ပရဟိတအသင်းအချို့ ကူညီကယ်ဆယ်ရေးထက် ထင်ပေါ်ကျော်ကြားလိုသည့်ဘက်သို့ ရောက်နေဟု YRO ဥက္ကဋ္ဌဆို

249

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၄
အချို့သော ပရဟိတအသင်းများသည် ကူညီကယ်ဆယ်ရေးထက် ထင်ပေါ်ကျော်ကြားလို သည့်ဘက်သို့ရောက်ရှိနေဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်) YRO မှ ဥက္ကဋ္ဌ ဦးထွန်းထွန်း ဦးက NP News သို့ပြောသည်။
လက်ရှိ ပရဟိတနယ်ပယ်တွင် အခြေခံ အားဖြင့် အများအကျိုးကို ရှေ့တန်းတင်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်လာသူများနှင့် ထင်ပေါ်ကျော်ကြားလိုသူများဖြစ်ကြောင်း ဦးထွန်း ထွန်းဦးက ဆိုသည်။
" ကျွန်တော်တို့ ပရဟိတလုပ်တဲ့နေရာမှာ အကြမ်းဖျင်း လူ(၃)မျိုးတွေ့ရတယ်။ ပထမတစ်ခုက တကယ့်ကို စေတနာရှေ့ထားပြီး အများအကျိုး အတွက်ကို ဘာမှမရချင်ဘူး။ ကုသိုလ်ဖြစ်ပေါ့နော်။ ကုသိုလ်မှလွဲပြီး ဘာမှမရချင်ဘူးဆိုပြီး လုပ်ကိုင် နေတဲ့လူတွေရယ်။ အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြောင့် လုပ်နေရတဲ့လူတွေလည်းရှိတယ်။ နောက်ဆုံးအချက်ကတော့ Cele ဖြစ်ချင်လို့ပေါ့နော်။ လုပ်ကြတာတွေလည်းရှိတယ်။ အဲဒီကမှ တစ်ခုထပ် တိုးရင်တော့ ပြည့်စုံတဲ့လူတန်းစားတွေအနေနဲ့ က တော့ လှူဒါန်းမယ်။ အကြမ်းဖျင်း အားဖြင့်ရှိတယ်ပေါ့ နော်"ဟု ဦးထွန်းထွန်းဦးက ပြောသည်။
အဆိုပါ လူတန်းစား(၃)မျိုးအတွင်း ထင် ပေါ်ကျော်ကြားလိုသူများသည် ကယ်ဆယ်ရေးလုပ် ငန်းခွင်အတွင်း အမှန်တကယ် ပင်ပင်ပန်းပန်း လုပ် ကိုင်ခြင်းမရှိဘဲ ဓာတ်ပုံအရိုက်ခံရန်အတွက်သာ ဟန်ပြဝင်ရောက် လုပ်ကိုင်ကြကြောင်းလည်း ၎င်းက ထောက်ပြပြောဆိုထားသည်။
" ရန်ကုန်က အထပ်မြင့်တိုက်တွေမှာ လူ နာထမ်းချတဲ့အခါမျိုးမှာ သူက ဓာတ်ပုံလိုက်ရိုက်တယ်။ သူရိုက်ချင်တဲ့အချိန်ကျမှ ဓာတ်ပုံရိုက်ပေး စမ်းဆိုပြီး (၂)ထစ်၊ (၃)ထစ်လောက် ဝင်ထမ်းပြပြီး ဆရာဝင် လုပ်တဲ့ Cele မျိုးတွေ ရှိတာပေါ့"ဟု ၎င်းကပြော သည်။
