ရုပ်ရှင်ရုံအချို့တွင် နိုင်ငံတော်အလံ အလေးမပြုသူများ နှင့် နိုင်ငံတော်သီချင်းမဆိုကြသူများရှိကြသည့်အတွက် တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေ

 89

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၄

ရုပ်ရှင်ရုံအချို့တွင် နိုင်ငံတော်အလံ အလေးမပြုသူများနှင့် နိုင်ငံတော်သီချင်းမဆိုကြသူများရှိကြသည့်အတွက် တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဖေဖော်ဝါရီ ၄ ရက်) မွန်းလွဲပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ နှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံ့အရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်းနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်းတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းချစ်ပြည်ချစ်စိတ်တွင် နိုင်ငံသားနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်နှင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ် စိတ်ဟူ၍ ခွဲခြားနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ဖြစ်တည်မှု ပထဝီဝင်အနေအထားများ နှင့် အမျိုးသားရေးစရိုက်လက္ခဏာများ၊ နိုင်ငံတော်နှင့်သက် ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ်နိုးကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ဖော်ပြချက်များအရ အချို့ရုပ်ရှင်ရုံများ၌ နိုင်ငံတော်အလံကိုပင် အလေးမပြုကြသူများနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းမရှိကြသူများပင်ရှိကြသည်ဟု စိတ်မကောင်းဖြစ်ဖွယ်သိရှိရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့အပြုအမူများကိုကြည့်ခြင်းအားဖြင့် နိုင်ငံသားများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေသည်ကိုတွေ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို နိုင်ငံသားများအားလုံးအနေဖြင့် အလေးအနက်နှင့် အလေးအမြတ်ထားရန်လိုသကဲ့သို့ တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
႐ုပ္ရွင္႐ုံအခ်ိဳ႕တြင္ ႏိုင္ငံေတာ္အလံ အေလးမျပဳသူမ်ား ႏွင့္ ႏိုင္ငံေတာ္သီခ်င္းမဆိုၾကသူမ်ားရွိၾကသည့္အတြက္ တိုင္းခ်စ္ျပည္ခ်စ္စိတ္ အားနည္းေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၄
႐ုပ္ရွင္႐ုံအခ်ိဳ႕တြင္ ႏိုင္ငံေတာ္အလံ အေလးမျပဳသူမ်ားႏွင့္ ႏိုင္ငံေတာ္သီခ်င္းမဆိုၾကသူမ်ားရွိၾကသည့္အတြက္ တိုင္းခ်စ္ျပည္ခ်စ္စိတ္ အားနည္းေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ေဖေဖာ္ဝါရီ ၄ ရက္) မြန္းလြဲပိုင္းတြင္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ား ႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားအား Video Conferencing ျဖင့္ အမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံ့အေရးႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံ၏ ျဖတ္သန္းခဲ့သည့္သမိုင္းေၾကာင္းအရ ႏိုင္ငံသားအားလုံး တိုင္းခ်စ္ျပည္ခ်စ္စိတ္ရွိရန္လိုအပ္ေၾကာင္းႏွင့္ မိမိတို႔ႏိုင္ငံ၏ သမိုင္းေၾကာင္းအရ ႏိုင္ငံသူႏိုင္ငံသားမ်ားအေနျဖင့္ လူပုဂၢိဳလ္စြဲရွိၾကသည္ကိုလည္းေတြ႕ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ လူပုဂၢိဳလ္ကိုအစြဲျပဳ၍ တိုင္းခ်စ္ျပည္ခ်စ္စိတ္ရွိျခင္းထက္ ႏိုင္ငံအေပၚအစြဲျပဳ၍ ႏိုင္ငံသားတိုင္း မွန္မွန္ကန္ကန္ျဖင့္ တိုင္းခ်စ္ျပည္ခ်စ္စိတ္မ်ားရွိရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
တိုင္းခ်စ္ျပည္ခ်စ္စိတ္တြင္ ႏိုင္ငံသားႏွင့္ပတ္သက္သည့္ တိုင္းခ်စ္ျပည္ခ်စ္စိတ္ႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ပတ္သက္သည့္ တိုင္းခ်စ္ျပည္ခ်စ္ စိတ္ဟူ၍ ခြဲျခားႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံသားတိုင္းအေနျဖင့္ ႏိုင္ငံေတာ္၏ျဖစ္တည္မႈ ပထဝီဝင္အေနအထားမ်ား ႏွင့္ အမ်ိဳးသားေရးစ႐ိုက္လကၡဏာမ်ား၊ ႏိုင္ငံေတာ္ႏွင့္သက္ ဆိုင္သည့္ အမ်ိဳးသားေရးလကၡဏာမ်ား၊ အထိမ္းအမွတ္တံဆိပ္မ်ား၊ ႏိုင္ငံေတာ္အလံ၊ ႏိုင္ငံေတာ္သီခ်င္းတို႔အပါအဝင္ အထြတ္အျမတ္ထားရမည္မ်ားကို ေလးစားတန္ဖိုးထားခ်စ္ျမတ္ႏိုးၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားတြင္ ေဖာ္ျပခ်က္မ်ားအရ အခ်ိဳ႕႐ုပ္ရွင္႐ုံမ်ား၌ ႏိုင္ငံေတာ္အလံကိုပင္ အေလးမျပဳၾကသူမ်ားႏွင့္ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္းမရွိၾကသူမ်ားပင္ရွိၾကသည္ဟု စိတ္မေကာင္းျဖစ္ဖြယ္သိရွိရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုသို႔အျပဳအမူမ်ားကိုၾကည့္ျခင္းအားျဖင့္ ႏိုင္ငံသားမ်ားအေနျဖင့္ တိုင္းခ်စ္ျပည္ခ်စ္စိတ္ အားနည္းေနသည္ကိုေတြ႕ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္အလံႏွင့္ ႏိုင္ငံေတာ္သီခ်င္းကို ႏိုင္ငံသားမ်ားအားလုံးအေနျဖင့္ အေလးအနက္ႏွင့္ အေလးအျမတ္ထားရန္လိုသကဲ့သို႔ တိုင္းခ်စ္ျပည္ခ်စ္စိတ္မ်ားရွိရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

Related news

© 2021. All rights reserved.