့ ေတာက္ေလွ်ာက္ကလည္း ညမထြက္ရအမိန႔္ေတြက ထုတ္လာတဲ့အခါက်ေတာ့ ညထြက္တဲ့အလုပ္ကို ဘယ္သူမွ မလုပ္ၾကေတာ့ဘူး ေလ။ အဲဒီအေျခအေနအတိုင္းပဲ ဆက္လာတဲ့အခါ က်ေတာ့ ညထြက္ရမယ့္အေၾကာင္းအရာက ေပၚမွ ေပၚမလာေတာ့တာ” ဟု ၎ကဆိုသည္။
အျခား သတင္းရင္းျမစ္တစ္ဦးကမူ ညမ ထြက္ရအမိန႔္ကို ႐ုပ္သိမ္းၿပီးျဖစ္ေၾကာင္း သိေသာ္ လည္း လုံၿခဳံေရးအရ စိုးရိမ္၍အျပင္မထြက္ျခင္း ျဖစ္ သည္ဟု ေျပာသည္။ “ညမထြက္ရအမိန႔္မရွိ ေတာ့ တာသိတယ္။ ဒါေပမဲ့ မထြက္ျဖစ္ဘူး။ လုံၿခဳံေရးအေျခ အေနအရ စိုးရိမ္စိတ္ရွိေနေသးလို႔ပါ”ဟု တကၠသိုလ္ ေက်ာင္းသားတစ္ဦးက ေျပာသည္။ ယင္းသို႔ ညမ ထြက္ရအမိန႔္ ႐ုပ္သိမ္းေသာ္လည္း ယင္းကို အ ေၾကာင္းျပကာ ညပိုင္း အငွားယာဥ္မ်ားအေနျဖင့္ ေငြေၾကး မတန္တဆ ေတာင္းခံျခင္းမ်ိဳးလည္း ရွိေန သည္။
“ကြၽန္ေတာ္ တစ္ခါ ကားစီးတုန္းက ဆိုရင္ ည (၁၂) နာရီေလာက္ေပါ့။ ကြၽန္ေတာ္က ေျပာတယ္ ညမထြက္ရအမိန႔္ မရွိေတာ့ဘူး ဆိုေပမယ့္ ကားသမား က ျငင္းတာ။ အဲဒါနဲ႔ အင္တာနက္ကရွာၿပီး အ ေထာက္အထား ျပလိုက္ရတယ္။ အဲဒီအခါက်ေတာ့ လည္း ညလုံၿခဳံေရးအတြက္ ကားခကို ပိုေပးရမယ္ ဆိုၿပီး ေျပာျပန္ေရာ။ တကယ္လည္း အဲဒီအခ်ိန္မွာ တကၠစီက ရွားတယ္ေလ” ဟု အငွားယာဥ္ အသုံးျပဳ သြားလာေလ့ရွိသူ တစ္ဦးကဆိုသည္။
လက္ရွိ အေျခအေနအရ ခရီးသည္ႏွင့္ ယာဥ္ေမာင္းအၾကား အခ်င္းခ်င္း သတိထားေနရေသာ အေျခအေနျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕မွ အငွားကား ယာဥ္ေမာင္းတစ္ဦးက ဆိုသည္။ “ခရီးသည္ကလည္း ကိုယ့္ေၾကာက္ ကိုယ္ကလည္း သူ႔ကိုေၾကာက္ၿပီး ေတာ့ ညပိုင္းဆို သိပ္ၿပီးေဝးေဝးလံလံလည္း မလိုက္ ရဲဘူး။ Downtown (၆) ၿမိဳ႕နယ္ ၿမိဳ႕ထဲေလာက္ပဲေပါ့။ ကိုယ္သိတဲ့ေနရာေလာက္ပဲ အဲဒီလိုမ်ိဳး သြားၾကတယ္။ အခုေနာက္ပိုင္း ခရီးသည္ေတြက ဘယ္လိုျဖစ္လဲဆို kilo ေတြ အဓိကငွားတာေပါ့။ kilo taxi ေလးေတြ သူတို႔အတြက္ safety ျဖစ္တဲ့ဟာေလးေတြေပါ့။ လက္တားေတြေတာ့ မစီးေတာ့ဘူးေပါ့။ အခု kilo ေလးေတြရွိတယ္။ kilo ေလးေတြပဲ လူတိုင္းစီးၾက တယ္။ အဲဒီလိုမ်ိဳးေပါ့” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.