ထို့ပြင် အလှူငွေကောက်ခံခြင်းနှင့် ပြန် လည်လှူဒါန်းခြင်း လုပ်ငန်းစဉ်များတွင်လည်း ပွင့် လင်းမြင်သာမှု နည်းပါးခြင်း၊ အခက်အခဲဖြစ် နေသူ များ၏ အခြေအနေကို အသုံးချကာ " မျက်ရည်ချူ" ၍ မိမိတို့ထင်ပေါ်စေရန် လုပ်ဆောင်နေသည့် စိတ် ဓာတ်များကို တွေ့ရှိနေရကြောင်း ၎င်းက ဆိုသည်။
" တချို့ကြတော့လည်း ဥပမာအားဖြင့် အလုပ်အားဖြင့် လုပ်ပြီးကူခြင်းမှရှိပဲနဲ့ ကျွန်တော့်ဆီကို ငွေလှူတယ်။ ကျွန်တော်က အဲဒီငွေကို လက်ခံပြီး ငွေပြန်ပေးတယ်ပေါ့။ ဒါပေမဲ့ ဘယ်သူက လှူပါတယ်။ ဘယ်သူက လှူပြီးတော့ဘယ်လိုဖြစ်တယ်။ ဘယ်လို ဆိုတာမျိုးဖြေရှင်းတဲ့ဟာမျိုး ရှင်းပြတဲ့ဟာမျိုး နည်း တယ်လို့ ကျွန်တော်ထင်တယ်။ လှူတဲ့နေရာမှာ ဆိုပါစို့။ အခက်အခဲဖြစ်နေတဲ့လူတွေအများကြီးပဲ။ အခုအချိန်မှာပိုဆိုးတာပေါ့။ အဲဒီမှာ နည်းနည်း ဒီဟာ ကိုလှူလိုက်ခြင်းအားဖြင့် ထင်ပေါ်မလားဆိုတဲ့ ဟာ မျိုးလေးတွေကို မျက်ရည်ချူပြီးတော့ လှူ တဲ့ဟာမျိုးတွေလည်း ဖြစ်ချင်တဲ့စိတ်လေးတွေလည်း တွေ့ရတယ်ပေါ့။ ဒါမျိုးတွေပေါ့" ဟု ၎င်းကပြော သည်။

ပရဟိတအသင္းအခ်ိဳ႕ ကူညီကယ္ဆယ္ေရးထက္ ထင္ေပၚေက်ာ္ၾကားလိုသည့္ဘက္သို႔ ေရာက္ေနဟု YRO ဥကၠ႒ဆို
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၄
အခ်ိဳ႕ေသာ ပရဟိတအသင္းမ်ားသည္ ကူညီကယ္ဆယ္ေရးထက္ ထင္ေပၚေက်ာ္ၾကားလို သည့္ဘက္သို႔ေရာက္ရွိေနဟု လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္(ရန္ကုန္) YRO မွ ဥကၠ႒ ဦးထြန္းထြန္း ဦးက NP News သို႔ေျပာသည္။
လက္ရွိ ပရဟိတနယ္ပယ္တြင္ အေျခခံ အားျဖင့္ အမ်ားအက်ိဳးကို ေရွ႕တန္းတင္သူမ်ား၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္လာသူမ်ားႏွင့္ ထင္ေပၚေက်ာ္ၾကားလိုသူမ်ားျဖစ္ေၾကာင္း ဦးထြန္း ထြန္းဦးက ဆိုသည္။
" ကြၽန္ေတာ္တို႔ ပရဟိတလုပ္တဲ့ေနရာမွာ အၾကမ္းဖ်င္း လူ(၃)မ်ိဳးေတြ႕ရတယ္။ ပထမတစ္ခုက တကယ့္ကို ေစတနာေရွ႕ထားၿပီး အမ်ားအက်ိဳး အတြက္ကို ဘာမွမရခ်င္ဘူး။ ကုသိုလ္ျဖစ္ေပါ့ေနာ္။ ကုသိုလ္မွလြဲၿပီး ဘာမွမရခ်င္ဘူးဆိုၿပီး လုပ္ကိုင္ ေနတဲ့လူေတြရယ္။ အေၾကာင္းအမ်ိဳးမ်ိဳး အခက္အခဲ အမ်ိဳးမ်ိဳးေၾကာင့္ လုပ္ေနရတဲ့လူေတြလည္းရွိတယ္။ ေနာက္ဆုံးအခ်က္ကေတာ့ Cele ျဖစ္ခ်င္လို႔ေပါ့ေနာ္။ လုပ္ၾကတာေတြလည္းရွိတယ္။ အဲဒီကမွ တစ္ခုထပ္ တိုးရင္ေတာ့ ျပည့္စုံတဲ့လူတန္းစားေတြအေနနဲ႔ က ေတာ့ လႉဒါန္းမယ္။ အၾကမ္းဖ်င္း အားျဖင့္ရွိတယ္ေပါ့ ေနာ္"ဟု ဦးထြန္းထြန္းဦးက ေျပာသည္။
အဆိုပါ လူတန္းစား(၃)မ်ိဳးအတြင္း ထင္ ေပၚေက်ာ္ၾကားလိုသူမ်ားသည္ ကယ္ဆယ္ေရးလုပ္ ငန္းခြင္အတြင္း အမွန္တကယ္ ပင္ပင္ပန္းပန္း လုပ္ ကိုင္ျခင္းမရွိဘဲ ဓာတ္ပုံအ႐ိုက္ခံရန္အတြက္သာ ဟန္ျပဝင္ေရာက္ လုပ္ကိုင္ၾကေၾကာင္းလည္း ၎က ေထာက္ျပေျပာဆိုထားသည္။
" ရန္ကုန္က အထပ္ျမင့္တိုက္ေတြမွာ လူ နာထမ္းခ်တဲ့အခါမ်ိဳးမွာ သူက ဓာတ္ပုံလိုက္႐ိုက္တယ္။ သူ႐ိုက္ခ်င္တဲ့အခ်ိန္က်မွ ဓာတ္ပုံ႐ိုက္ေပး စမ္းဆိုၿပီး (၂)ထစ္၊ (၃)ထစ္ေလာက္ ဝင္ထမ္းျပၿပီး ဆရာဝင္ လုပ္တဲ့ Cele မ်ိဳးေတြ ရွိတာေပါ့"ဟု ၎ကေျပာ သည္။
ထို႔ျပင္ အလႉေငြေကာက္ခံျခင္းႏွင့္ ျပန္ လည္လႉဒါန္းျခင္း လုပ္ငန္းစဥ္မ်ားတြင္လည္း ပြင့္ လင္းျမင္သာမႈ နည္းပါးျခင္း၊ အခက္အခဲျဖစ္ ေနသူ မ်ား၏ အေျခအေနကို အသုံးခ်ကာ " မ်က္ရည္ခ်ဴ" ၍ မိမိတို႔ထင္ေပၚေစရန္ လုပ္ေဆာင္ေနသည့္ စိတ္ ဓာတ္မ်ားကို ေတြ႕ရွိေနရေၾကာင္း ၎က ဆိုသည္။
" တခ်ိဳ႕ၾကေတာ့လည္း ဥပမာအားျဖင့္ အလုပ္အားျဖင့္ လုပ္ၿပီးကူျခင္းမွရွိပဲနဲ႔ ကြၽန္ေတာ့္ဆီကို ေငြလႉတယ္။ ကြၽန္ေတာ္က အဲဒီေငြကို လက္ခံၿပီး ေငြျပန္ေပးတယ္ေပါ့။ ဒါေပမဲ့ ဘယ္သူက လႉပါတယ္။ ဘယ္သူက လႉၿပီးေတာ့ဘယ္လိုျဖစ္တယ္။ ဘယ္လို ဆိုတာမ်ိဳးေျဖရွင္းတဲ့ဟာမ်ိဳး ရွင္းျပတဲ့ဟာမ်ိဳး နည္း တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ လႉတဲ့ေနရာမွာ ဆိုပါစို႔။ အခက္အခဲျဖစ္ေနတဲ့လူေတြအမ်ားႀကီးပဲ။ အခုအခ်ိန္မွာပိုဆိုးတာေပါ့။ အဲဒီမွာ နည္းနည္း ဒီဟာ ကိုလႉလိုက္ျခင္းအားျဖင့္ ထင္ေပၚမလားဆိုတဲ့ ဟာ မ်ိဳးေလးေတြကို မ်က္ရည္ခ်ဴၿပီးေတာ့ လႉ တဲ့ဟာမ်ိဳးေတြလည္း ျဖစ္ခ်င္တဲ့စိတ္ေလးေတြလည္း ေတြ႕ရတယ္ေပါ့။ ဒါမ်ိဳးေတြေပါ့" ဟု ၎ကေျပာ သည္။